စိတ်ထဲဘာမှမထားပဲ အကြောခပ်တင်းတင်းလေးနေတတ်ဖို့ဆိုတာ

မိန်းကလေးတွေဟာ ခံစားချက်တွေကို ရှေ့တင်းတန်တင်ကြပါတယ်။ တစ်ခုခုဆို ဖွင့်ထုတ်
ပြောပြလိုက်ရမှ ကျေနပ်ကြတာမဟုတ်လား။ တစ်ခုရှိတာက ဒီလိုပွင့်လင်းလိုက်တိုင်း
ကောင်လား ဆိုတာပါပဲ။ စိတ်ခံစားချက်တွေကို ဖွင့်ထုတ်ပါများရင် ကိုယ့်ရဲ့အားနည်းချက်ကိုလူသိပါတယ်။

Image result for swag girl

အနည်းဆုံး မင်းဟာ စိတ်ဓာတ်ပျော့ညံ့သူတစ်ယောက်လို့ သူသတ်မှတ်သွားပါလိမ့်မယ်။
တကယ်လည်း စိတ်ဓာတ်ပျော့ညံ့သူတစ်ယောက်ဖြစ်နေရင် ကြံ့ခိုင်ကြိုးစားပါ။
ပြောလာတဲ့ အတိုက်ခိုက်တွေမှန်သမျှကို ပြန်ချေမှုန်းနိုင်တဲ့ သတ္တိရှိရမယ်။ ဒီလိုသတ္တိမွေးနိုင်မှ
လည်း လူ့လောကထဲမှာ ဆက်ရှင်သန်နိုင်မယ်။

Image result for swag girl

ဘာလို့ဆို စိတ်ဓာတ်နူးညံ့သူ ၊ တစ်ခုခုဆို ခံစားလွယ်သူတွေဆို လူတွေက ပိုပြီးချိုးနှိမ်ချင်ကြ
တယ်။ ငါပြောလိုက်ရင် ၊ ငါလုပ်လိုက်ရင် သူတော့ ဝမ်းနည်းခံစားသွားမှာပဲ.. မင်းရဲ့ဝမ်းနည်း
ကြေကွဲ ပွင့်ထုတ်မှုကို သူတို့ကျေကျေနပ်နပ်ကြီး ထိုင်ကြည့်ချင်တာလေ။ ဒါကို ဘာလို့
ကြည့်ခွင့်ပေးလိုက်မှာလဲ။ လူ့လောကမှာ နေထိုင်နိုင်ဖို့ဆိုတာ အကြောတင်းမှ ရမှာပါ။
အကြောခပ်တင်းတင်းလေးနေမှ အနိုင်မကျင့်ရဲမှာပေါ့။

ဒီတော့ ခံစားချက်တွေဟာ ပြောပြတိုင်းမကောင်းပါဘူး။ သူတို့အတွက် နိုင်ကွက်တစ်ခုဖြစ်သွား
နိုင်ပါတယ်။ ကိုယ်နဲ့ရင်ဘတ်ချင်း အရင်းနှီးဆုံးမိတ်ဆွေများကလွဲရင် အခြားသူတွေကို ဘယ်တော့မှ ရင်ဖွင့်ဖို့မကြိုးစားမိပါစေနဲ့ …

227 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.