ညည တော်တော်နဲ့အိပ်မ ပျော်ဖြစ်တတ်ရင် ဒီလိုနည်းလမ်းလေးတွေနဲ့Try ကြည့်နော်…
Try ကြည့်ကြနော်…
Unicode
ညဘက်ဆို သူများတွေအိပ်နေပြီ ကိုယ်က မျက်လုံးကြောင်ပြီးဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေတုန်းအ ခြေနေတွေကို ကြုံဖူးကြမှာပါ။ ညညတော်တော်နဲ့ အိပ်မ ပျော်တာ ကြောင့် မနက်ဆို နောက်ကျမှာနိုးပြီးစိတ်မကြည်တာ၊ စိတ်လန်းလန်းဆန်းဆန်းမရှိပဲအလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ စာလေ့လာရင်ပဲဖြစ်ဖြစ် စွမ်းဆောင်နိုင် စွမ်းတွေလျော့ကျသွားတာတော့ ကျွန်တော်တို့အားလုံးအသိပါပဲ။ သိလည်း ဘာတတ်နိုင်မလဲ ဒီမျက်လုံးကြီးကမှ အိပ်မပျော်ပဲရယ်…သူများတွေနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို အားကျပြီးမျက်လုံးကြောင်လို့ဖုန်းပွက်၊စာအုပ်ဖတ်နေရုံ က လွဲရင် အိပ်ပျော်အောင်လုပ်ဖို့ခက်ခဲတတ်ကြပါတယ်။ ဒီလို ညည အိပ်မပျော်လို့စိတ်ညစ်နေတဲ့သူတွေရှိမယ်ဆိုရင်တော့ အခု ပြောပြမဲ့နည်းလမ်းလေးတွေနဲ့ အိပ်ပျော်အောင်Try ကြည့်ဖို့အကြံပေးပါရစေ…- အမှောင်ထဲအိပ်စက်ပါ။ တစ်ချို့သူတွေကလင်းမှအိပ်တတ်ပင်မဲ့တကယ့်သဘာဝကျတဲ့အချက်ကတော့ အမှောင်ဟာလူတစ်ယောက်ရဲ့အိပ်စက်ခြင်းကို အကောင်းဆုံးတွန်းအားပေးနိုင်တဲ့အရာပါပဲ။ အိပ်မပျေ်ာလို့မျက်လုံးကြောင်နေတဲ့အခါ မီးမပိတ်ချင်ရင်တောင်မျက်လုံးကို အဝတ်တစ်ခု(သို့)မျက်လုံးအုပ်တဲ့ Mask လေးသုံးပြီးမီးအလင်းရောင်တွေနဲ့ဝေးရာမှာ အိပ်စက်ကြည့်ပါ။ လွယ်လွယ်ကူကူနဲ့အိပ်မောကျသွားစေနိုင်ပါတယ်။-နောက်နည်းလမ်းတစ်ခုကတော့ အားကစားလုပ်ပေးခြင်းပါ။ အိပ်မပျော်လို့အိပ်ရာပေါ်မှာ နေရခက်နေတဲ့အခါ ကုတင်ပေါ်မှာပဲ အိပ်ထမတင်လိုအားကစားမျိုး(သို့) ခန္ဓာကိုယ်ဘေးစောင်းပြီး ခြေလွှဲရတဲ့ အားကစားမျိုးကို လုပ်ပေးသင့်ပါတယ်။ ဒီလိုခန္ဓာကိုယ်ကို လှုံ့ ဆော်ပေးခြင်းက သင့်ရဲ့ အိပ်ချင်စိတ်ကို ပိုပြီး ဖြစ်ပေါ်လာစေတဲ့အပြင် တစ်ရေးနိုးတာ ဘာညာတောင်မဖြစ်ပဲ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်စေပါတယ်။-နောက်ဆုံးနည်းလမ်းလေးကတော့ စိတ်ခွန်အားဖြည့်ခြင်းနည်းလမ်းပါပဲ။ အိပ်မပျော်တဲ့သူတော်တော်များများက စဉ်းစားစရာ ၊ စိတ်မဖြောင့်စရာ တေ ွမသိစိတ်ထဲကများနေတတ်လို့ပါ။ ဒါကြောင့် အိပ်ခံနီးမှာ လုပ်စရာရှိတာ အားလုံးလုပ်ပြီး ငါဒီနေ့ အတွက်တာဝန်ကျေပြီလို့စိတ်ထဲကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနှလုံးသွင်းကာအိပ်စက်ဖို့အတွက်ပဲအားယူလိုက်ပါ။ ဒါဆိုရင်ဒီတစ်နေ့တာအတွက်ကောင်းကောင်းအိပ်ပျော်နိုင်ပါလိမ့်မယ်။အိပ်မလို့ကောင်းကောင်းမပျော်တဲ့ရက်တွေများနေတဲ့ Trend ပရိတ်သတ်ကြီးတွေလည်းဒီနေ့ကစပြီးညတိုင်းတုံးကနဲအိပ်မပျော်အောင်ဒီနည်းလမ်းလေးတွေနဲ့Try ကြည့်ကြနော်…
15 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.