အချစ်ဆုံးသူငယ်ချင်းမွေးနေ့ကိုပျော်ရွှင်စွာဆင်နွှဲခဲ့တဲ့ Selena Gomez

ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီးနောက်မှာ ယူတို့ရဲ့ဆယ်လေးက သူငယ်ချင်းတွေကိုပဲ ပိုပြီးအချိန်ပေးလာသလိုပါပဲနော်။ပရိသတ်တွေချစ်ကြတဲ့ အဆိုတော်မလေးSelena Gomez ကို ပြီးခဲ့တဲ့ရက်ပိုင်းက သူမရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Ashley Cook ရဲ့မွေးနေ့လေးမှာ ပျော်ရွှင်နေတာ မြင်တွေ့ခဲ့ရတယ်လို့ ELLE မီဒီယာကနေဖော်ပြလာခဲ့ပါတယ်။

အမြဲတမ်းလွတ်လပ်ပေါ့ပါးတဲ့ဖက်ရှင်နဲ့စတိုင်လ်ကျလှပနေတဲ့ Selena Gomez ဟာ သူငယ်ချင်းဖြစ်သူရဲ့မွေးနေ့မှာလည်း ဆောင်းရာသီရဲ့အငွေ့အသက်ဆွယ်တာခပ်ပွပွလေးရယ် ဂျင်းဘောင်းဘီလေးရယ်ကို တွဲဖက်ဝတ်ဆင်ခဲ့တယ်လို့သိရပါတယ်။သူမရဲ့သူငယ်ချင်းတွေက အင်စတာဂရမ်စတိုရီမှာ ဓာတ်ပုံလှလှလေးတွေပြန်တင်ပေးခဲ့ကြတာဖြစ်ပါတယ်။

Selena Gomez ဟာ သူမရဲ့ အင်စတာဂရမ်ကိုပြန်သုံးနေပြီဆိုပေမဲ့ ပိုစ့်တွေတော့သိပ်တင်တာမတွေ့ရသေးပါဘူး။သူမရဲ့ သူငယ်ချင်းတွေဆီကနေတစ်ဆင့်သာ သူမဘာတွေလုပ်နေတယ်ဆိုတာကို တွေ့မြင်နေရတာပဲဖြစ်ပါတယ်။ပြီးတော့ သူမနဲ့ရင်းနှီးသူတစ်ယောက်က “နောက်ဆိုလည်း သူမက ဆိုရှယ်မီဒီယာပေါ်ဘာမှသိပ်တင်ဖြစ်မှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ ဒီဆိုရှယ်မီဒီယာဟာ သူမရဲ့စိတ်ကျန်းမာရေးကို အများကြီးသက်ရောက်မှုရှိနေလို့ပါပဲ။ဒါပေမဲ့ သူမရဲ့ ပရိသတ်တွေအတွက်တော့ အသိပေးစရာရှိတဲ့အခါ တင်ပေးသွားမှာဖြစ်ပါတယ်”လို့ပြောခဲ့ပါတယ်။

သူငယ်ချင်းမွေးနေ့မှာပျော်ရွှင်နေတဲ့ Selena Gomez ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

15 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.