ကိုယ့်ကိစ္စမဟုတ်ဘဲ ဝင်ပါချင်နေတဲ့စိတ်တွေများနေရင် …

လူတွေက သူများကိစ္စ ၊ အကြောင်းဆို စိတ်ဝင်စားကြတဲ့သူတွေချည်းပါပဲ။ ဒါပေမယ့် ကိုယ်နဲ့
မဆိုင်ပဲ ဝင်ပါမိတဲ့အခါ အထင်သေးစရာဖြစ်ပါတယ်။

Image result for curious people

ကိုယ်နဲ့မဆိုင်ရင် ဝင်မပါနဲ့ဆိုလို့ ဖာသိဖာသာနေရမယ်လို့လည်း မဆိုလိုပါဘူး။ အခြေအနေပေါ်
မူတည်တာပေါ့။ ကူညီသင့်တဲ့ကိစ္စ ကူညီပေးရမှာပေါ့။ ပြဿနာတစ်ခုဖြစ်ရင် ဝင်ဖြေဖျန်ပေး
မလား။ မီးလောင်ရာ လေပင့်မလား။အများစုကတော့ မီးလောင်ရာ လေပင့်ကြတာများတယ်။ အ
ဥပမာ လူတစ်ယောက်က သူ့အသိတစ်ယောက်အကြောင်း အတင်းလာပြောမယ်။
မကျေနပ်ချက်တွေလည်း ပါလိမ့်မယ်။

ဒီအခြေအနေဆို သူ့ပြောတဲ့စကားလိုပဲ အဲ့လူကို မင်းသတ်မှတ်မလား ။ ဒါမှမဟုတ် နားထောင်ရုံသက်သက် နားထောင်ပေးမှာလား။
ဘာအကြုံပြုချက်မှ မပေးပဲပေါ့။ တွေ့ရသလောက်တော့ သူများက အတင်းလာချရင်
ကိုယ်ပါရောပြီး အတင်းပြောလိုက်ကြတာများပါတယ်။ ဘာရယ် ၊ ညာရယ်တော့မဟုတ်ဘူး။ ရေလိုက် ငါးလိုက်ပေါ့။

Image result for talking with jealous people

အချို့ ကိစ္စတွေက ကိုယ်ဝင်ပါမှဖြစ်မယ်ဆို တတ်နိုင်သလောက် ကူညီဖြေရှင်းပေးလိုက်ပါ။
ကိုယ်နဲ့လုံးဝမသက်ဆိုင်တဲ့ကိစ္စကြီးကိုတော့ ဟိုလို လုပ်ပါလား ၊ ဒီလိုလုပ်ပါလား ဆိုပြီး
သွားပြီး အမိန့်မပေးပါနဲ့။ လူဆိုတာ သူများကို ဆရာကြီးလုပ်တဲ့နေရမှာတော့ တော်ကြတယ်
လေ။ အဖြစ်ပျက်တစ်ခုကို သေချာနားမလည်ပဲ ပြောမိရင် လူအထင်သေးစရာဖြစ်တယ်။
ဒါကြောင့် နေရာတကာဝင်ပါတတ်တဲ့ အကျင့်လေးကို ပြင်ပါ။

နေရင်းထိုင်ရင်း ကိုယ့်ထမင်းကိုယ်စားပြီး လူမုန်းမခံပါနဲ့။ လူမုန်းခံရလို့ ဘာမှကောင်းတာမရှိပါဘူး။

221 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.