ဗိုက်အဆီတွေကို သိသိသာသာလျှော့ချပေးနိုင်တဲ့ Detox Water လုပ်နည်းလေးတွေ…

ဗိုက်အဆီတွေလျှော့ချဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ စိတ်ကူးအိပ်မက်လို့တောင်ပြောလို့ရပါတယ်ဒါကြောင့်မို့လို့ Trend ပရိသတ်ကြီးအတွက်
နွေရာသီနဲ့လည်း သင့်တော်ပြီး ဗိုက်အဆီတွေကိုသိသိသာသာချပ်ရပ်သွားစေနိုင်တဲ့ Detox water လုပ်နည်းလေးတွေအကြောင်းမျှဝေပေးလိုက်ပါတယ်။
လွယ်ကူတဲ့နည်းလေးတွေဖြစ်လို့ တစ်နည်းမဟုတ်တစ်နည်းစမ်းသပ်ကြည့်သင့်တယ်နော်

ပထမဆုံး သံပုရာသီးနဲ့ပူစီနံ Detox Water

Detox Water ကို များသောအားဖြင့် ဒီပထမဆုံးနည်းလမ်းနဲ့လုပ်ကြတာများပါတယ်။လွယ်ကူတဲ့အပြင်ထိရောက်တာကြောင့်ဖြစ်ပါတယ်။ဘယ်လိုလုပ်ရမလဲ
ဆိုရင် ရေဖန်ဘူးအကြီးထဲမှာ သံပုရာသီးနှစ်လုံးလောက်ကို ပါးပါးလှီး၊ပူစီနံအရွက်လေးအနည်းငယ်ထည့်ပြီး တစ်နေကုန်အဲ့ဒီရေပဲ သောက်ပေးရမှာပါ။
တစ်ပတ်ကိုတစ်ခါလောက်တော့ ဒီလို ခန္ဓာကိုယ်သန့်ရှင်းစေတဲ့ Detox water လေးကိုသောက်ပေးသင့်ပါတယ်။

နောက်တစ်နည်းကတော့ သခွားသီး Detox Water

သခွားသီးနဲ့လည်း Detox water လုပ်ပေးနိုင်ပါတယ်။ဗီတာမင်ဘီ၊ပိုတက်ဆီယမ်နဲ့မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့သခွားသီးတစ်လုံးကို
ပါးပါးလှီးပြီး ရေဖန်ဘူးအကြီးထဲ ထည့်ပါ။ရေလည်းအပြည့်ထည့်ထားပါ။အဲ့ဒီရေကို သောက်ပေးမယ်ဆိုရင် အဆီတွေကျဆင်းစေသလို အစားများများစားချင်
စိတ်ကိုလည်းလျှော့ချပေးပါတယ်။

နောက်တစ်နည်းက ပန်းသီးနဲ့သစ်ကြံ့ပိုးခေါက်


သစ်ကြံ့ပိုးခေါက်ရဲ့ အရသာနဲ့ချွဲပစ်တာကို သောက်နိုင်မှ ဒီနည်းလေးက အဆင်ပြေပါလိမ့်မယ်။သစ်ကြံ့ပိုးခေါက်ဟာ ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကိုမြန်ဆန်စေပြီး
ပန်းသီးကတော့ အစာခံစေလို့ ဒီနှစ်ခုကိုရောနှောသောက်ပေးမယ်ဆိုရင် အဆီလည်းကျစေပြီး ခန္ဓာကိုယ်လည်းပေါ့ပါးလာပါလိမ့်မယ်။

နောက်တစ်နည်းကတော့ လိမ္မော်သီး

လိမ္မော်သီးက အခုဆို ဈေးမှာအမြဲတွေ့နေရပါပြီ။ဗီတာမင်စီကြွယ်ဝတဲ့ လိမ္မော်သီးကိုလည်း ရေဖန်ဘူးအပြည့်ထဲထည့်လို့ Detox water လုပ်ပေးနိုင်ပါတယ်။
လိမ္မော်သီး Detox water ဟာ အဆီတွေကို အားအင်အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။အရသာလည်းချိုမြိန်ပြီး ခန္ဓာကိုယ်အတွင်းအဆိပ်အတောက်ကင်းစေလို့
ဒီနည်းလေးက နွေရာသီနဲ့အသင့်တော်ဆုံးပါပဲ။ချွေးထွက်များလွန်းတဲ့ရာသီမှာ လိမ္မော်သီး Detox water လေးက ပေါ့ပါးသွက်လက်အောင်ကူညီပေးပါလိမ့်မယ်။

ကဲ ဒီနည်းလေးတွေက တစ်နည်းနည်းကို စမ်းကြည့်ဖို့ မမေ့နဲ့နော်။ဝိတ်ကျစေဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေမှာအမှန်ပါပဲ။

676 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.