လောကကြီးက နေတတ်ရင် ပျော်စရာကြီးပါ..

အရူးတွေကြောင့် သင့်ရဲ့တစ်နေ့တာကို မပျက်စီးစေပါနဲ့။ ဒီလူတွေ မင်းရဲ့နေ့ရက်တွေလိုက်
ဖျက်စီးနေတာကို ခွင့်မပြုပါနဲ့။ လောကကြီးက တကယ်နေတတ်ရင် သိပ်နေပျော်လို့ကောင်းပါ
တယ်။ လူ့ဘဝဟာ ဘဝတွေများစွာထဲမှာ အမွန်မြတ်ဆုံးဘဝပါ။ ကောင်းတွေကို အများကြီး
စိတ်ကြိုက်လုပ်နိုင်သလို မကောင်းတာတွေလည်း ကြိုက်သလိုလုပ်လို့ရတယ်။

Image result for happy life

လူအမျိုးမျိုး စိတ်အထွေထွေဆိုသလိုပဲ။ ကိုယ့်နဲ့ type တူတဲ့လူဆိုပေါင်းလိုက် ၊ မတူရင်
ခပ်ကင်းကင်းသာနေပေါ့။ မတူညီတဲ့လူတွေနဲ့ လိုက်ညှိရတာ ပင်ပန်းပါတယ်။
မဖြစ်မနေဆက်ဆံရမယ်ဆိုလည်း ရေလိုက်ငါးလိုက် နေတတ်ဖို့လိုတယ်။ အလကားနေရင်း အမုန်းမခံနဲ့လေနော်. …

Image result for happy life

သူတို့ကိုယ့်ရဲ့မကောင်းကြောင်းပြောလား ? ဒေါသမထွက်ပါနဲ့။ ဒေါသထွက်လိုက်တာနဲ့
သူတို့ရဲ့စိတ်ကျေနပ်မှုကို ပိုအထမြောက်အောင်လုပ်ပေးလိုက်သလိုဖြစ်တယ်။ ဒီတော့
အေးဆေးသာ နေပြလိုက်ပါ။ သူတို့ဘာပြောပြော I don’t care ပေါ့…အဲ့ဒီလို သူတို့ကို
ဂရုမစိုက်တဲ့ပုံစံမျိုးနဲ့ ရှင်သန်ပြလေ သူတို့ဒေါသထွက်လေပါပဲ။ အဲ့ဒီ အကုသိုလ်တွေ ကိုယ့်ဆီ အကူးမခံနဲ့။သန့်သန့်ရှင်းရှင်းသာနေ .. စိတ်လေးဖြူအောင်ထား ။ အလိုလို ရုပ်လေးကြည်ပါတယ်.. ဒါကြောင့် လောကကြီးမှာ နေပျော်အောင်သာကြိုးစားပါ…

89 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.