ဒီလေ့ကျင့်ခန်းလေးတွေက အသည်းကျန်းမာရေးအတွက်တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေ

ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ အတွင်းအင်္ဂါအစိတ်အပိုင်းတွေက သေချာဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။အပြင်က အစိတ်အပိုင်းတွေကိုက
သေချာမြင်ရ ဂရုစိုက်လို့ရပေမဲ့ အတွင်းထဲကိုကျတော့ မမြင်နိုင်တဲ့အတွက် လိုအပ်တဲ့ဂရုစိုက်မှုတွေက ထင်သလောက်မရတတ်ပါဘူး။ဒါကြောင့်
အသည်းကျန်းမာရေးကို တစ်ထောင့်တစ်နေရာကနေ ဂရုစိုက်ပေးနိုင်တဲ့ လေ့ကျင့်ခန်းလေးတွေကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း ၁ )

*လှဲချလိုက်ပြီး လက်မောင်းနှစ်ဖက်ကို ဘေးတစ်ဖက်တစ်ချက်စီမှာ ဖြည်းညင်းစွာချထားပါ။စိတ်ကိုလည်းလျှော့ထားပါ။
*ခြေထောက်နှစ်ဖက်ကို ဖြည်းဖြည်းချင်းမြှောက်လိုက်ပါ
*မြှောက်ထားတဲ့ခြေထောက်ကို ပုံထဲကလို ဦးခေါင်းကိုကျော်တဲ့အထိ ဖြည်းဖြည်းချင်းထားလိုက်ပါ။
*အဲ့ဒီအနေအထားအတိုင်း တစ်မိနစ်လောက်နေပါ။တစ်မိနစ်ပြည့်ရင်တော့ မူလအနေအထားအတိုင်း ပြန်နေလို့ရပါပြီ။

လေ့ကျင့်ခန်း ၂ )

အသည်းသွေးလည်ပတ်မှုကောင်းမွန်ဖို့အတွက် ဒီလေ့ကျင့်ခန်းကလည်းလိုအပ်ပါတယ်
*ပထမဆုံး ပုံထဲမှာပြထားသလို ခြေထောက်နှစ်ဖက်ကိုယှက်ပြီး သက်တောင့်သက်သာဖြစ်အောင်ထိုင်လိုက်ပါ။
*ပြီးရင် ညာဘက်လက်နဲ့ ဘယ်ဘက်ဒူးကိုဖြည်းညှင်းစွာဆွဲကိုင်လိုက်ပါ။
*ဘယ်လက်ကိုတော့ အနောက်ဘက်ကို လွှဲထားပါ
*အဲ့ဒီအနေအထားအတိုင်းစက္ကန့် ၃၀ နေပြီး နောက်တစ်ဖက်ကို အခုလိုမျိုးပဲလုပ်ပါ။တစ်ဖက်ကို ၅ကြိမ်စီလုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း ၃)

ဒီလေ့ကျင့်ခန်းက သင့်အသည်းမှာပိနေတဲ့ ဖိအားတွေကိုဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ဘယ်လိုလုပ်ရမလဲဆိုရင်
*ခန္ဓာကိုယ်သက်တောင့်သက်သာဖြစ်အောင်ထိုင်ပါ။ခြေထောက်နှစ်ဖက်ကိုယှက်ထားပါ။ခပ်မတ်မတ်လေးတော့ရှိပါစေ။
*ပြီးရင် ဘယ်ဘက်ခြေထောက်ကိုမြှောက်ပြီး ပုံထဲကလို ညာဘက်ဒူးနားထိရောက်အောင်ကွေးထားလိုက်ပါ။ညာဘက်လက်ကိုဘယ်ဘက်ခြေဖ၀ါးပေါ်
တင်ထားပါ။
*အဲ့ဒီအနေအထားအတိုင်း စက္ကန့် ၃၀ ထားပြီး တစ်ခြားတစ်ဖက်ကိုပြောင်းလုပ်ပါ။
တစ်လှည့်စီ ငါးကြိမ်လောက်လုပ်ပေးသင့်ပါတယ်။

လေ့ကျင့်ခန်း ၄)

6 Exercises That Can Make Your Liver Work at Its Best

ဒီလေ့ကျင့်ခန်းလေးက သင့်ရဲ့ အသည်းအပြင် ၀မ်းဗိုက်အတွက်လည်းကောင်းမွန်စေပါတယ်။
*ကြမ်းပြင်မှာ အရင်ဆုံးလှဲချလိုက်ပါ။ပြီးရင် ညာဘက်ဒူးကို ပုံထဲကလို ဆွဲကွေးလိုက်ပါ။ဘယ်ဘက်ခြေထောက်ကိုပုံထဲကလို ညာဘက်ဒူးပေး
တင်ထားလိုက်ပါ။
*ပုံမှာမြင်ရတဲ့အတိုင်းလက်တစ်ဖက်ကို ဘေးမှာချထားပြီး နောက်လက်တစ်ဖက်ကို နားမှာကပ်ထားပါ။
*ပြီးရင် ခန္ဓာကိုယ်ကို အနည်းငယ်မပြီး ညာဘက်ခြေထောက်ပေါ်တင်ထားတဲ့ဘယ်ဘက်ဒူးနားကို တံတောင်နဲ့ထိလုနီးပါးကပ်ပါ။အဲ့ဒီအနေအထားအတိုင်း
၂စက္ကန့်နေပါ။
*၂စက္ကန့်နေပြီးရင် မူလပုံစံအတိုင်းပြန်သွားပြီး ၅စက္ကန့်လောက်အသက်ရှုပါ။
*ဒီနည်းအတိုင်း ဘယ်တစ်ခါ၊ညာတစ်ခါ တစ်ဖက်ကို အကြိမ် ၂၀နီးပါးလုပ်ပေးပါ။ခြေထောက်ကိုလည်းပြောင်းပေးဖို့မမေ့ပါနဲ့။

လေ့ကျင့်ခန်း ၅)

အသည်းနေရာတစ်ဝိုက်ကို နှိပ်နယ်ပေးတာကလည်း ကျန်းမာရေးအတွက်ကောင်းစေပါတယ်။
*ကြမ်းပြင်မှာလှဲချပြီးညာဘက်ကိုလှည့်အိပ်လိုက်ပါ
*ဒူးကိုကွေးလိုက်တဲ့အခါမှာ ၀မ်းဗိုက်ကြွက်သားတွေညောင်းညာပြေသွားတာခံစားရပါလိမ့်မယ်။
*ပြီးရင်တော့ သင့်လက်ကို အသည်းနေရာတစ်ဝိုက်မှာထားပြီး ၁၀စက္ကန့်လောက်ကြာအောင် ဖြည်းဖြည်းချင်းနှိပ်နယ်ပေးပါ

ဒီလေ့ကျင့်ခန်းလေးတွေကို တစ်ပတ်တစ်ခါလောက်ဖြစ်စေ၊နှစ်ခါလောက်ဖြစ်စေ လုပ်ပေးမယ်ဆိုရင် အသည်းအတွက် အားဖြည့်ပေးရာရောက်ပါတယ်။

Source:Brightside

96 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.