နာမည်ကြီး မင်းသား (၄)ယောက်ကို တစ်ကားထဲမှာ မြင်တွေ့ရတော့မယ့် ” 1917 ”

ပထမ ကမ္ဘာစစ်ကိုအခြေခံရိုက်ကူးသွားမယ့် ” 1917 ” ဇာတ်ကားမှာ
နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Colin Firth , Benedict Cumberbatch ,Mark Strong နဲ့ Richard Madden တို့ပါဝင်သွားမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာ Sam Mendes နဲ့ ဇာတ်ညွှန်း Krysty Wilson-Cairns တို့
ဖန်တီးရိုက်ကူးသွားမှာဖြစ်ပါတယ်။ George MacKay နဲ့ Dean-Charles Chapman တို့က အင်္ဂလိပ်စစ်သားနေရာမှာ
သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခြား သရုပ်ဆောင်တွေကတော့
Andrew Scott, Daniel Mays, Adrian Scarborough, Jamie Parkr, Nabhaan Rizwan နဲ့ Claire Duburcq တို့ပဲဖြစ်ပါတယ်။

Image result for Colin Firth , Benedict Cumberbatch

အင်္ဂလန်နဲ့ စကော့တလန်မှာ ရိုက်ကူးသွားမှာပါ။ ဇာတ်ကား plot ကတော့ မထွက်သေးပါဘူး။
နာမည်ကြီး မင်းသားတွေကို တွေ့မြင်ရတော့မှာဆိုတော့ ဒီဇာတ်ကားအတွက် ပရိတ်သတ်တွေလည်း ရင်ခုန်နေကြပါပြီ။

23 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.