Burning Sun နဲ့ပတ်သက်ဆက်နွယ်နေတယ်လို့သတင်းထွက်လာတဲ့ မင်းသား Ji Chang Wook

အခုလတ်တလောမှာ ဂယက်ထနေတဲ့ Burning Sun ကိစ္စနဲ့ပတ်သက်ပြီး အနုပညာရှင်တစ်ချို့ဆက်နွယ်ပတ်သက်နေတာ ပရိသတ်တွေလည်းသတိထားမိမှာပါ။မကြာသေးခင်ရက်ပိုင်းကလည်း မင်းသား Ji Chang Wook နဲ့ Burning Sun က ရင်းနှီးမြှုပ်နှံသူတစ်ယောက် အတူရိုက်ကူးထားတဲ့ဓာတ်ပုံတွေထွက်ရှိလာပြီး ကောလဟာလသတင်းတွေစထွက်လာခဲ့ပါတယ်။

မတ်လ ၂၃ရက်နေ့က SBS က ထုတ်လွှင့်ပြသတဲ့ “Unanswered Questions”အစီအစဉ်မှာ အဲ့ဒီဓာတ်ပုံကပါဝင်လာခဲ့တာပါ။SBS ကတော့ သူတို့ဟာ Madam Lin နဲ့ ကိုရီးယားအနုပညာရှင်တော်တော်များများနဲ့ သိကျွမ်းတယ်ဆိုတာကိုသာ ထုတ်ပြတာဖြစ်ပြီး Ji Chang Wook က
Burning Sun နဲ့ဆက်နွယ်နေတယ်ဆိုတာကို ပြသတာမဟုတ်ပါဘူးလို့ ပြောထားပါတယ်။

Ji Chang Wook ရဲ့ အေဂျင်စီကလည်း မင်းသားနဲ့ Burning Sun ရဲ့ရှယ်ယာ ၂၀ရာခိုင်နှုန်းပိုင်ဆိုင်ထားတဲ့ Madam Lin ဆိုသူ ထိုင်ဝမ်အမျိုးသမီးတို့
ရင်းနှီးကျွမ်းဝင်မှုရှိတယ်ဆိုတဲ့ ကောဟလာလသတင်းကို အခုလိုပဲငြင်းဆိုခဲ့ပါတယ်။

“ဟယ်လို Glorious Entertainment ကပါ
ကျွန်တော်တို့ကုမ္ပဏီက မင်းသား Ji Chang Wook ဟာ  “Unanswered Questions”အစီအစဉ်မှာပါဝင်ခဲ့တဲ့ ဓာတ်ပုံထဲကအမျိုးသမီးနဲ့ ဘာပတ်သက်ဆက်နွယ်မှုမှမရှိပါဘူး။သူမက ပရိသတ်တစ်ယောက်အနေနဲ့ဓာတ်ပုံရိုက်ဖို့တောင်းဆိုလို့ ရိုက်ပေးခဲ့တာပါ။အဲ့ဒီကနေ အခုလိုသတင်းအမှားတွေထွက်လာရတာပါပဲ။ဒီသတင်းတွေဟာ မင်းသားရဲ့ ပုံရိပ်ကို အရမ်းကျဆင်းစေသလို သူ့မိသားစုတွေ၊သူ့ပရိသတ်တွေအတွက်လည်း ဒီသတင်းကစိတ်ထိခိုက်ရစေပါတယ်။ဒါကြောင့်မဟုတ်မမှန်တဲ့သတင်းတွေကိုပြန်ပြီးပြင်ဆင်ဖို့ကျွန်တော်တို့တောင်းဆိုချင်ပါတယ်။ကျွန်တော်တို့ဘက်ကတော့ ကျွန်တော်တို့မင်းသားကို အကောင်းဆုံးကာကွယ်ပေးသွားမှာပါ။Ji Chang Wook ကို အမြဲအားပေးကြပြီး သူ့ကို ချစ်ခြင်းမေတ္တာတွေပို့ပေးနေကြတဲ့ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းလည်းပြောချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

အခုလက်ရှိမှာတော့ မင်းသား Ji Chang Wook ဟာ စစ်မှုထမ်းဆောင်နေဆဲဖြစ်ပြီး မေလ ၁၃ရက်နေ့မှ တာဝန်ပြီးဆုံးမှာဖြစ်တယ်လို့သိရပါတယ်။ပြီးရင်တော့ သူ့ရဲ့ အနုပညာအလုပ်တွေပြန်လုပ်တော့မှာဖြစ်လို့ ပရိသတ်ကြီးလည်း စောင့်မျှော်အားပေးကြဦးနော်

48 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.