“The Pirates 2” မှာ မြင်တွေ့ရတော့မယ့် ပရိသတ်အချစ်တော်မင်းသား Lee Kwang Soo

ပရိသတ်အချစ်မင်းသားချောလေး Lee Kwang Soo ကို မကြာခင် စိတ်ကူးယဉ်/ဟာသ ဇာတ်ကားတစ်ကားမှာ မြင်တွေ့ရနိုင်တယ်လို့ Soompi မီဒီယာကနေ
ဖော်ပြလာခဲ့ပါတယ်။မတ်လ ၂၇ရက်နေ့က Lee Kwang Soo ရဲ့ အေဂျင်စီဟာ “Lee Kwang Soo ကို “The Pirates 2” မှာ ပါဝင်ဖို့ကမ်းလှမ်း
ခံထားရပါတယ်။ပြီးတော့ Kwang Soo ကလည်း လက်ခံဖြစ်ဖို့များပါတယ်”လို့ပြောခဲ့တာဖြစ်ပါတယ်။

သတင်းမီဒီယာတစ်ခုကတော့ “Lee Kwang Soo ဟာ “The Pirates: Goblin’s Flag” ဇာတ်ကားမှာ ပါဝင်လာမှာပါ။ဒီဇာတ်ကားကို ဇွန်လထဲမှာ
စတင်ရိုက်ကူးမှာဖြစ်ပါတယ်။Kwang Soo က Yoo Hae Jin ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်မှာပါ။ပြီးတော့ အဲ့ဒီဇာတ်ကောင်ကလည်း
ဟာသဇာတ်ရုပ်ဖြစ်လို့ ပရိသတ်သဘောကျမှာအသေအချာပါပဲ”လို့ပြောခဲ့ပါတယ်။

ဒါရိုက်တာ Kim Jung Hoon ရိုက်ကူးမယ့် ဒီဇာတ်ကားဟာ ၂၀၁၄ တုန်းက ထွက်ရှိခဲ့တဲ့ The Pirates ရဲ့ အဆက်လည်းဖြစ်ပါတယ်။ဒီကားမှာဆိုရင် မင်းသမီး
Son Ye Jin နဲ့ မင်းသား Kim Nam Gil တို့လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။”The Priates 2″ မှာတော့ Lee Kwang Soo ကိုပါ ထပ်ပြီး
မြင်တွေ့လာရနိုင်ပါတယ်။

ချစ်စရာချစ်သူလေးလည်းရနေပြီဖြစ်တဲ့ Lee Kwang Soo ဟာ “Running Man” ရသစုံရှိုးနဲ့ ပရိသတ်အားပေးချစ်ခင်မှုကိုအခိုင်အမာရထားသူတစ်ယောက်ဖြစ်ပါတယ်။ရသစုံရှိုးမှာမြင်တွေ့ရသလို သူ့ကို Live ၊ The Sound of Your Heart” ၊ It’s Okay,That’s Love စတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း မြင်တွေ့ရပါတယ်။

ကဲ ဒီတစ်ခါမှာတော့ စိတ်ကူးယဉ်/ဟာသဇာတ်ကားလေးနဲ့ သူ့ကိုထပ်မံမြင်တွေ့ရတော့မှာဖြစ်ပါတယ်။ပရိသတ်ကြီး အားပေးဖို့အသင့်ပဲလား?

25 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.