နက္နက္ရွိဳငး္ရွိဳငး္ခ်စ္မိသြားတဲ႔အခါ ဒီလုိအေၾကာင္းအရာေတြလည္း ဖြင့္ေျပာျပႏုိင္လာတယ္

ခ်စ္သူႏွစ္ေယာက္ လက္တြဲတာအခိ်န္ၾကာလာတဲ႔အခါ၊သံေယာဇဥ္ေတြပုိခိုင္ျမဲလာၾကတဲ႔အခါ အစပထမတုန္းက ဖြင့္မေျပာျဖစ္တဲ့ကိစၥေတြဟာ ေမးျမန္းစရာမလိုပဲ အလိုလိုကုိဖြင့္ဟတုိင္ပင္လာၾကပါတယ္။တစ္ေယာက္နဲ႔တစ္ေယာက္ သံေယာဇဥ္ေတြပုိလာၾကေတာ့ စိတ္လည္းသက္ေတာင့္သက္သာပိုျဖစ္လာျပီး
ဘယ္လိုကိစၥမ်ိဳးကုိမဆုိ ေဆြးေႏြးတိုင္ပင္ျဖစ္လာပါတယ္။ေတာ္ရံုရင္းႏွီးခ်စ္ခင္စိတ္နဲ႔ေတာ့ သူတုိ႔စိတ္ထဲ၀န္ေလးေနတဲ႔အရာေတြ၊သူတို႔စိတ္ထဲ ျဖစ္ခ်င္ေနတဲ႔အရာေတြကုိ ဖြင့္ေျပာျပဖုိ႔မျဖစ္ႏုိင္ပါဘူး။တကယ္လုိ႔မ်ားသင့္ခ်စ္သူက ဒီလုိကိစၥေတြကုိပါ ဖြင့္ဟေျပာျပလာျပီဆုိရင္ေတာ့ သူဟာ သင့္အေပၚကုိ
ေလးေလးနက္နက္နဲ႔ခ်စ္မိလာလုိ႔ပဲျဖစ္ပါတယ္။

*သူတုိ႔ရဲ႔စိုးရိမ္စိတ္နဲ႔ေၾကာက္ရြံ႔ေနတဲ႔အရာေတြကုိ ဖြင့္ေျပာလာ
ကုိယ့္ခ်စ္သူအေပၚ အားကိုးခ်စ္ခင္စိတ္ျဖစ္လာတဲ႔အခါ သူတုိ႔စိတ္ထဲ ေၾကာက္ေနတဲ႔အရာေတြ၊သူတို႔စိတ္ထဲ မတင္မက်ျဖစ္ေနတဲ႔အရာေတြ၊သူတုိ႔စိတ္ထဲ စိတ္ပူေနတဲ႔အရာေတြကုိ ဖြင့္ေျပာတတ္လာပါတယ္။ဥပမာ ခ်စ္သူျဖစ္စတုန္းကသာ ကုိယ့္ခ်စ္သူကုိအဆံုးရွံဳးမခံႏုိင္ဘူးဆုိတာဖြင့္မေျပာတာ၊ေနာက္အခိ်န္ၾကာလာတဲ႔အခါမွာေတာ့ အဲ႔လိုမ်ိဳးကုိယ္စိတ္ပူေနတဲ႔အရာေတြကုိပါ ဖြင့္ေျပာျပလာတတ္တာမ်ိဳးေပါ့။

*အခ်စ္ေရးမွာ ပုိျပီးပြင့္လင္းမႈရွိလာ
တြဲတာအခ်ိန္ၾကာလာေလေလ အခ်စ္ေရးမွာ သူတုိ႔ဘာေတြလုိအပ္လဲဆုိတာကို တံု႔ဆုိင္းမေနပဲ ပြင့္ပြင့္လင္းလင္းေျပာျပလာတတ္ပါတယ္။ကုိယ္ဘာလိုခ်င္လဲ၊ဘာလိုအပ္လဲဆုိတာကုိ ေသခ်ာပြင့္ပြင့္လင္းလင္းေျပာျပမွ အဲ႔ဒီအခ်စ္ေရးဟာလည္း နားလည္မႈအျပည့္နဲ႔ဆက္ျပီးေရွ႔ဆက္ႏုိင္မွာပါ။

*ေငြေၾကးဆုိင္ရာအခက္အခဲေတြ၊သူတို႔စိတ္ပုိင္းဆုိင္ရာအက်င့္ေလးေတြအေၾကာင္းေျပာျပလာ
ပထမအစတုန္းကေတာ့ ေငြေရးေၾကးေရးကိစၥေတြတုိင္ပင္ဖုိ႔ဆုိတာ ခက္ခဲပါလိမ့္မယ္။ဒါေပမဲ႔ ေနာက္ပုိင္း ပုိျပီးရင္းႏွီးခ်စ္ခင္လာတဲ႔အခါ
ေငြေရးေၾကးေရးျပႆနာေတြ၊သူတုိ႔စိတ္ပုိင္းဆုိင္ရာဘယ္လုိအက်င့္ေလးေတြရွိတယ္ဆုိတာကုိ ခ်စ္တဲ႔သူကုိ ပြင့္ပြင့္လင္းလင္းေျပာျပတတ္လာပါတယ္။

*အတိတ္ခါးခါးေတြအေၾကာင္းေျပာျပလာ
ကုိယ့္ခ်စ္သူအတိတ္တုန္းက ျဖစ္ပ်က္ခဲ႔တဲ႔အေၾကာင္းေတြကုိ သိခ်င္ၾကမွာအမွန္ပါပဲ။ဒါေပမဲ႔ တကယ္ခ်စ္တဲ႔သူတုိင္းကေတာ့ ကုိယ္တိုင္ဖြင့္ေျပာလာတာကုိ
ေစာင့္ၾကပါတယ္။ခ်စ္သူသက္တမ္းၾကာလာတဲ႔အခါ သင့္အေပၚယံုၾကည္အားကိုးတ႔ဲခ်စ္သူဟာ သူတုိ႔ဘ၀မွာၾကံဳခဲ႔ရတဲ႔နာက်င္စရာအတိတ္ေတြ၊အျဖစ္အပ်က္ေတြကုိ ဖြင့္ဟေျပာျပလာပါလိမ့္မယ္။

*မိသားစုျပႆနာေတြကအစ တုိင္ပင္ေဆြးေႏြးလာ
ကုိယ္ခ်စ္တဲ႔သူဆုိတာ တစ္နည္းအားျဖင့္ အရင္းႏွီးဆံုးမိသားစု၀င္ပါပဲ။အစတုန္းကသာ ကုိယ့္မိသားစုျပႆနာေတြကုိစိတ္ညစ္စိတ္ရႈပ္မွာစုိးလို႔မေျပာတာျဖစ္ေပမဲ႔ ေနာက္ပိုင္းမွာေတာ့သူ႔ကိစၥဟာလည္း ကိုယ့္ကိစၥျဖစ္လာျပီး သူ႔မိသားစု ကိုယ့္မိသားစုအေၾကာင္း အစစအရာရာတုိင္ပင္ျဖစ္လာပါတယ္။

ဒီလုိအေၾကာင္းအရာေလးေတြကုိ စိတ္ထဲတကယ္ခ်စ္ရတဲ႔သူ၊သံေယာဇဥ္ရွိရတဲ႔သူေတြကုိပဲ ဖြင့္ေျပာျပတတ္ၾကပါတယ္။ဘာလို႔လဲဆုိေတာ့ ကုိယ္ခ်စ္တဲ့သူဟာ
ကုိယ့္ခံစားခ်က္ကုိ အနီးစပ္ဆံုးနားလည္ေပးႏုိင္မယ္လို႔ထင္တဲ႔အတြက္ေၾကာင့္ပါပဲ။

Unicode

ချစ်သူနှစ်ယောက် လက်တွဲတာအချိန်ကြာလာတဲ့အခါ၊သံယောဇဉ်တွေပိုခိုင်မြဲလာကြတဲ့အခါ အစပထမတုန်းက ဖွင့်မပြောဖြစ်တဲ့ကိစ္စတွေဟာ မေးမြန်းစရာမလိုပဲ အလိုလိုကိုဖွင့်ဟတိုင်ပင်လာကြပါတယ်။တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေပိုလာကြတော့ စိတ်လည်းသက်တောင့်သက်သာပိုဖြစ်လာပြီး ဘယ်လိုကိစ္စမျိုးကိုမဆို ဆွေးနွေးတိုင်ပင်ဖြစ်လာပါတယ်။တော်ရုံရင်းနှီးချစ်ခင်စိတ်နဲ့တော့ သူတို့စိတ်ထဲဝန်လေးနေတဲ့အရာတွေ၊သူတို့စိတ်ထဲ ဖြစ်ချင်နေတဲ့အရာတွေကို ဖွင့်ပြောပြဖို့မဖြစ်နိုင်ပါဘူး။တကယ်လို့များသင့်ချစ်သူက ဒီလိုကိစ္စတွေကိုပါ ဖွင့်ဟပြောပြလာပြီဆိုရင်တော့ သူဟာ သင့်အပေါ်ကို လေးလေးနက်နက်နဲ့ချစ်မိလာလို့ပဲဖြစ်ပါတယ်။

*သူတို့ရဲ့စိုးရိမ်စိတ်နဲ့ကြောက်ရွံ့နေတဲ့အရာတွေကို ဖွင့်ပြောလာကိုယ့်ချစ်သူအပေါ် အားကိုးချစ်ခင်စိတ်ဖြစ်လာတဲ့အခါ သူတို့စိတ်ထဲ ကြောက်နေတဲ့အရာတွေ၊သူတို့စိတ်ထဲ မတင်မကျဖြစ်နေတဲ့အရာတွေ၊သူတို့စိတ်ထဲ စိတ်ပူနေတဲ့အရာတွေကို ဖွင့်ပြောတတ်လာပါတယ်။ဥပမာ ချစ်သူဖြစ်စတုန်းကသာ ကိုယ့်ချစ်သူကိုအဆုံးရှုံးမခံနိုင်ဘူးဆိုတာဖွင့်မပြောတာ၊နောက်အချိန်ကြာလာတဲ့အခါမှာတော့ အဲ့လိုမျိုးကိုယ်စိတ်ပူနေတဲ့အရာတွေကိုပါ ဖွင့်ပြောပြလာတတ်တာမျိုးပေါ့။

*အချစ်ရေးမှာ ပိုပြီးပွင့်လင်းမှုရှိလာတွဲတာအချိန်ကြာလာလေလေ အချစ်ရေးမှာ သူတို့ဘာတွေလိုအပ်လဲဆိုတာကို တုံ့ဆိုင်းမနေပဲ ပွင့်ပွင့်လင်းလင်းပြောပြလာတတ်ပါတယ်။ကိုယ်ဘာလိုချင်လဲ၊ဘာလိုအပ်လဲဆိုတာကို သေချာပွင့်ပွင့်လင်းလင်းပြောပြမှ အဲ့ဒီအချစ်ရေးဟာလည်း နားလည်မှုအပြည့်နဲ့ဆက်ပြီးရှေ့ဆက်နိုင်မှာပါ။

*ငွေကြေးဆိုင်ရာအခက်အခဲတွေ၊သူတို့စိတ်ပိုင်းဆိုင်ရာအကျင့်လေးတွေအကြောင်းပြောပြလာပထမအစတုန်းကတော့ ငွေရေးကြေးရေးကိစ္စတွေတိုင်ပင်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ဒါပေမဲ့ နောက်ပိုင်း ပိုပြီးရင်းနှီးချစ်ခင်လာတဲ့အခါ ငွေရေးကြေးရေးပြဿနာတွေ၊သူတို့စိတ်ပိုင်းဆိုင်ရာဘယ်လိုအကျင့်လေးတွေရှိတယ်ဆိုတာကို ချစ်တဲ့သူကို ပွင့်ပွင့်လင်းလင်းပြောပြတတ်လာပါတယ်။

*အတိတ်ခါးခါးတွေအကြောင်းပြောပြလာကိုယ့်ချစ်သူအတိတ်တုန်းက ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကို သိချင်ကြမှာအမှန်ပါပဲ။ဒါပေမဲ့ တကယ်ချစ်တဲ့သူတိုင်းကတော့ ကိုယ်တိုင်ဖွင့်ပြောလာတာကို စောင့်ကြပါတယ်။ချစ်သူသက်တမ်းကြာလာတဲ့အခါ သင့်အပေါ်ယုံကြည်အားကိုးတဲ့ချစ်သူဟာ သူတို့ဘဝမှာကြုံခဲ့ရတဲ့နာကျင်စရာအတိတ်တွေ၊အဖြစ်အပျက်တွေကို ဖွင့်ဟပြောပြလာပါလိမ့်မယ်။

*မိသားစုပြဿနာတွေကအစ တိုင်ပင်ဆွေးနွေးလာကိုယ်ချစ်တဲ့သူဆိုတာ တစ်နည်းအားဖြင့် အရင်းနှီးဆုံးမိသားစုဝင်ပါပဲ။အစတုန်းကသာ ကိုယ့်မိသားစုပြဿနာတွေကိုစိတ်ညစ်စိတ်ရှုပ်မှာစိုးလို့မပြောတာဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့သူ့ကိစ္စဟာလည်း ကိုယ့်ကိစ္စဖြစ်လာပြီး သူ့မိသားစု ကိုယ့်မိသားစုအကြောင်း အစစအရာရာတိုင်ပင်ဖြစ်လာပါတယ်။

ဒီလိုအကြောင်းအရာလေးတွေကို စိတ်ထဲတကယ်ချစ်ရတဲ့သူ၊သံယောဇဉ်ရှိရတဲ့သူတွေကိုပဲ ဖွင့်ပြောပြတတ်ကြပါတယ်။ဘာလို့လဲဆိုတော့ ကိုယ်ချစ်တဲ့သူဟာကိုယ့်ခံစားချက်ကို အနီးစပ်ဆုံးနားလည်ပေးနိုင်မယ်လို့ထင်တဲ့အတွက်ကြောင့်ပါပဲ။

29 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.