Billboard အပတ်စဉ်ဇယားမှာ ထိပ်ရောက်နေခဲ့တဲ့ ‘21’ (Adeleရဲ့ အယ်လ်ဘမ်) ဟာ ဆက်လက်ပြီး စံချိန်ချိုးနေပါတယ်။
Adeleရဲ့ ‘21’ အယ်လ်ဘမ်ကို ၂၀၁၁ခုနှစ်မှာ စထုတ်ခဲ့တဲ့တာဖြစ်ပါတယ်။ စတင်ဖြန့်ချိခဲ့ပြီး ၃နှစ်လောက်အကြာ အရောက်မှာတော့ သမိုင်းတလျှောက် ဒီဂျစ်တယ်ကော်ပီ ၃သန်းကျော် ရောင်းရတဲ့ ပထမဆုံး ဒီဂျစ်တယ် အယ်လ်ဘမ် ဖြစ်ခဲ့ပါတယ်။ ဒီအချက်ကို Nielsen SoundScan စာရင်းနဲ့တကွ တာဝန်ရှိသူတစ်ဦးက အတည်ပြုပေးခဲ့ပါတယ်။ ‘Someone Like You’ နဲ့ ‘Rolling in the Deep’ တို့လို single တွေဟာလည်း တော်တော်ပေါက်ခဲ့ပါတယ်။
Adeleရဲ့ ‘21’အယ်လ်ဘမ်ဟာ ၂နှစ်အတွင်းမှာ ကော်ပီပေါင်း (၁၀)သန်းကျော်ရောင်းထွက်ခဲ့ပြီး အမေရိကန် တေးထုတ်လုပ်ရေးလုပ်ငန်း အဖွဲ့အစည်း (RIAA) ကပေးအပ်ခဲ့တဲ့ “Diamond certification”ကို Adeleက ရရှိကာ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါတယ်။
Ref:theboombox,rollingstone,Wikipedia
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။