ကိုယ်ကျွမ်းကျင်တဲ့အလုပ်အပေါ် လေးစားတတ်ဖို့

အလုပ်တစ်ခုကို ကိုယ်ကျွမ်းကျင်တဲ့အရာပဲဆိုပြီး အလေးမထားတတ်ကြပါဘူး။ အလေးမထားခြင်းရဲ့နောက်မှာ ဘာတွေဆက်ဖြစ်လာလဲဆိုတော့ အောင်မြင်သင့်သလောက် မအောင်မြင်တော့ဘူး။

တချို့ တွေ လူကတော်ရက်သားနဲ့… ဘာလို့ မအောင်မြင်ရသလဲ။ ဘာလို့ အနောက်မှာ ကျန်ခဲ့တာလဲ။ ဒါဟာ ကိုယ်ကျွမ်းကျင်တဲ့အလုပ်အပေါ် မလေးစားလို့ပါပဲ။ လူဆိုတာ ဘာပဲလုပ်လုပ် စိတ်ဝင်စားတဲ့အလုပ်ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှ ပျော်မှာပါ။ ပျော်ရင် စိတ်ချမ်းသာရင်
အလုပ်တစ်ခုကို ရေရှည်လုပ်ပါတယ်။

Related image

ယုန်နဲ့ လိပ်အပြေးပြိုင်ပွဲမှာ ယုန်ဘာလို့ ရှုံးသွားတာလဲ။ သူကျွမ်းကျင်တဲ့အလုပ်အပေါ်
အလေးမထားခဲ့လို့ ။ ရပါတယ်.. အေးဆေးပါ.. ဘယ်အချိန်အမှီလိုက်လိုက်ရပါတယ်လို့
တစ်ဖက်ရန်သူကို လျော့တွက်မိခဲ့လို့ပါပဲ။ လုပ်စရာရှိတာမလုပ်ပဲ အချိန်တွေကို နေ့ည ရွေ့ ဆိုင်းနေတာက ပိုဆိုးတယ်။

သူငါအပြိုင်ပြေးနေတဲ့ ဒီခေတ်ကြီးမှာ အချိန်ဆွဲနေရင် ကိုယ်ဘယ်လောက်ထိ
နောက်ကောက်ကျကျန်ခဲ့မလဲဆိုတာ တစ်ချက်တွေးကြည့်ပါ။ သူများတွေ အိမ်နဲ့ကားနဲ့
မပူမပင်ပဲ နေထိုင်စားသောက်နေရချိန် ကိုယ်မှာ ပင်ပန်းဆင်းရဲနေရတဲ့အဖြစ်မျိုး ရောက်ချင်လို့လား ။

Image result for workplace

ဘယ်သူမှ မရောက်ချင်ပါဘူး။ ဒါကြောင့် ကိုယ်ကျွမ်းကျင်တဲ့အလုပ်တစ်ခု လုပ်တဲ့အခါ
ဇွဲ၊ လုံလ ၊ ဝီရိယတွေပါ ထည့်ထားပါ။ ဘယ်တော့မှ မလေးမစား မလုပ်ပါနဲ့။ နောက်ပြီး
တစ်ဖက်က ပြိုင်ဘက်ကိုလည်း လျော့မတွက်ပါနဲ့.. လျော့တွက်မိတာနဲ့ အသာလေး
ရေသာခိုချင်တဲ့စိတ်က ဝင်လာတော့မှာပါ။ ပျင်းချင်တဲ့ စိတ်လေးကိုလည်း အဝင်မခံနဲ့ ။
အဓိက စိတ်ဝင်စား ကျွမ်းကျင်တဲ့အလုပ်အပေါ် လေးစားမှုရှိဖို့ပါပဲ။

13 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.