အချိန်မရွေး ပြုံးရယ်နေဖို့ မေ့နေပြီလား …

ရယ်မောခြင်းဟာ လာဘ်တစ်ပါးပါပဲ။ စိတ်ကြည်လင်လန်းဆန်းစေဖို့ လူတွေအတွက် ဘယ်
အရာက အလိုအပ်ဆုံးလဲ။ ရယ်မောခြင်းပါပဲ။ ရယ်လိုက်ရင် စိတ်ထဲမှာ တင်းကြပ်နေတာတွေ
ပျောက်သွားမယ်။ စိုးရိမ်ပူပန် ကြောင့်ကြ တွေဝေငေးငိုင်နေတာတွေ မရှိတော့ဘူး။

Image result for Laugh

လူတစ်ယောက်အတွက် စိတ်ဟာအရေးကြီးဆုံးပါ။ စိတ်ပျော်ရွှင် တက်ကြွနေရင် အရာရာပြီးမြောက်
သလို ဝမ်းနည်းသိမ်ငယ်နေရင် ဟိုးအောက်ဆုံးထိ ဆွဲချသွားနိုင်ပါတယ်။ ဒါကြောင့်
လူဆိုတာ စိတ်ချမ်းသာဖို့ လိုတယ်လို့ပြောတာပေါ့။

ရယ်မောခြင်းက စိတ်ချမ်းသာမှုကိုပေးစွမ်းနိုင်ပြီး တစ်နေ့တာ အစီစဉ်တွေကိုလည်း
ကောင်းကောင်းဆွဲနိုင်တယ်။ ဘာပဲဖြစ်ဖြစ် အကောင်းမြင်စိတ်လေး ထားတတ်လာတယ်။
နှလုံးအားကိုတိုးစေတဲ့အပြင် သွေးခုန်နှုန်းတွေ ပုံမှန်လည်ပတ်စေပြီး နှလုံးရောဂါဖောက်ခြင်းကို အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

Image result for Laugh

ကိုယ်ခံအားတွေ ကောင်းလာပြီး အလိုလိုတက်ကြွနေမယ် ။ တက်ကြွမြူးထူးတဲ့ပုံစံကြောင့်
လူတိုင်းကလည်း ချစ်လာမယ်။ ရောဂါဘယတွေ ကင်းရှင်းတဲ့ဘဝက ဘယ်လောက်ပျော်ဖို့
ကောင်းတယ်ဆိုတာ သိလာပါလိမ့်မယ်။ ဒါကြောင့် ပျော်ရွှင်စရာလေးတွေ တွေး ၊ ပြော ကြည့်ပြီး မိမိကိုယ်ကို စိတ်ချမ်းသာအောင် ထားကြပါစို့လား …

 

119 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.