TWICE အဖွဲ့ဝင်မိန်းမချောလေးတွေကို ဆွဲဆောင်နိုင်တဲ့ ယောက်ျားလေးပုံစံက….

နာမည်ကျော်တောင်ကိုရီးယားကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TWICE အဖွဲ့ဝင်မိန်းမချောလေးတွေကို သူတို့သဘောကျတဲ့ယောက်ျားလေးပုံစံ၊
သူတို့ရဲ့ချစ်သူအဖြစ်ရွေးချယ်ချင်တဲ့ ယောက်ျားလေးပုံစံတွေကိုမေးမြန်းကြည့်ခဲ့ရာ…

*Nayeon

Nayeon က သူမဟာ မကြာခဏစိတ်ဖိစီးတတ်ပြီး စိတ်ပင်ပန်းလွယ်တဲ့အတွက် ယုံကြည်အားထားမှီခိုရတဲ့သူမျိုးကိုပိုပြီးသဘောကျပါတယ်တဲ့။ပြီးတော့
သူမဟာ The Heirs ဇာတ်လမ်းတွဲထဲက လီမင်ဟိုရဲ့ ပုံစံထက် ကင်ဝူဘင်ရဲ့ဇာတ်ကောင်ပုံစံမျိုးကိုပိုပြီးကြိုက်တယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီထဲက
ချွဲယောင်ဒို (ကင်ဝူဘင်)လို စကားလုံးချိုချိုတွေထက် သူ့ရဲ့အချစ်တွေကို အပြုအမူကနေတစ်ဆင့်ဖော်ပြတာမျိုးပေါ့။

*Jeongyeon

Jeongyeon ကတော့ သူမဟာ သူမရဲ့စိတ်ကို သက်တောင့်သက်သာဖြစ်စေတဲ့ယောက်ျားလေးမျိုးကိုပိုပြီးသဘောကျပါတယ်တဲ့။ပြီးတော့ သူမရဲ့ အချစ်ဆုံး
သူငယ်ချင်းတစ်ယောက်လို စိတ်ပေါ့ပေါ့ပါးပါးရှိမယ့်အချစ်ရေးမျိုးကိုလည်း ကြိုက်တယ်လို့ပြောခဲ့ဖူးပါတယ်။

*Momo

Momo လေးကတော့ သူမလို အစားအသောက်ကိုသဘောကျတဲ့သူမျိုးကို သဘောကျပါတယ်လို့သိရပါတယ်။အထူးသဖြင့် Jokbal ဟင်းကိုကြိုက်တဲ့သူပေါ့တဲ့။ပြီးတော့ သူမဟာ သူမရဲ့ အနာဂတ်ချစ်သူကို “ကျွန်မက ကျွန်မရဲ့ခံစားချက်တွေကိုဖော်ပြတဲ့နေရာမှာ သိပ်ပြီးမကျွမ်းကျင်ပါဘူး”လို့ကြိုပြောထားပါသေးတယ်။

*Sana

Sana သဘောကျတဲ့ယောက်ျားလေးပုံစံကတော့ သူမရဲ့ မိဘတွေအပေါ်ကောင်းရမယ်။ပြီးတော့ အလုပ်ကို ချစ်မြတ်နိုးကြိုးစားရမယ်တဲ့။သူမဟာ
Reply 1988 ထဲက Ryu Jung Yeol ရဲ့ ဇာတ်ကောင်ပုံစံမျိုးလို့လည်း ထောက်ပြခဲ့ပါတယ်။

*Jihyo

Jihyo ကတော့ သူမဟာ နှလုံးသားနွေးထွေးပြီး ရဲရင့်တဲ့သူမျိုးကိုသဘောကျပါတယ်တဲ့။ပြီးတော့ မင်းသား Cho Jin Woong လို နားလည်မှုရှိပြီး
ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူမျိုးကို သဘောကျပါတယ်လို့ပြောပြခဲ့ပါတယ်။

*Mina

Mina သဘောကျတဲ့ယောကျာ်းလေးပုံစံဟာဆိုရင်ဖြင့် အကျင့်စာရိတ္တကောင်းရမယ်။သူမ ဆုံးဖြတ်ချက်ချဖို့ခက်ခဲတိုင်း လမ်းပြခေါင်းဆောင်ပေးနိုင်ရမယ်။
ပျော်ပျော်ရွှင်ရွှင်နေတတ်ရမယ်လို့သိရပါတယ်။Kill Me Heal Me ထဲက Shin Se Gi လိုဇာတ်ကောင်ပုံစံလို့ သူမကရွေးချယ်ခဲ့ပါတယ်။

*Dahyun

Dahyun ကတော့ သူမရဲ့အဖေလို သူမကို နားလည်ပေးနိုင်တဲ့ပုံစံမျိုး၊သူမရဲ့မိဘတွေအပေါ်ကိုလည်းကောင်းပြီး သူမအပေါ်အရမ်းချစ်တဲ့သူမျိုးကို
လိုချင်ပါတယ်တဲ့။Cheese in the Trap ထဲက Park Hae Jin လို ဇာတ်ကောင်ပုံစံမျိုးကို သဘောကျတယ်လို့လည်းပြောခဲ့ပါတယ်။

*Chaeyoung

Chaeyoung ကတော့ ဖက်ရှင်အမြင်ရှိတဲ့ကောင်လေးမျိုးကိုသဘောကျပါတယ်တဲ့။ပြီးတော့ Chaeyoung ဟာ အင်္ဂလိပ်စကားကောင်းကောင်းပြောနိုင်တဲ့သူမျိုးကိုသဘောကျတယ်လို့လည်း Nayeon က ပြောပြလာခဲ့ပါတယ်။

*Tzuyu

Tzuyu သဘောကျတဲ့ယောက်ျားလေးပုံစံကတော့ သူမရဲ့မိဘတွေအပေါ်ကောင်းကောင်းဆက်ဆံရမယ်။အစားလည်းကောင်းကောင်းစားရမယ်။ခွေးလေးတွေ
လည်းချစ်တတ်ရမယ်။ပြီးတော့ သူမချစ်တာထက် သူမအပေါ်ပိုပြီးချစ်တဲ့သူမျိုးဖြစ်တယ်လို့သိရပါတယ်။သူမက အရမ်းရှက်တတ်လို့ သူမနဲ့
တွေ့ဆုံတဲ့အခါ စကားအရင်စပြောပေးတဲ့သူမျိုးကိုလည်း သဘောကျပါတယ်တဲ့။2PM အဖွဲ့ထဲက Taecyeon ဟာ သူမ လေးစားချစ်ခင်ရတဲ့သူ
ဖြစ်တယ်လို့လည်းပြောခဲ့ပါတယ်။

Source:Koreaboo

297 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.