ပေါ်တူဂီအသင်းခေါင်းဆောင်၊ ရီးယဲမက်ဒရစ် အဓိကကစားသမား ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်က ဆယ်လ်တာဗီဂိုကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ပွဲမှာ ဂိုး ၂ ဂိုးသွင်းယူခဲ့ပြီး သူ့ ကစားသမားဘ၀တစ်လျှောက် ပွဲပေါင်း ၆၅၃ ပွဲမှာ သွင်းဂိုး ၄၀၀ ပြည့်မြောက်သွားပြီဖြစ်ပါတယ်။ အခုလို ခြေစွမ်းပြကစားနိုင်ခဲ့တဲ့အတွက်လည်း လာမယ့် ဇန်န၀ါရီလ ၁၃ ရက်နေ့ မှာ ပေးအပ်မယ့် Ballon d’Or award ဆုကို ရရှိဖို့ ပို ရေပန်းစားလာခဲ့ပါတယ်။
ရီးယဲလ်နဲ့ ဆယ်လ်တာဗီဂိုတို့ အသင်း မကစားမီမှာ မကြာမီက ကွယ်လွန်သွားခဲ့တဲ့ ပေါ်တူဂီ ဂန္တ၀င် ကစားသမား ၊ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားထဲက တစ်ဦးဖြစ်တဲ့ Eusebio အတွက် တစ်မိနစ်တာ ငြိမ်သက်ခဲ့ကြပါတယ်။
ဒီပွဲအနိုင်ရရှိပြီးတဲ့နောက်မှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ ထိပ်ဆုံးနေရာက ဘာစီလိုနာ၊ ဒုတိယနေရာက အက်သလက်တီကို အသင်းတို့ နဲ့ ငါးမှတ်အကွာ တတိယနေရာကနေ ပြိုင်ဆိုင်လျက်ရှိပါတယ်။
Ref: bbc.co.uk