ပရိသတ်တွေစိတ်ပူနေကြတဲ့ မင်းသား Jung Hae In ရဲ့ ကျန်းမာရေးအခြေအနေ

တောင်ကိုရီးယားမင်းသားချော Jung Hae In ရဲ့ အေဂျင်စီ FNC Entertainment ရဲ့အဆိုအရ မင်းသား Jung Hae In ဟာ သိပ်မကြာခင်ရက်ပိုင်းက အရေးပေါ်ဆေးကုသမှုခံယူခဲ့ရတယ်လို့သိရပါတယ်။သူ့ရဲ့ပရိသတ်တွေကလည်း အတော်လေးစိတ်ပူစိုးရိမ်နေကြပါတယ်။

Jung Hae In ဟာ မတ်လ ၃၀ရက်နေ့ သူ့ရဲ့မွေးနေ့ ပရိသတ်တွေ့ဆုံပွဲရက်တုန်းက နေမကောင်းဖြစ်နေခဲ့တာလို့သိရပြီး အဲ့ဒီပွဲအတိုင်ခင်ကလည်း
ဆေးကုသမှုခံယူခဲ့ရသေးတယ်လို့သိရပါတယ်။ဒါ့အပြင် ပွဲကျင်းပနေစဉ်အတွင်းမှာလည်း ဆေးကုသမှုထပ်ပြီးခံယူခဲ့ရပါတယ်။FNC ကတော့
မင်းသားရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး “Jung Hae In က ပရိသတ်တွေ့ဆုံပွဲနေ့မှာ အအေးမိတုပ်ကွေးလက္ခဏာတစ်ချို့ကြောင့် ဆေးကုသမှုခံယူခဲ့ရတာအမှန်ပါပဲ။ဒါပေမဲ့ အခုတော့ တဖြည်းဖြည်းပြန်ကောင်းလာပါပြီ။အခု သူ့ရဲ့ ဇာတ်လမ်းတွဲသစ်ရိုက်ကူးရင်း အလုပ်တွေများနေပါတယ်”လို့သူ့ရဲ့ ပရိသတ်တွေမစိုးရိမ်ရအောင် ပြောပြခဲ့ပါတယ်။

Jung Hae In ဟာ အခုလတ်တလောမှာ “Spring Night”ဆိုတဲ့ဇာတ်လမ်းတွဲကို ရိုက်ကူးနေပါတယ်။အဲ့ဒီဇာတ်လမ်းတွဲသစ်ဟာ မေလမှာစတင်ပြသမယ်လို့
လည်းသိရပါတယ်။

19 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.