Paul Waker ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီးတော့ နောက်ဆုံးမှာ တရားဝင်သတင်း ထွက်ပေါ်လာပါပြီ။ Fast And The Furious မှာ ပါဝင်ထားတဲ့ သူ့ရဲ့ဇာတ်ရုပ်ကို ဘယ်လိုချန်လှပ် သွားမယ်ဆိုတာ ဟောလီဝုဒ်သတင်းထောက်တွေက တရားဝင် ထုတ်ပြန်လိုက်ပါပြီ။
Brain O’Conner အဖြစ် ပါဝင်ထားတဲ့ Walker ဟာ လုံးဝသေဆုံးသွားတဲ့အစား အနားယူသွား တယ်လို့ ယူဆထားပါတယ်။ Universal ဟာ ဘယ်လိုအနားယူတယ်ဆိုတာနဲ့ ပတ်သက်ပြီး အချိန်အတော်ကြာ နှုတ်ပိတ်နေခဲ့ကြပါတယ်။
မူလက ဒီဇာတ်ကားကို ၂၀၁၄ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့မှာ ထုတ်လွှင့်မယ်လို့ ရည်မှန်းထားပေမယ့် အခုတော့ ၂၀၁၅ခုနှစ် ၊ ဧပြီလ (၁၀)ရက်နေ့မှာမှ ထုတ်လွှင့်မယ်လို့ ကြေငြာခဲ့ပါတယ်။ နောက်ပြီး Walker ရဲ့ ဇာတ်ရုပ်ဟာလည်း မူလရိုက်ကူးထားတဲ့ ပေအရှည်အတိုင်း ထွက်ပေါ်လာမှာဖြစ်ပါတယ်။
မူလဇာတ်ညွှန်းကို ဇာတ်ကောင် ခွဲခွာသွားရခြင်းနဲ့ ပတ်သက်ပြီး အကျိုးအကြောင်း ညီညွတ်အောင် ပြောင်းလဲရေးသားမှာဖြစ်ပါတယ်။ ထပ်တိုးမယ့် ဇာတ်ဝင်ခန်းတွေကို ရေးသားရိုက်ကူး နေပြီဖြစ်ပါတယ်။ ဒါတွေအတွက် နောက်ထပ် အချိန်(၈)လထပ်ယူပြီး အပြီးရိုက်ကူးသွားမှာပါ။
Ref:herworldplus