လုပ်ငန်းခွင်မှာ ဒါမျိုးတွေကို ရှက်ကြောက်နေဖို့လုံးလုံးမလိုပါဘူး…

တစ်ချို့တွေရဲ့အတွေးကလုပ်ငန်းခွင်ရောက်ပြီဆိုရင် လုံးဝအတည် အနေထားနဲ့ခပ်တည်တည်ခပ်အေးအေးနေဖို့ပြင်နေကြတာပါပဲ။ တကယ်တော့လုပ်ငန်းခွင်ဆိုတဲ့နေရာဟာ နေတတ်ရင် ပျော်စရာကောင်းပြီး၊ ရဲရင့်ရင်အခွင့်လမ်းပိုပေါတဲ့နေရာမျိုးပါ။ ဒီလိုဘ၀ရဲ့ရုန်းကန်မှုတွေကိုစတင်ရတဲ့နေရာမှာ မလိုအပ်တဲ့အရှက်ကြောက်တရားတွေကြောင့်သင်တို့ရဲ့ တိုးတတ်လမ်းကို မပိတ်လှောင်မိပါစေနဲ့။
အောင်မြင်တိုးတတ်နေပါရဲ့ ဆိုတဲ့ လုပ်ငန်းခွင်က ရာထူးကြီးကြီးပုဂ္ဂိုလ်ကြီးတော်တော်များမျာကိုသာကြည့် သူတို့ရဲ့အမူအယာမှာ တစ်ခုခုကို ထိတ်လန့် ကြောက်ရွံတာ ၊ မ၀ံ့မရဲလုပ်ကိုင်တာမျိုးကို တွေ့ဖူးကြလို့လား…သူတို့ကြည့်လိုက်ရင်အမြဲယုံကြည်မှုအပြည့်နဲ့လုပ်ကိုင်နေကြတာပဲ။အရာရာသိပ်တော်နေလားဆိုတော့ အကုန်သိတော်နေတာမျိုးမဟုတ်ပင်မဲ့ ကြိုးစားရင်ဖြစ်မှာပါဆိုတဲ့စိတ်နဲ့တင်ဒီလိုနေရာ ကောင်းရကြသူကြီးပါပဲ။

ကဲ…ဒါဆိုရင် ခင်ဗျားတို့မလိုအပ်ပဲ ရှက်နေကြောက်နေတဲ့ဒီလိုအရာတွေကနေစပြီးရှင်းပစ်ရအောင်…
– ပထမဦးဆုံးတစ်ချက်ကတော့သိပ်ကိုရှင်းပါတယ်…မသိတာမေးရမှာကိုမရှက်ပါနဲ့။ ကိုယ်မသိတဲ့အရာ ကိုယ်မလုပ်တတ်တဲ့အရာကို မသိရင်မသိဘူးမတတ်ရင်မတတ်ဘူး အမှန်တိုင်းမြန်မြန်ဆန်ဆန်ပြောဆိုတာက အလုပ်ကိုလည်းမနှောင့်နှေးစေသလို သိတဲ့သူတွေပြောပြပေးတာကိုလည်းပညာယူလို့ရပါတယ်။ဒီလိုမဟုတ်ပဲ ရှက်ကိုးရှက်ကန်းနဲ့မရတာကို မပြောပဲ ငူတူငိုင်တိုင်လုပ်နေမယ်ဆိုရင်တော့ အလုပ်ခွင်မှာ ကိုယ်က လူပိုကြီးတစ်ယောက်လို(သို့) အသုံးမ၀င်တဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။
– လုပ်ငန်းခွင်နဲ့ပတ်သတ်တဲ့မှန်ရာမှန်ကြောင်းကို ပြောဖို့ဝန်မလေးပါနဲ့။ ဥပမာ-ဒီလမှာဆိုရင် ဘယ်ဟာကဖြင့် ဘယ်လိုတိုးတတ်နေပြီးဘယ်ဟာကတော့ ဘယ်လိုထိုးကျနေပါတယ်ဆိုတာမျိုးပေါ့။ ဒါမျိုး တွေကိုအမှန်တိုင်းကိုယ့်လူကြီးကိုယ့် လုပ်ဖော်ကိုင်ဖက်ရှေ့မှာချပြပြောဆိုဖို့က လုံးဝကို မကြောက်သင့်တဲ့ကိစ္စတစ်ခုပါ။ ဒီလိုပြောပြလိုက်လို့ ငါအသုံးမကျမှာပေါ်မလားဆိုတာမျိုးလုံးဝမတွေးပါနဲ့။
ဒီလိုအမှန်တိုင်းအလုပ်ခွင်ရဲ့လည်ပတ်မှုကို မပြောပြနိုင်မှသာကိုယ်ကလုပ်ငန်းဘာဖြစ်နေတယ်ဆိုတာကိုမသိတဲ့သူတစ်ယောက်အဖြစ်သတ်မှတ်ခြင်းခံနေရမှာပါ။
-ရသင့်ရထိုက်တဲ့အရာတွေကြောင်းညှိနှိုင်းပြောဆိုဖို့ဝန်မလေးပါနဲ့။ တစ်ချို့အထက်လူကြီးတွေကအလိုက်သိပြီးကိုယ်ကြိုးစားရင်ကြိုးစားသလိုခံစားခွင့်ပေးပင်မဲ့တစ်ချို့သူတွေကတော့ ကြိုးစားလည်းမသိသလိုနေပြီး သူတို့ဆီကနေပေးရမှာသိပ်ကို လက်တွန့်ကြပါတယ်။ဒီလိုနေရာမျိုးမှာသင်လုပ်ကိုင်နေရပြီဆိုရင်သင့်အရည်သွေးတွေကိုအကောင်းဆုံးချပြပါ။ သင်တာဝန်ယူရမဲ့အပိုင်းကိုသာ အကောင်းဆုံးလုပ်ဆောင်ပေးပြီးတစ်ခြားအပိုထပ်ခိုင်းလာတဲ့အခါတောင်းစရာရှိတဲ့ အကျိုးခံစားခွင့်ကိုတောင်းရမှာ မရှက်ပါနဲ့။ အလုပ်ကြိုးစားလို့ရတဲ့ခံစားခွင့်ကိုတောင်းတာဟာတောင်းတဲ့သူအပြစ်မဟုတ်ပါဘူး။ပေးဖို့ကိုလက်တွန့်ပြီးမသိချင်ယောင်ဆောင်နေတဲ့လူတွေသာရှက်ဖို့ကောင်းတယ်မှတ်ပါ။

-အလုပ်ထွက်ဖို့ကိုမကြောက်ပါနဲ့။ ဒီအချက်က နောက်ဆုံးနဲ့သိပ်အရေးကြီးနဲကအချက်ပါပဲ။ တစ်ချို့သူတွေက အလုပ်မမြဲဘူးလို့ အပြောခံရမှာတစ်ကြောင်း၊ နောက်တစ်လုပ်မှာ အဆင်ပြေပါ့မလားဆိုတဲ့အတွေးတွေကြောင့် ကိုယ့်ကြိုးစားမှုကိုအသိမှတ်မပြု၊ ကိုယ့်အတွက်တက်လမ်းမရှိတဲ့ နေရာမှာ အကြာကြီးမနေပါနဲ့။ အလုပ်ထွက်ဖို့ပြောတဲ့နေရာမှာလည်းကိုယ်အရည်ချင်းကိုပိုမိုသွေးချင်ကြောင်း၊ကိုယ်လုပ်တာကိုအသိမှတ်ပြုတဲ့နေရာသွားချင်ကြောင်းမရှက်မကြောက်ကောင်းကောင်းမွန်မွန်ပောဆိုပြီးထွက်ပါ။ဒီလိုအရာမျိုးတွေကိုအလုပ်ခွင်မှာသင်ကြောက်နေသမျှကာလကတော့ဘ၀တိုးတတ်ရေးလမ်းနဲ့ဝေးနေအုံးမှာပါပဲ။

Unicode

18 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.