၉ နှစ်ကြာလက်တွဲခဲ့တဲ့ အေဂျင်စီနဲ့ လက်တွဲဖြုတ်ခဲ့ပြီဖြစ်တဲ့ မင်းသမီး Suzy

နာမည်ကျော်တောင်ကိုရီးယားမင်းသမီးချော Suzy ဟာ သူမ ၉နှစ်တာနီးပါးလက်တွဲခဲ့တဲ့ JYP Entertainment နဲ့ လက်တွဲဖြုတ်ခဲ့ပြီဖြစ်တယ်လို့
သိရပါတယ်။

မတ်လ ၂၆ရက်နေ့က JYP အေဂျင်စီက
“ဟယ်လို JYP Entertainment ကပါ
ကျွန်တော်တို့ Suzy နဲ့စာချုပ်ချုပ်ထားတာ မတ်လ ၃၁ရက်နေ့ဆို ပြည့်သွားပါပြီ။ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ကျွန်တော်တို့ဆွေးနွေးမှုတစ်ချို့
လုပ်ပြီးတဲ့နောက် စာချုပ်အသစ်ပြန်မချုပ်တော့ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။Suzy ဟာ ၂၀၁၀ တည်းက miss A အဖွဲ့ဝင်အဖြစ် JYP အတွက်
အကောင်းဆုံးကြိုးစားပေးခဲ့ပါတယ်။၂၀၁၇ မှာလည်း ကျွန်တော်တို့စာချုပ်အသစ်ထပ်ချုပ်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ပိုပြီးခိုင်မြဲအောင်
တည်ဆောက်ခဲ့ပါတယ်။လွန်ခဲ့တဲ့ ၂၀၁၀ ကနေ အခုချိန်ထိ ကျွန်တော်တို့ JYP အတွက် ကြိုးစားပေးခဲ့တဲ့ Suzy ကို စိတ်ထဲကနေလှိုက်လှိုက်လှဲလှဲ
ကျေးဇူးတင်ပါတယ်။ပြီးတော့ သူမကို အောင်မြင်အောင်ပံ့ပိုးပေးတဲ့၊ချစ်ပေးတဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။အခု ကွှန်တော်တို့ရဲ့ ဆက်ဆံရေးက ရပ်တန့်သွားတယ်ဆိုပေမဲ့လည်း Suzy ကို ကျွန်တော်တို့ ဆက်ပြီးအားပေးနေဦးမှာပါ။
ကျေးဇူးတင်ပါတယ်”ဆိုပြီးပြောခဲ့ပါတယ်။

JYP အေဂျင်စီနဲ့ လက်တွဲဖြုတ်လိုက်ပြီဖြစ်တဲ့ Suzy ဟာ အခုလက်ရှိမှာတော့ Management SOOP အေဂျင်စီနဲ့ဆွေးနွေးညှိနှိုင်းနေပါတယ်။ပြီးတော့
ဧပြီမှာ သူတို့နဲ့စာချုပ်ချုပ်ဖို့ရှိတယ်လို့လည်းသိရပါတယ်။Management SOOP ဟာ Gong Yoo ၊ Jung Yoo Mi ၊ Seo Hyun Jin ၊ Kim Jae Wook ၊ Gong Hyo Jin စတဲ့နာမည်ကျော်တွေကိုမွေးထုတ်ပေးနေတဲ့အေဂျင်စီလည်းဖြစ်ပါတယ်။

လတ်တလောကာလမှာတော့ Suzy ဟာ မင်းသား Lee Seung Gi  နဲ့ Vagabond ဇာတ်လမ်းတွဲလေးကို ရိုက်ကူးနေတာဖြစ်ပါတယ်။ထွက်လာရင် အားပေးဖို့ မမေ့နဲ့ဦးနော် ပရိသတ်ကြီး!

26 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.