လူတစ်ယောက်ရဲ့ မျက်နှာသွင်ပြင် ပြောင်းလဲသွားစေတဲ့ရာတွေထဲမှာ ဆံပင်ပုံစံက အဓိကနေရာကနေ ပါဝင်နေပါတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ရွေးချယ်နိုင်မှသာ အားလုံးရဲ့အမြင်မှာ ကြည့်ကောင်းပြီး အဆင်ပြေပြေ ဖြစ်နေမှာပါ။ နောက်ဆုံးခေတ်စားနေတဲ့ ဆံပင်ပုံစံအသစ်ဖြစ်ပေမယ့် ကိုယ့်မျက်နှာအနေအထားနဲ့ လိုက်ဖက်မှု မရှိဘူးဆိုရင် ဆံပင်ပုံစံအသစ်ဖြစ်ပေမယ့် အလကားပါပဲ။ ဒါ့ကြောင့် ဆံပင်ရှည်ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေအတွက်ရော၊ ဆံပင်တိုတိုလေးနဲ့ ပျိုမေတွေအတွက်ပါ ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံ ရွေးချယ်နိုင်အောင် ၂၀၁၄ခုနှစ်အတွင်း ဘယ်လိုဆံပင်ပုံစံအမိုက်စားလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
၁။ဘယ်တော့မှ ရိုးမသွားတဲ့ bob ဆံပင်ပုံစံ
Reese Witherspoon ညှပ်ထားတဲ့ bob ကေဟာ ဟိုးအရင်ကတည်း ခေတ်စားခဲ့တဲ့ ဆံပင်ပုံစံပါ။ ခေတ်အဆက်ဆက်လည်း ဒီဆံပင်ပုံစံဟာ လူကြိုက်များခဲ့တဲ့ ဆံပင်ပုံစံဖြစ်ခဲ့သလို ၂၀၁၄ခုနှစ်အတွက် အမိုက်စား ဆံပင်ပုံစံတွေထဲမှာလည်း တစ်ခုအပါအ၀င် ဖြစ်မြဲပါ။
၂။ငယ်ရွယ်သူတွေအတွက် bob ဆံပင်အတို
ကိုယ်က ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်အရှည်မထားချင်တဲ့ ပျိုမေတစ်ယောက်ဆိုရင်တော့ ဒီဆံပင်ကေနဲ့ ကွက်တိပါပဲ။ သွက်လက်ပြီး ရဲရင့်တဲ့ ပုံစံပေးစွမ်းနိုင်မယ့် ဆံပင်ပုံစံမျိုးပေါ့။
၃။အထူးပြင်ဆင်စရာမလိုတဲ့ အလွှာအထပ် ဆံပင်ပုံစံ
ကိုယ်က ဆံပင်ပုံသွင်းရတာတွေ မကြိုက်ဘူး။ ဆံပင်ကြောင့် အလုပ်ရှုပ်မခံချင်ဘူးဆိုရင်တော့ ဒီဆံပင်ပုံစံကို ညှပ်စေချင်ပါတယ်။
၎။အားလုံး ငေးသွားရမယ့် ဘေးတစ်ခြမ်းပါး ဆံပင်အတို
ကိုယ်က ဆံပင်တစ်ခြမ်းလုံးကို shave လုပ်လိုက်ရမှာလည်း မကြိုက်ဘူး။ အဲ့ဒီလိုပုံစံမျိုးကိုလည်း လိုချင်တဲ့သူဆိုရင်တော့ Coco Rocha ညှပ်ထားသလို ဆံပင်တိုကို ဘေးပါးတဲ့ပုံစံမျိုး ညှပ်ကြည့်လိုက်ပေါ့။ အရောင်ဆိုးထားရင် ပိုတောင်ဂေါ်သေး။
၅။အပြင်သွားခါနီးတိုင်း ပုံသွင်းပေးရမယ့် လှိုင်းတွန့်အကောက်ဆံပင်ပုံစံ
မိန်းကလေး ဆန်ဆန်နေတတ်တဲ့ ပျိုမေတွေ၊ အပြင်သွားခါနီးတိုင်း ပြင်ဆင်ခြယ်သရတာ နှစ်သက်တဲ့ ပျိုမေတွေအတွက် ဒီလို လှိုင်းတွန့်ဆံပင်ပုံစံနဲ့ ကွက်တိပါပဲ။ မြင်သူတိုင်း ငေးသွားရမယ့် ဆံပင်ပုံစံမျိုး ဖြစ်သလို ပုံသွင်းပေးရတာ တစ်ခုပဲ နည်းနည်း အလုပ်ရှုပ်မှာပါ။
၆။ချစ်စရာသွင်ပြင်မျိုး ရရှိစေနိုင်တဲ့ အနားတွန့် ဆံပင်ပုံစံ
ပခုံးလောက်၊ ဒါမှမဟုတ် ပခုံးကျော်ကျော်လောက် ဆံပင်ရှည်ရှိတဲ့ မိန်းကလေးတွေအတွက် အနားတွန့်ဆံပင်ပုံစံလေးက ကိုယ့်ကို ချစ်စရာသွင်ပြင်မျိုး ရရှိစေဖို့ ကူညီပေးနိုင်မှာပါ။
၇။တကျော့ပြန် ခေတ်စားလာတဲ့ အလည်ခွဲဆံပင်ပုံစံ
ဒီဆံပင်ပုံစံနဲ့ လိုက်ဖက်တဲ့သူ နည်းပေမယ့် တော်တော်လေး အထာကျတဲ့ ဆံပင်ပုံစံပါပဲ။ ဆံပင်အရှည်ကို အလယ်ခွဲပြီး အရောင်တစ်ခုခု ဆိုးလိုက်မယ်ဆိုရင် အမိုက်စား ဆံပင်ပုံစံဖြစ်နေမှာ အသေအချာပါပဲ။
Ref:luckymag.com