Relationship တစ်ခုမှာ အရမ်းတွန်းအားပေးမိတဲ့အခါ ဒါတွေဖြစ်လာလိမ့်မယ်…

ချစ်လို့ လက်တွဲလိုက်တာနဲ့ သူနဲ့ကိုယ်ဟာ အရာရာတူညီနေမယ်လို့ ထင်လား ။ လျှောက်မယ့်လမ်းချင်း
တူနေရင်တောင် လုပ်ရိုးလုပ်စဉ်တွေဟာ ကွဲနေပါလိမ့်မယ်။ အရာရာမှာ ငါ့စိတ် ၊ ငါ့သဘောတိုင်းပဲ
ဆိုပြီး အတ္တရှေ့တန်းတင်မိရင် ချစ်တာမဟုတ်တော့ပါဘူး။ ချစ်ပါတယ်ပြောပြီး သူ့အပေါ်
လေးစားမှုမထားတာပါပဲ။ ဒါကြောင့် Rs တစ်ခုအပေါ် မင်းတွန်းအားပေးမိရင် ဒါတွေဖြစ်လာပါလိမ့်မယ်…

သူ့ကိုအဝေးတွန်းထုတ်သလိုဖြစ်သွားလိမ့်မယ်

Related image

မင်းရဲ့rs ကို မွန်းကြပ်အောင်မလုပ်မိပါစေနဲ့။ အရမ်းတွန်းအားပေးမိတဲ့အခါ သူ့အတွက် ထွက်ပေါက်ရှာ
လာပါလိမ့်မယ်။ အရာရာလိုက်ထိန်းချုပ်နေရင် သူ့အတွက် မင်းနဲ့တွဲရတာ သက်တောင့်သက်သာမရှိ
တော့ဘူး။ ထိန်းချုပ်လေ ရုန်းထွက်ချင်လေ ဖြစ်လာပါလိမ့်မယ်။ သူလည်း ကလေးမဟုတ်တော့ဘူးလေ။
ဘာကို ဘယ်လိုလုပ်သင့်တယ်ဆိုတာ သူလည်း သူ့ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်တတ်ပါတယ်။
အရာရာကို အရမ်းလိုက်မပြောပါနဲ့။

ဆွဲဆောင်မှု လျော့ကျလာမယ်


အရာရာကို ပွစိပွစပြောတတ်တဲ့ မင်းဟာ အလိုလိုဆွဲဆောင်မှု လျော့နည်းလာလိမ့်မယ်။
အရမ်းကြိုးစားနေတာကလည်း မင်းအတွက် စမတ်မကျစေတော့ဘူး ။ သူနဲ့ rs တစ်ခု ခိုင်မြဲအောင်
တမင်လုပ်ယူနေရလား။ မဟုတ်သေးဘူးလေ.. rs တစ်ခုတည်မြဲဖို့ဆိုတာ တမင်လုပ်စရာမှမလိုတာ။
ယုံကြည် နားလည်မှုတွေကသာ Rs တစ်ခုကို ရေရှည်ခိုင်မြဲဆိုတာ မမေ့နဲ့နော်…

မင်းခံစားချက်နဲ့ မင်းရှုပ်ထွေးနေတာပါ

Image result for sad mood
တစ်ခါတစ်လေ လူတွေဟာ ခံစားချက်တွေရှုပ်ထွေးနေတတ်ပါတယ်။ အလိုလိုနေရင်း ပြဿနာရှာချင်
တဲ့စိတ်တွေ ၊ အပြစ်မြင်တဲ့စိတ်တွေ ရုတ်တရက် ပွားခနဲပေါ်လာတတ်ပါတယ်။ ဒီအခြေအနေကို
ကျော်ဖြတ်ဖို့က ခက်ပါတယ်။ ဆိုးတာက အတိတ်ကပြီးခဲ့တာတွေကို ပြန်ပြန်တူးဆွပြီး ချေးခြောက်
ရေနူးနေတာမျိုးမလုပ်သင့်တော့ဘူး။ ဒါလည်း စိတ်ဓာတ်ပျော့ညံ့ခြင်းတစ်မျိုးပါ။ ပျော့ညံ့သူတစ်ယောက်
လို ဆက်နေဦးမလား။ ဒါမှမဟုတ် လက်ရှိအချိန်ကိုပဲ အာရုံစိုက်မှာလား ?

မကြိုက်တဲ့အရာကို မင်းကိုယ်တိုင်ပဲ ဖန်တီးနေတာပါ

Related image
မင်းရဲ့မုန်းခြင်း ၊ ချစ်ခြင်းဆိုတာ မင်းရဲ့စိတ်ထဲမှာပဲ ဖြစ်တည်တာပါ။
ပြောချင်တာက အကောင်းမြင်စိတ်လေးထားဖို့ပါ။ ကိုယ့်ရဲ့စိတ်ကို ကိုယ်ပိုင်တယ်မလား။ ဒါဆို
မကြိုက်တဲ့အတွေးတွေ ၊ မဟုတ်တဲ့ သံသယတွေ ၊ မကောင်းတဲ့ အမြင်တွေကို ဖယ်ထုတ်ပစ်ကြည့်ပါ။
ဘယ်လောက် ငြိမ်းချမ်းသွားမလဲ.. ခံစားကြည့်လိုက်။ ကိစ္စတိုင်းဟာ မင်းရဲ့စိတ်ခံစားချက်နဲ့ပဲ
သက်ဆိုင်ပါတယ်။ ပျော်ရွှင်မှုတွေကို မင်းကိုယ်တိုင်ပဲ ဖန်တီးနိုင်သလို ၊ ဝမ်းနည်းပူဆွေးတွေကိုလည်း
မင်းကိုယ်တိုင်ပဲ ဖန်တီးယူနေတာပါ..

သူဟာ မင်းအတွက် သင့်တော်တဲ့လူတစ်ယောက်ဖြစ်နေတာတောင်မှ မင်းရဲ့ထိန်းချုပ်ချင်တဲ့
အတ္တစိတ်တွေ ၊ ကိုယ့်ဘက်ကိုယ်ပဲ သိတာမျိုးဆို သူမင်းအနား ကြာကြာရှိနေမှာမဟုတ်ပါဘူး။
အသေးမွှားကိစ္စလေးတွေမှာ ဆိုးတာဘာမှမဖြစ်ပေမယ့် ခဏခဏဆိုးလွန်းနေရင် ဘယ်သူ
သည်းခံနိုင်မှာလဲ.. မင်းဆိုရင်ရော.. သည်းခံနိုင်မလား ? ကိုယ်ချင်းစာစိတ်လေးနဲ့ဖြည့်တွေးပြီး
ချစ်သူအပေါ် ယုံကြည်နားလည်မှုအပြည့်နဲ့ စိတ်သန့်သန့်ချစ်နိုင်ကြပါစေ…

21 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.