ရှာဖွေတွေ.ရှိချက်တွေအရ လူခေါင်းနဲ့မြင်းကိုယ် အာကာသအမှုန်အဖွဲ.အစည်းရဲ့ခန့်မှန်းခြေ ၆၆ရာခိုင်နှုန်းဟာ ကြယ်တံခွန်တွေဖြစ်ကြပါတယ်။ နာဆာရဲ့WISEလို့ခေါ်တဲ့ အနီအောက်ရောင်ခြည်လှိုင်းအလျားသုံး နက္ခတ္တဗေဒဆိုင်ရာ အာကာသ မှန်ပြောင်းဟာ အာကာသထဲက လျှို.၀ှက်ဆန်းကြယ်လှတဲ့ လူခေါင်းနဲ့မြင်းကိုယ်တွေရဲ့ အထောက် အထားမှန်တွေကို ဖော်ထုတ်နိုင်ခဲ့ပါပြီ။အဲ့ဒီ့လူခေါင်းနဲ့မြင်းကိုယ်တွေဟာ ဂျူပီတာနဲ့ နပ်ကျွန်းကြား ကနေနေကို လှည့်ပတ်နေတဲ့ အလွန်သေးငယ်တဲ့ အာကာသဒြပ်မှုန်လေးတွေ ပဲဖြစ်ပါတယ်။ ဒီ့မတိုင်ခင်အထိတော့ အဲ့ဒီအထောက်အထားမှန်တွေဟာအချိန်ကြာကြာ လျှို.၀ှက်ဆန်းကြယ်ခဲ့တဲ့ ရူပနက္ခတ္တဗေဒတွေ ထဲမှာတစ်ခု အပါအ၀င် ဖြစ်ခဲ့တာပေါ့။
အာကာသထဲက လူခေါင်းနဲ့မြင်းကိုယ်အများစုဟာ ကြယ်တံခွန်တွေဖြစ်တယ်လို. သတင်းသစ် ထုတ်ပြန်ထားပါတယ်။ ရှာဖွေတွေ.ရှိချက်တွေအရ လူခေါင်းနဲ့မြင်းကိုယ်အာကာသအမှုန့်အဖွဲ.အစည်းရဲ့ ခန့်မှန်းခြေ ၆၆ရာခိုင်နှုန်းဟာ ကြယ်တံခွန် တွေဖြစ်ကြပါတယ်။ အရင်ကတော့ အဲ့ဒီ လူခေါင်းနဲ့မြင်းကိုယ် တွေဟာ နေအဖွဲ.အစည်းအတွင်းထဲက လွင့်ထွက်လာတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲ့ဒီ့လိုမှမဟုတ်ရင် နေဆီကို အတော်ဝေးဝေး နေရာကနေ ဦးတည်ရွေ.လျားနေတဲ့ ကြယ်တံခွန်တွေ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက မှန်းဆခဲ့ကြပါတယ်။ အာကာသထဲက လူခေါင်းနဲ့မြင်းကိုယ်တွေဟာ ဂရိရှေးဟောင်းဒဏ္ဍာရီထဲမှာတော့ ဆန်တောလို. အမည်ရှိခဲ့တာပါ။
လူခေါင်းနဲ့မြင်းကိုယ် အာကာသအမှုန်တွေဟာ အခြားဒဏ္ဍာရီလာသတ္က၀ါတွေလိုပဲ ဘ၀ပုံစံနှစ်မျိုးပါင်းစပ် ထားပုံပေါ်ပါတယ်။ ကျွန်တော်တို့ရဲ့ တိုင်းတာချက်တွေအရတော့ လူခေါင်းနဲ့မြင်းကိုယ် အာကာသအမှုန်အများစုဟာ နေအဖွဲ.အစည်းရဲ့ ဟိုးဝေးဝေး အစွန်းတစ်နေရာကနေ လာခဲ့တာပါလို့ နာဆာရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ JPL မှ ဂျိမ်းစ်ဘာဝါက ပြောခဲ့ပါတယ်။ အဲ့ဒီအာကာသအမှုန်တွေဟာကြယ်တံခွန်တစ်ခုမှာ ပါဝင်တဲ့ ဒြပ်တွေနဲ့ တူညီစွာ ဖွဲ.စည်းထားပြီး တစ်ချိန်က လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့တဲ့ ကြယ်တံခွန်တစ်ခု ဖြစ်ဟန်တူပါတယ်။ နောင်တစ်ချိန်မှာလည်း ပြန်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာနိုင်ပါတယ်။