WBO ကမ္ဘာ့လက်ဝှေ့ ချန်ပီယံခါးပတ်ကို မတ်လ ၁ ရက်နေ့ မှာ ကာကွယ်ရမယ့် ရစ်ကီဘန်းစ်

box.jpg

WBO  ၅၇ -၆၀ ကီလိုတန်း Lightweight ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ရစ်ကီဘန်းစ်ဟာ စက်တင်ဘာလက ရေးမူနို ဘဲလ်ထရန်နဲ့ သရေကျခဲ့တဲ့ပွမြှာ မေးရိုးကျိုးသွားပြီးကတည်း အခုထိ တစ်ပွဲမှ မထိုးသတ်ရသေးပါဘူး။

အမေရိကန်လူမျိုး အသက် ၂၆ နှစ်အရွယ် စိန်ခေါ်သူ ခရောဖို့ ဒ် ကတော့ ၂၂ ပွဲ ထိုးသတ်ခဲ့ရာမှာ တစ်ပွဲမှ မရှုံးနိမ့်သေးပါဘူး။ အချိန်အတော်ကြာအနားယူနေရတဲ့ လက်ရှိ ခါးပတ်ပိုင်ရှင်နဲ့ လက်ရည်တက် စိန်ခေါ်သူ တို့ ထိုးသတ်မယ့် ပွဲဟာ ကြည့်ကောင်းမယ့်ပွဲတစ်ပွဲဖြစ်လာမယ်လို့ လက်ဝှေ့ ပရိတ်သတ်တွေက ဆိုပါတယ်။

ဘန်းစ်အတွက်ကလည်း ဒီလိုစိန်ခေါ်ခံရမှုဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ငါးကြိမ်မြောက်အဖြစ် သူ့ ရဲ့ ချန်ပီယံခါးပတ်ကို ထပ်ကာကွယ်ရမှာပါ။

“ ကျွန်တော် မေးရိုးဒဏ်ရာ ရပြီးကတည်းက အနားယူနေရတာကြာပါပြီ။ အဲဒီ့ဒဏ်ရာက တော်တော်ပြင်းထန်ခဲ့ပါတယ်။ ရှေ့ ပိုင်းလတော်တော်များများမှာ ကျွန်တော် ပါးစပ်တောင် သိပ်ဟဟ မဖွင့်နိုင်ခဲ့ပါဘူး။ စကားလည်း မပြောနိုင်ခဲ့ဘူး။ အခုတော့ ဒီဒဏ်ရာကနေ တော်တော်သက်သာသွားပါပြီ။ ခင်ဗျားတို့ ရစ်ကီဘန်းစ်အသစ်ကို မတ်လ ၁ ရက်နေ့ မှာမြင်တွေ့ ရမှာပါ” လို့ ရစ်ကီဘန်းစ် က အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

စကော့တလန် ၊ ဂလက်စ်ဂိုး မြို့ မှာကျင်းပမယ့် ဒီပွဲဟာ ခရောဖို့ ဒ်အတွက် ပထမဦးဆုံး အမေရိက ပြင်ပလက်ဝှေ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ခရောဖို့ ဒ်ဟာ ဒီချန်ပီယံခါးပတ်ကို သူ့ ရဲ့ဇာတိ နီဘရာစကား ပြည်နယ် ၊ အိုမာဟာ မြို့ ကို သယ်ယူသွားဖို့ ဆန္ဒပြင်းပြလျက်ရှိတယ်လို့ သိရပါတယ်။

“ ဘန်းစ် တစ်ယောက် ငရဲခန်းထဲ လျှောက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။ ဒီ ကမ္ဘာ့ချန်ပီယံဆုခါးပတ်ကို အရယူပြီး ကျွန်တော့်မြို့ ဆီ သယ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ခင်ဗျားတို့  စောင့်ကြည့်ကြပါ” လို့  ခရောဖို့ ဒ်က ပြောကြားသွားပါတယ်။

Ref: theboxingvoice.com

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.