စမတ်ဖုန်းနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ နည်းလမ်းတိုတိုထွာထွာလေးတွေ…

ဖုန်းပြောရုံ၊အင်တာနက်သုံးရုံတင်မက ယူတို့ရဲ့ ဖုန်းလေးနဲ့ပတ်သက်ပြီး ဒီလိုနည်းလမ်းတိုတိုထွာထွာလေးတွေလည်း သိထားဖို့လိုပါတယ်နော်။

*မလိုအပ်ပဲ ဖုန်းကို “Auto-rotate” မလုပ်ထားပါနဲ့

မလိုအပ်ပဲ ဖုန်းကို “Auto-rotate” မလုပ်ထားသင့်ပါဘူး။ဘာလို့လဲဆိုရင် အဲ့ဒါကို အမြဲဖွင့်ထားမယ်ဆိုရင် သင့်ရဲ့ဖုန်းဘက်ထရီကို မြန်မြန်ကုန်စေပါတယ်တဲ့

*ဖုန်းအားသွင်းနေတုန်း ဖုန်းမသုံးပါနဲ့

ဖုန်းအားသွင်းနေတုန်း အင်တာနက်သုံးတာ၊ဂိမ်းဆော့တာတွေဟာ လူကိုအန္တရာယ်ဖြစ်စေတဲ့အပြင် ဖုန်းဘက်ထရီသက်တမ်းကိုပါ တိုစေပါတယ်။

*အားမြန်မြန်ပြည့်အောင် “Airplane Mode” လုပ်ထားပါ

ဖုန်းအားမြန်မြန်ပြည့်ချင်တယ်ဆိုရင် ဖုန်းအားသွင်းနေတုန်း “Airplane mode” လုပ်ထားသင့်ပါတယ်။ဒီနေ့ခေတ်ဖုန်းတွေကတော့ အားသွင်းရင်းခဏလေးနဲ့မြန်မြန်ပြည့်တာချည်းပါပဲ။ဒါပေမဲ့ အရေးကြီးတယ်ဆိုရင် ဒီနည်းလေးက ပိုပြီးအသုံးဝင်စေမှာပါ။

*ဓာတ်ပုံများများရိုက်ချင်တယ် မြန်မြန်ရိုက်ချင်တယ်ဆိုရင် ကင်မရာခလုတ်လေးကို ဖိထားပြီးဆွဲရိုက်လိုက်ရုံပါပဲ

ဒါလေးကိုတော့လူတော်တော်များများသိကြဦးမယ်မထင်ပါဘူး။ကိုယ်က ပတ်ဝန်းကျင်နေရာတစ်ခုလုံးကိုရိုက်ချင်တယ်။မြန်မြန်လည်းရိုက်ချင်တယ်ဆိုရင်ဖုန်းကင်မရာခလုတ်လေးကို ဖိထားပြီးဆွဲယူရိုက်လိုက်ရုံပါပဲ။တစ်စက္ကန့်အတွင်းမှာပဲ ပုံ ၂၀ ရိုက်ကူးလို့ရနိုင်ပါတယ်။

*နေရာသစ်တစ်ခုမှာ ကားရပ်ထားရင် နေရာမမေ့သွားအောင် ဓာတ်ပုံရိုက်ထားပါ

တစ်ခါတစ်လေ ကိုယ်ဘယ်နားမှာကားရပ်မိမှန်း မမှတ်မိတတ်ကြပါဘူး။အထူးသဖြင့်နေရာသစ်တစ်ခုသွားတဲ့အခါ ယောင်လည်လည်ဖြစ်နေတတ်ပါတယ်။ဒါကြောင့် ကိုယ့်ကားရယ်နီးစပ်တဲ့နေရာပတ်ဝန်းကျင်ရယ်ကို ဓာတ်ပုံရိုက်ယူထားသင့်ပါတယ်။ဒါဆို သင့်ကားဘယ်နားမှာလဲ ကြာကြာရှာနေစရာမလိုတော့ဘူးပေါ့

*ဗီဒီယိုရိုက်နေတုန်း အသံကြည်လင်ပြတ်သားချင်တယ်

ဗီဒီယိုရိုက်နေတုန်း အသံကြည်လင်ပြတ်သားချင်တယ်ဆိုရင် ရိုက်နေတဲ့အချိန် သင့်ဖုန်းရဲ့ Microphone နေရာလေးကို လက်နဲ့ဖိဖုံးထားလိုက်ရုံပါပဲ။ဒါဆို
အသံထွက်ပိုကောင်းလာပါလိမ့်မယ်။

*တစ်ပတ်ကို အနည်းဆုံး ၃ ခါ Restart ချပါ

ဖုန်းလည်း အနားပေးသင့်ပါတယ်နော်။ဒါကြောင့် တစ်ပတ်ကို သုံးကြိမ်လောက် restart ချပေးပြီး ဖုန်းကို ခဏအနားထားပါ။အဲ့ဒါမှ ဖုန်းရဲ့စွမ်းဆောင်ရည်တွေ
မြန်မြန်မကျဆင်းသွားမှာဖြစ်ပါတယ်။

21 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.