မင်းသမီးချော Lily Collins ရဲ့အင်စတာဂရမ်က ဓာတ်ပုံလေးတစ်ပုံကြောင့် ပရိသတ်တွေရင်တုန်ထိတ်လန့်ခဲ့ရ

နာမည်ကျော်မင်းသမီးချောလေး Lily Collins ရဲ့ April Fool က အမျိုးသားထုကြီးကို တုန်လှုပ်စေခဲ့တယ်လို့ပြောရင်မမှားလောက်ပါဘူး။

ငယ်ရွယ်ပြီးချောမောလှပတဲ့ Lily Collins ဟာ ၂၀၁၉ ရဲ့ April Fool Day မှာ ကိုယ်ဝန်ဆောင်ဓာတ်ပုံလေးကို အင်စတာဂရမ်မှာတင်ခဲ့ပြီး “Big News…”ဆိုတဲ့ Caption လေးတပ်ခဲ့တာပဲဖြစ်ပါတယ်။ဓာတ်ပုံလေးတစ်ပုံဆိုသော်ငြားလည်း လူငယ်ပရိသတ်တွေဆီက တကယ်လား။နောက်တာလားဆိုပြီးဝေခွဲမရဖြစ်ကြတဲ့ ကွန်းမန့်တွေက များပြားခဲ့တယ်လို့သိရပါတယ်။

ဒါပေမဲ့လည်း Love Rosie ကိုကြည့်ပြီးကြတဲ့ပရိသတ်တွေကတော့ ဒီပုံလေးက Love Rosie ဇာတ်ကားထဲမှာဝတ်ထားတဲ့ဝတ်စုံလေးမှန်းရိပ်မိကြလို့ April Fool ဆိုတာသိကြပါတယ်။အရူးလုပ်မခံပါဘူးပေါ့။တကယ်လည်း အဲ့ဒီဇာတ်ကားရိုက်တုန်းကပုံလေးကိုပြန်တင်ထားခဲ့တာပါ။

April Fool Day မှာတော့ တစ်ယောက်နဲ့တစ်ယောက်စနောက်ကြတာ ပုံမှန်လိုဖြစ်နေပါပြီ။အနုပညာရှင်တွေလည်းသူတို့ရဲ့ ပရိသတ်ကိုစချင်ရှာမှာပေါ့လေ။
အခုလက်ရှိမှာတော့ Lily Collins ဟာ Single အဖြစ်ရှိနေတယ်လို့သိရပြီး သိပ်မကြာခင်တုန်းကတော့ မင်းသား Noah Centineo နဲ့ ဒိတ်နေကြတယ်ဆိုတဲ့သတင်းတွေထွက်ရှိလာပါသေးတယ်။ဒါပေမဲ့ ဘယ်သူမှ အတည်ပြုပြောထားတာမျိုးမရှိလို့ ကောလဟာလလို့သာဆိုနိုင်ပါတယ်။

သူမရဲ့ ရုပ်ရှင်ဇာတ်ကားလေးတွေမျှော်နေကြတဲ့ပရိသတ်တွေအတွက်လည်း မကြာခင် Extremely Wicked, Shockingly Evil and Vile ၊ Tolkien စတဲ့ဇာတ်ကားတွေထွက်ရှိလာဖို့ရှိတယ်လို့သိရပါတယ်။ကဲ အခုတော့ Lily Collins ရဲ့ April Fool ဓာတ်ပုံလေးနဲ့အတူ သူမရဲ့ ပရိသတ်တစ်ချို့ပေးထားကြတဲ့ကွန်းမန့်လေးတွေကိုမြင်တွေ့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

 

15 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.