“ဘာမှမဖြစ်ပါဘူး အဆင်ပြေပါတယ်”ဆိုတဲ့စကားနောက်ကွယ်မှာ ဒီလိုခံစားချက်အဓိပ္ပာယ်တွေရှိတယ်

တစ်ယောက်ယောက်ဆီက ငါဘာမှမဖြစ်ပါဘူး။ငါအဆင်ပြေပါတယ်ဆိုတဲ့စကားကိုများကြားခဲ့ဖူးသလား။ဒါမှမဟုတ် တစ်ယောက်ယောက်ကိုပြောခဲ့ဖူးသလား?။ဒီစကားလုံးကိုပြောရခြင်းက အခြေအနေအကြောင်းအရာတွေအပေါ်မူတည်ပြီးအဓိပ္ပာယ်တွေလည်းကွဲသွားပါတယ်။အဆင်ပြေပါတယ်ဆိုတဲ့စကားနောက်ကွယ်က တိတ်ဆိတ်နေတဲ့စကားသံတွေပေါ့။ဒါဖြင့် ဒီအဆင်ပြေပါတယ်ဆိုတဲ့စကားက ဘယ်လိုအဓိပ္ပာယ်တွေသက်ရောက်နေလဲ..လေ့လာချက်တွေအရတော့ ဒီလိုမျိုးတွေ့ရှိပါတယ်။

ငါအဆင်ပြေပါတယ် = ငါတစ်ယောက်တည်းနေပါရစေ
တစ်ယောက်ယောက်ဆီက နှောင့်ယှက်တာမခံချင်တဲ့အခါ၊ဂရုစိုက်မှုတွေမလိုချင်တဲ့အခါ တစ်ယောက်တည်းနေချင်တဲ့အခါ အဆင်ပြေပါတယ်ဆိုတဲ့စကားနဲ့ တားဆီးထားတတ်ကြတယ်။သူတို့အတွက် သီးသန့်တစ်ယောက်တည်းနေဖို့ အချိန်လိုအပ်နေတာပဲဖြစ်ပါတယ်။

ငါအဆင်ပြေပါတယ် = တစ်ယောက်ယောက်ဆီကပွေ့ဖက်နှစ်သိမ့်ခံချင်တယ်
တစ်ခါတစ်လေကျတော့ အဆင်ပြေတယ်လို့ပြောတာဟာ သူမရဲ့ခံစားချက်ကိုဖုံးကွယ်ထားတာလည်းဖြစ်နိုင်ပါတယ်။သူမ စိတ်မကောင်းစရာအခြေအနေမျိုး
ကြုံနေရတယ်။ဒါပေမဲ့ သူမအဆင်ပြေတယ်ပြောတယ်။အဆင်ပြေတယ်ဆိုပြီး ဒီတိုင်းမထားခဲ့ပါနဲ့။သူမအနေနဲ့ တစ်စုံတစ်ယောက်ဆီက ပွေ့ဖက်မှုတစ်ချက်လောက် လိုအပ်နေပါလိမ့်မယ်။

ငါအဆင်ပြေပါတယ် =ငါနင့်ကြောင့် အသည်းကွဲနေတယ်
ချစ်သူနဲ့လမ်းခွဲပြီးတဲ့အခါမှာ ကိုယ်ကသေလောက်အောင်နာကျင်နေပါစေ တစ်ဖက်လူကို ကိုယ်သူ့ကြောင့် ဘယ်လောက်နာကျင်နေရတယ်ဆိုတာ မပြချင်တဲ့အခါ အဆင်ပြေပါတယ်ဆိုတဲ့စကားနဲ့ဟန်ဆောင်တတ်ကြပါတယ်။အလိမ်ခံရတဲ့အခါမှာလည်း ဒီနာကျင်မှုကို အဆင်ပြေပါတယ်ဆိုတဲ့စကားနဲ့ဖုံးကွယ်တတ်ကြပါတယ်။ဒါပေမဲ့ အဆင်ပြေပါတယ်ဆိုတဲ့စကားက သူ့ကြောင့်ခံစားနေရတယ်လို့ဆိုလိုချင်တာပါပဲ။

ငါအဆင်ပြေပါတယ် = ငါအဆင်မပြေဘူး
တစ်ခါတစ်ရံမှာတော့ ဒီအဆင်ပြေတယ်ဆိုတဲ့စကားက အဆင်မပြေဘူးဆိုတဲ့စကားကိုပြောသလိုပါပဲ။အလုပ်လည်းအဆင်မပြေ၊အချစ်ရေးမှာလည်း အဆင်မပြေတဲ့သူကို နင်အဆင်ပြေရဲ့လားသွားမေးရင် နှုတ်ကတော့ အဆင်ပြေပါတယ်လို့ပြောပေမဲ့ တကယ်တော့ အဆင်မပြေဘူးလို့ပြောနေတာပါပဲ။အဲ့ဒီလိုအချိန်မျိုးမှာဆို သင့်ဘက်က သူ့ကိုအကြံဥာဏ်ပေးတာ၊မသိမသာနဲ့ အားတက်စကားပြောပေးတာမျိုးလုပ်ပေးမယ်ဆိုရင် သူတို့စိတ်ထဲ အနည်းငယ်အားဖြစ်သွားမှာအမှန်ပါပဲ။

အဆင်ပြေပါတယ်ဆိုတဲ့စကားကြားတဲ့အခါ တကယ်ပဲအဆင်ပြေတာဖြစ်နိုင်ပေမဲ့ သင်သာ သူတို့အပေါ်တကယ်ဂရုတစိုက်ရှိရင်၊သူတို့ရင်ထဲကစကားတွေကို သေချာနားစိုက်ထောင်ကြည့်မယ်ဆိုရင် အဲ့ဒီ့စကားက ဒီထက်ပိုပြီးနက်ရှိုင်းတယ်ဆိုတာခံစားရပါလိမ့်မယ်။ကိုယ်ချစ်ခင်ရတဲ့သူတွေဆီက ငါအဆင်ပြေပါတယ်။ဘာမှမဖြစ်ပါဘူးဆိုတဲ့စကားကြားတဲ့အခါ  အဆင်ပြေရင်ပြီးတာပါပဲဆိုပြီး ဒီတိုင်းမလှည့်ထွက်ခဲ့ပါနဲ့။အနားမှာပဲဖြစ်ဖြစ်ရှိနေပေးတာက သူတို့လိုချင်တဲ့အားပေးနှစ်သိမ့်မှုဖြစ်နိုင်ပါတယ်။

Ref:herway.net

208 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.