လမ်းခွဲပြီးတာတောင် သူ့ဘက်က မပြတ်နိုင်သေးဘူးဆိုတာသိနိုင်တဲ့အချက်တွေ…

ချစ်သူနှစ်ယောက်လမ်းခွဲတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်လုံးဝအဆင်မပြေကြလို့လည်းဖြစ်နိုင်ကြသလို ချစ်ရက်နဲ့လမ်းခွဲကြရတာမျိုးတွေလည်း
ရှိကြပါတယ်။တစ်ယောက်ကချစ်ပေမဲ့ နောက်တစ်ယောက်ကထွက်သွားချင်တဲ့အခါမျိုးမှာလည်း လမ်းခွဲရတာပါပဲ။ကဲပါ ဘယ်လိုအကြောင်းမျိုးနဲ့ လမ်းခွဲ
လမ်းခွဲ ကိုယ်နဲ့လမ်းခွဲပြီးနောက်ပိုင်း သူဟာ ကိုယ့်အပေါ် မပြတ်နိုင်သေးဘူး။ကိုယ့်အပေါ်သံယောဇဉ်တွေရှိနေတုန်းပဲဆိုတာ သိနိုင်မယ့်အချက်လေးတွေကို
ဆန်းစစ်ကြည့်တဲ့အခါမှာ ယေဘူယျအားဖြင့် အခုလိုပဲ တွေ့လာခဲ့ရပါတယ်။

*မူးတဲ့အခါ ဖုန်းခေါ်တယ်
လူတွေကမူးလာရင် များသောအားဖြင့်ခံစားချက်အစစ်အမှန်တွေထွက်လာပါတယ်။မူးနေတဲ့အချိန်ဆို ကိုယ်ချစ်တဲ့သူကိုသတိရတတ်တယ်။
ချစ်တဲ့သူနဲ့စကားပြောချင်တယ်။ပုံမှန်အသိစိတ်နဲ့ဆို ဖုန်းခေါ်ဖြစ်ဖို့မသေချာပေမဲ့ အရက်မူးနေတဲ့အချိန်မျိုးမှာတော့စိတ်ကိုမထိန်းနိုင်ပဲ ဖုန်းတွေခေါ်၊
စာတွေပို့လုပ်တတ်ပါတယ်။

*ပြတ်သွားတာကြာပေမဲ့ ဘယ်သူနဲ့မှ ထပ်မတွဲသေးဘူး
လမ်းခွဲလိုက်တာလည်းကြာပြီ။အဆက်အသွယ်မရှိတာလည်းကြာပြီ။ဒါပေမဲ့ နောက်ထပ်တစ်ယောက်နဲ့တွဲတာလည်းမတွေ့ဘူးဆိုရင် ဒါက သင့်အပေါ်
ခံစားချက်တွေကျန်ရှိနေသေးတာဖြစ်နိုင်သလို သူ့အနေနဲ့ တစ်ခြားဦးစားပေးအရာတွေရှိနေသေးတာကြောင့်ဖြစ်နိုင်ပါတယ်။ဘာအကြောင်းမှမရှိပဲ
နောက်တစ်ယောက်မထားသေးတာဆိုရင်တော့ သင့်နေရာမှာ တစ်ခြားတစ်ယောက်ကို အစားမထိုးနိုင်သေးတာဖြစ်ပါလိမ့်မယ်။

*သင် သူ့အပေါ်သ၀န်တိုလာစေချင်တယ်
တကယ်လို့များသင်တို့နှစ်ယောက်လမ်းခွဲပြီး မကြာခင်မှာ သူဟာကောင်မလေးအသစ်တစ်ယောက်နဲ့တွဲပြီး သင့်အနီးပတ်ဝန်းကျင်မှာ
တ၀ဲလည်လည်လုပ်နေတတ်သလား? သင်နဲ့မဆုံဆုံအောင် လုပ်နေတတ်သလား?တစ်ခါ နှစ်ခါမက သုံးလေးခါဖြစ်နေပြီဆိုရင်တော့ ဒါက သူဟာ
သင့်သူ့အပေါ် သ၀န်တိုစေချင်လို့လုပ်နေတယ်ဆိုတာ သေချာသလောက်ပါပဲ။ဒါပေမဲ့ သင့်ဘက်က ဘာတုံ့ပြန်မှုမှမရှိရင် သူအဲ့ဒီဇာတ်လမ်းကိုရပ်လိုက်ပါ
လိမ့်မယ်။သူသာ သင့်ဆီပြန်လာဖို့ဆန္ဒရှိရင် သင်နဲ့တိုက်ရိုက်စကားပြောဖို့ကြိုးစားလာပါလိမ့်မယ်။

*သင် တခြားယောကျာ်းလေးနဲ့စကားပြောနေတာတွေ့ရင် သ၀န်တိုတယ်
ပြတ်သွားပေမဲ့လည်း ချစ်နေတုန်းပဲဆိုရင် သူသင့်ကိုသ၀န်တိုနေဦးမှာပါပဲ။သင့်ကို တစ်ခြားယောက်ျားလေးတွေနဲ့ရယ်မောပျော်ရွှင်နေတာတွေ့တဲ့အခါ
သူ့စိတ်တွေယောက်ယက်ခတ်လာပါလိမ့်မယ်။ပြီးရင် သင့်ကို ဟိုလူနဲ့စကားမပြောနဲ့၊ဒီလူနဲ့ပြောတာမကြိုက်ဘူးလို့တောင် လာပြောနိုင်ပါသေးတယ်။

*တစ်ခြားလူတစ်ယောက်လိုပြောင်းလဲသွားတယ်
ဥပမာ သင်က သူအရမ်းဆိုးလို့ လမ်းခွဲလိုက်ကြတယ်ပဲထား။သူသာ သင့်ကိုချစ်နေတုန်းပဲ သင့်ကိုပြန်လိုချင်တုန်းပဲဆိုရင် သူ့ရဲ့မကောင်းတဲ့အကျင့်တွေကိုဖျောက်ပြီးသင့်အနားပြန်ကပ်လာပါလိမ့်မယ်။ပထမတော့ သူငယ်ချင်းလိုပဲနေပါရစေပေါ့။ပြီးရင်တော့ သင့်ကိုပြန်ပြီးချစ်ရေးဆိုလာနိုင်ပါတယ်။အဲ့ဒီအခါကျရင်သာ
သင့်အနေနဲ့ သေချာစဉ်းစားဖို့လိုပါတယ်။

ဒီအချက်တွေကို သင့်ချစ်သူရည်းစားဟောင်းကလုပ်နေတယ်။ဒါပေမဲ့ သင့်ဘက်ကတော့ သူ့အပေါ်သံယောဇဉ်လက်ကျန်မရှိတော့ဘူးဆိုရင် မျှော်လင့်ချက်ပေးမထားပဲ သူမူးပြီးဖုန်းခေါ်တာနဲ့ချပစ်တာမျိုး၊သူ့ကိုလျစ်လျူရှုလိုက်တာမျိုး ပြတ်ပြတ်သားသားလုပ်သင့်ပါတယ်။သင့်ဘက်ကလည်းသူ့ကိုချစ်နေသေးရင်တော့တစ်မျိုးပေါ့လေ။

Ref:herway.net

133 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.