လူငယ်တွေ အကြိုက်တွေ့မယ့် Samsung ရဲ့ Galaxy A Series အသစ်စမတ်ဖုန်းများ

Samsung Galaxy A Series ပြောလိုက်တာနဲ့ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ Mid-range ဖုန်းတွေ ဆိုတာ အားလုံး သိကြမှာပါ။ Galaxy A Series ဟာ ကောင်းမွန်တဲ့ အရည်အသွေး၊ စွမ်းဆောင်ရည်တို့ကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ထုတ်ပေးထားတဲ့ ဖုန်းတွေ ဖြစ်တာကြောင့် ပြည်တွင်းဈေးကွက် မှာသာမက ပြည်ပဈေးကွက်မှာလည်း လူကြိုက်များပါတယ်။
အခု ၂၀၁၉ ခုနှစ်အတွက်လည်း Samsung Galaxy A Series အသစ်တွေ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာပါပြီ။ Galaxy A30 နဲ့ Galaxy A50 မော်ဒယ်တွေပါ။


မိုဘိုင်းဖုန်းနည်းပညာကို ၁၀ နှစ်တိုင်တိုင် ဆန်းသစ်မှုအပြည့်နဲ့ ဦးဆောင်ခဲ့တဲ့ Samsung ဟာ ဖုန်းမော်ဒယ်သစ်တွေ ထုတ်လုပ်ရာမှာ မျိုးဆက်သစ်လူငယ်တွေအတွက် အမြဲ စဉ်းစား ခဲ့ပါတယ်။အခု Galaxy A Series ဟာလည်း မျိုးဆက်သစ်တွေရဲ အိပ်မက်ကို ဖြည့်ဆည်းပေးမယ့် ဖုန်းတွေလို့ ပြောလို့ရပါတယ်။ Generation Z တွေဆိုတာ သက္ကရာဇ် ၁၉၉၀ ပြည့်နှစ်နဲ့ ၂၀၀၀ ပြည့်နှစ်ကြား မွေးဖွားကြီးပြင်းခဲ့သူ မျိုးဆက်သစ်လူငယ်တွေ ဖြစ်ပါတယ်။ ဒီဂျစ်တယ်နည်းပညာခေတ်မှာကြီးပြင်းခဲ့ပြီး အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို ရင်းနှီးကျွမ်းဝင်မှု ရှိပြီးသား လူတွေ ဖြစ်ပါတယ်။ Generation Z တွေအကြားမှာ Facebook, Instagram, Twitter စတဲ့ လူမှုကွန်ယက်တွေ ရေပန်းစားပြီး၊ ဗီဒီယို၊ ဓာတ်ပုံ၊ မက်ဆေ့တွေ ပိုမိုမြန်ဆန်စွာ ပေးပို့နိုင်တဲ့ Snapchat တွေကိုလည်း အသုံးပြုသူတွေအများအပြားရှိနေပါတယ်။ အခုဆို ကိုယ်ပိုင် ဗီဒီယိုအတိုလေးတွေ ရိုက်ကူး ပုံဖော်နိုင်တဲ့ Tik Tok လည်း ခေတ်စားနေပါပြီ။ Generation Z တွေဟာ Contents တွေကို လက်ခံရယူဖို့အပြင်၊ ကိုယ်ပိုင်ဖန်တီးမျှဝေဖို့ အသင့်ရှိနေကြသူတွေဖြစ်ပါတယ်။

အခု Samsung Galaxy A Series အသစ်တွေဟာအင်တာနက်ကို အချိန်ပြည့်သုံးကြတဲ့ Generation Z တွေအတွက် အကောင်းဆုံးအတွေ့အကြုံတွေ ပေးစွမ်းဖို့ ထုတ်လုပ်ထားတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ ဒီအတွက် Galaxy A Seriesကို ၂၄ နာရီအင်တာနက် အမြဲချိတ်ဆက် အသုံးပြုနိုင်စေမယ့်4,000mAh ဘက်ထရီ၊ အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ကိုယ်တိုင် ဖန်တီးရိုက်ကူးနိုင်တဲ့ ကင်မရာဖျော်ဖြေရေးတွေကို ပိုမို နစ်မျောခံစားနိုင်မယ့် မျက်နှာပြင်အပြည့် Super AMOLED Display တွေနဲ့ ထုတ်လုပ်ထားပါတယ်။ နည်းပညာအသစ်အဆန်းကိုနှစ်သက်သူတွေအတွက်လည်း မျက်နှာပြင်အောက် လက်ဗွေရာစနစ် (In-Display Fingerprint Reader) ၊ 15W အားအမြန်သွင်းစနစ်တွေလည်း ပါဝင်လာပါသေးတယ်။ Galaxy A Series မှာ 15W အားအမြန်သွင်းစနစ်ပါတဲ့ ပထမဆုံးဖုန်းတွေလည်း ဖြစ်ပါတယ်။

 

ဖုန်းစွမ်းဆောင်ရည်အတွက် Samsung ရဲ့ ကိုယ်ပိုင် octa-core Exynos Chipsets တွေကို အသုံးပြုပေးထားပြီး၊ 4GB RAM နဲ့ 6GB RAM ဗားရှင်းနှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ App အများအပြားကို Background မှာ တပြိုင်တည်း ဖွင့်သုံးနိုင်သလို၊ လက်ရှိ ထွက်ထားသမျှ မိုဘိုင်းဂိမ်းတွေကိုလည်း ချောမွေ့မြန်ဆန်စွာနဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒေတာတွေကို အလုံအလောက် သိမ်းဆည်းထားနိုင်ဖို့အတွက် Storage ကိုလည်း အနိမ့်ဆုံး 64GB အထိ ထည့်ပေးထားပါတယ်။ မလောက်သေးလို့ ထပ်စိုက်ချင်ရင်လည်း microSD ကတ်ကနေ512GB အထိ ထပ်စိုက်နိုင်မှာပါ။

 

ဖုန်းကင်မရာနဲ့တင် အရည်အသွေး ကောင်းမွန်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ ဖန်တီးရိုက်ကူးဖို့အတွက် အဆင့်မြင့် မိုဘိုင်းဖုန်းကင်မရာနည်းပညာကို A Series ဖုန်းမော်ဒယ်နှစ်ခုလုံးဆီ ယူဆောင်လာပါတယ်။ လူမှုကွန်ရက်တွေမှာ လှပ အသက်ဝင်တဲ့ Selfies တွေ ပုံရိပ်တွေကို အကောင်းဆုံး ရိုက်ကူးဖန်တီးနိုင်မှာပါ။ A50 မှာ ကျောကင်မရာသုံးလုံးတွဲစနစ်နဲ့ Galaxy A30 မှာ ကျောကင်မရာနှစ်လုံးတွဲကို ထည့်သွင်းပေးထားပါတယ်။ လူ့မျက်စိနဲ့ မြင်ရတဲ့အတိုင်း ပုံရိပ်တွေကို မှန်ကန်တိကျ၊ ပြတ်သားစွာ ရိုက်ကူးနိုင်မှာပါ။ မြင်ကွင်းကျယ်ရိုက်နိုင်တဲ့ Ultrawide Lens တွေ ပါဝင်တဲ့အတွက် ကိုယ်ပါစေချင်တဲ့အရာမှန်သမျှကို မလွတ်တမ်း ရိုက်ကူးနိုင်မှာပါ။

ဖျော်ဖြေရေးအတွက် အဓိက ထားသုံးတဲ့ စမတ်ဖုန်းတွေမှာ Display ကလည်း အရေးကြီးပါတယ်။ ဖုန်းစခရင်က ပုံရိပ်အားလုံးကို အရောင်အသွေး အမှန်ကန်ဆုံးနဲ့ အစိုပြေဆုံး မြင်ရဖို့အတွက် A30 နဲ့ A50 ဖုန်းနှစ်မျိုးလုံးမှာ Super AMOLED Display တွေ အသုံးပြုပေးထားပါတယ်။ Samsung ရဲ Flagship မော်ဒယ်တွေမှာ သုံးပေးထားတဲ့ Display နည်းပညာပါပဲ. လက်ရှိ အကောင်းဆုံး မိုဘိုင်း Display အဖြစ် သတ်မှတ်ခံထားရတဲ့ Super AMOLED Display ကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရရှိနိုင်မယ့်အချက်ကတင် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Display ကိုအလွယ်တကူ ထိခိုက်ပွန်းပဲ့မှု မဖြစ်အောင်အတွက်လည်း Gorilla Glass 3 အကြမ်းခံမှန်သား အုပ်ပေးထားပါသေးတယ်။

 

Display ဒီဇိုင်းကိုလည်း လက်ရှိခေတ်ရေစီးကြောင်းနဲ့အညီ မြင်ကွင်းပြည့်အရသာ ပေးစွမ်းဖို့အတွက် Infinity-U ဒီဇိုင်းကို အသုံးပြုထားပါတယ်။ Infinity-U ဆိုတာက ရေစက်ပုံစံ Notch ဒီဇိုင်းကို Samsung ရဲ့ အခေါ်အဝေါ်ပါ။ ဖုန်းကိုယ်ထည်မှာ Selfie ကင်မရာအတွက် Notch လေးပဲ ပါပြီး၊ ကျန်တဲ့ နေရာအားလုံးက စခရင်အပြည့်ဖစ်ပါတယ်။ YouTube ကြည့်၊ ဂိမ်းဆော့၊ ရုပ်ရှင်ဗီဒီယိုကြည့်ရာမှာ ကိုယ်တိုင် ရောက်ရှိနေတဲ့အလား စီးမျောခံစားနိုင်မှာပါ။  

 

ဖုန်းတစ်လုံးရဲ့ အဓိက လုံခြုံရေးစနစ်ဖြစ်တဲ့  လက်ဗွေရာစနစ်မှာလည်း နောက်ဆုံးပေါ် မျက်နှာပြင်အောက် လက်ဗွေရာစနစ် (In-Display Fingerprint Reader) ကို အသုံးပြုထားပါတယ်။ ခေတ်မီဆန်းသစ်မှုကို လိုလားတဲ့ Gen Z တွေ အကြိုက်တွေ့မှာပါ။ In-Display Fingerprint Reader က Galaxy A50 မှာပဲ ပါဝင်ပြီး၊ Galaxy A30 မှာတော့ ကျောဘက်လက်ဗွေရာ sensor နဲ့ ဖြစ်ပါတယ်။

 

Samsung Galaxy A30 နဲ့ A50 ကို အနက်၊ အဖြူ၊ အပြာ အရောင်သုံးမျိုး ဝယ်ယူရရှိနိုင်မှာပါ။ ဈေးနှုန်းတွေကတော့ Galaxy A30 4GB/64GB ကို ၃၄၅,၀၀၀ ကျပ်နဲ့ Galaxy A50 4GB/64GB ကို ၄၃၉,၀၀၀ ကျပ်ပါ။ Galaxy A50 6GB/128GB ဆိုရင်တော့ ၅၁၉,၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ ဒီဇိုင်းလှပပြီး၊ နည်းပညာမြင့် ဖုန်းတလုံး လိုချင်နေတဲ့ လူငယ်တွေ အကြိုက်တွေ့မယ့် ဖုန်းမော်ဒယ်တွေ ဖြစ်ပါတယ်။ ဈေးနှုန်းကလည်း သင့်တင့်တော့ အားလုံး လက်လှမ်းမီမှာပါ။ လိုချင်သူတွေ Pre-Order တင်ထားနိုင်ပြီ ဖြစ်ပါတယ်။

624 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.