ကိုယ်တွေမျက်စိရှေ့မှာတင် အရွယ်ရောက်လာကြတဲ့သူတို့လေးတွေရဲ့ လတ်တလောအနုပညာလှုပ်ရှားမှု

ကေဒရာမာဇာတ်လမ်းတွဲတွေနဲ့ကြီးပြင်းလာတဲ့သူတွေဆိုရင် ဒီကလေးသရုပ်ဆောင်လေးတွေကိုလည်းသိကြမှာအမှန်ပါပဲ။အခုတော့ သူတို့လေးတွေက ဆယ်ကျော်သက်လူငယ်လေးတွေဖြစ်လာကြပြီး ခေါင်းဆောင်မင်းသားမင်းသမီးတွေအဖြစ်ပါ ဇာတ်လမ်းတွဲတွေရိုက်ကူးနေကြပါပြီ။ကိုယ်တွေချစ်ခဲ့ရတဲ့ ကလေးသရုပ်ဆောင်လေးတွေ အခုဘာတွေလုပ်နေကြလဲ။ဘယ်လိုပုံစံလေးတွေဖြစ်နေကြလဲဆိုတာဆက်ပြီးဖတ်ကြည့်လိုက်ပါဦး

Yoo Seung Ho

Yoo Seung Ho ကတော့ ၂၀၀၂ တုန်းက The way Home ဆိုတဲ့ဇာတ်ကားနဲ့ ကလေးသရုပ်ဆောင်လေးအဖြစ်နာမည်ကျော်ကြားခဲ့တာဖြစ်ပါတယ်။သူ့ကို So Ji Sub အငယ်စားလေးလို့တောင် နာမည်ပေးထားကြတာပါ။၂၀၁၅ တုန်းကတော့ စစ်မှုထမ်းဆောင်လို့ပြီးခဲ့ပြီး Magician ၊ The Emperor: Ruler of the Mask ၊I’m Not A Robot စတဲ့ဇာတ်လမ်းတွဲတွေမှာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။မကြာသေးခင်ကတော့ My Strange Hero ဇာတ်လမ်းတွဲကိုရိုက်ကူးထားကြောင်းသိရပါတယ်။

Kim Yoo Jung

သူမလေးကိုလည်း အားလုံးကသိကြမှာပါ။Kim Yoo Jung ဟာ ၂၀၀၃ ခုနှစ်တုန်းက ကလေးသရုပ်ဆောင်အဖြစ်စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ သရုပ်ဆောင်ကောင်းမွန်မှုတွေကြောင့် နာမည်ကျော်ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဆယ်ကျော်သက်အရွယ်မှာတော့ Moon Embracing The Sun ၊Angry Mom စတဲ့ဇာတ်လမ်းတွဲတွေကိုရိုက်ကူးခဲ့ပါတယ်။၂၀၁၆ မှာတော့ မင်းသား Park Bo Gum နဲ့ Moonlight ဇာတ်လမ်းတွဲကို ခေါင်းဆောင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းတော့ ကျန်းမာရေးအခြေအနေကြောင့် ခဏအနားယူခဲ့ပြီး ၂၀၁၈ ထဲမှာ မင်းသား Yoon Kyun-sang နဲ့Clean with Passion for Now ဇာတ်လမ်းတွဲကိုရိုက်ကူးထားခဲ့ပါတယ်။

Yeo Jin Goo

၂၀၀၅ ခုနှစ်တုန်းက Sad ရုပ်ရှင်ကားနဲ့နာမည်ကျော်ကြားခဲ့တဲ့ ကလေးသရုပ်ဆောင်လေး Yeo Jin Goo ဟာ ၂၀၀၈ တုန်းကလည်း Iljimae ဆိုတဲ့ဇာတ်လမ်းတွဲကို Kim Yoo Jung နဲ့တွဲဖက်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေအားပေးမှုရရှိခဲ့တဲ့ကလေးဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ ၂၀၁၂ တုန်းက Moon Embracing the Sun ဇာတ်လမ်းတွဲမှာမင်းသားမင်းသမီးရဲ့ ငယ်ဘ၀သရုပ်ဆောင်တွေအဖြစ်ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။Yeo Jin Goo ဟာ အခုဆိုရင်တော့ ဆွဲဆောင်မှုအပြည့်ရှိတဲ့လူငယ်တစ်ယောက်ဖြစ်လာပြီး Into The World Again ဇာတ်လမ်းတွဲမှာသရုပ်ဆောင်ထားခဲ့သလို မကြာခင်မှာလည်း Hotel Del Luna ၊ Absolute Boyfriend စတဲ့ဇာတ်လမ်းတွဲတွေရိုက်ကူးဖို့ရှိတယ်လို့သိရပါတယ်။

Kim Sae Ron


အသက် ၉နှစ်အရွယ်တည်းက အနုပညာအလုပ်ကို လုပ်ခဲ့တဲ့ ကလေးမလေး Kim Sae Ron ဟာ A Brand New Life ၊ The Man From Nowhere စတဲ့ဇာတ်ကားတွေနဲ့ပရိသတ်အားပေးမှုအခိုင်အမာရရှိလာခဲ့ပါတယ်။၂၀၁၄ တုန်းက Hi School: Love On ဇာတ်လမ်းတွဲကိုရိုက်ကူးခဲ့ပါတယ်။အခုဆိုရင် သူမလေးဟာ အသက် ၁၈နှစ်ကျော်လူငယ်လေးဖြစ်နေပြီး The Villagers ဆိုတဲ့ဇာတ်လမ်းတွဲကို ၂၀၁၈ တုန်းကရိုက်ကူးထားခဲ့တယ်လို့သိရပါတယ်။

Lee Hyun Woo

Lee Hyun Woo ကတော့ The Legend ၊ King Sejong The Great ၊ The Return of Iljimae ၊ Queen Seondeok စတဲ့ဇာတ်လမ်းတွဲတွေမှာပါဝင်ရင်း
နာမည်ကျော်ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။၂၀၁၇ တုန်းကတော့ Red Velvet အဖွဲ့ဝင် Joy နဲ့ The Liar and His Lover ဇာတ်လမ်းတွဲကိုရိုက်ကူးခဲ့ပြီး အခုလက်ရှိမှာတော့ စစ်မှုထမ်းဆောင်နေတယ်လို့သိရပါတယ်။

Seo Shin Ae

၂၀၀၄ တုန်းက Seoul Milk ကြော်ငြာနဲ့ပွဲဦးထွက်ခဲ့တဲ့ ကလေးမလေး Seo Shin Ae ဟာ ၂၀၀၇ မှာတော့ Meet Mr. Daddy ၊ Thank You စတဲ့ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး MBC Drama Awards ပွဲမှာ Best Young Actress ဆုကိုရရှိခဲ့ပါတယ်။၂၀၁၃ မှာတော့ သူမဟာ Queen’s Classroom ဇာတ်လမ်းတွဲကို Kim Sae Ron နဲ့ အတူရိုက်ကူးခဲ့ပါတယ်။အခုဆိုရင်တော့ သူမဟာ အသက် ၂၀ အရွယ်လူငယ်လေးဖြစ်နေပြီး အနုပညာအလုပ်တွေကိုကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။

Kim So Hyun

သြစတေးလျမှာမွေးဖွားခဲ့သူလေးဖြစ်ပြီး သူမဟာ အသက် ၇နှစ်မှ ကိုရီးယားကိုပြန်လည်ရောက်ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနှစ်မှာပဲသူမရဲ့အနုပညာလှုပ်ရှားမှုကိုစတင်ခဲ့ပြီး ၂၀၁၂ ထဲမှာရိုက်ကူးခဲ့တဲ့ Moon Embracing the Sun မှာ ပရိသတ်တွေရဲ့ အာရုံစိုက်အားပေးမှုကိုပိုပြီးရရှိခဲ့တာဖြစ်ပါတယ်။၂၀၁၃ မှာတော့ Missing You ဇာတ်လမ်းတွဲနဲ့ အောင်မြင်ခဲ့ပြီး ပိုပြီးလူသိများလာခဲ့ပါတယ်။သူမ ပထမဆုံးခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ခဲ့တာကတော့ ၂၀၁၅ တုန်းကရိုက်ကူးခဲ့တဲ့ Who Are You: School ဇာတ်လမ်းတွဲဖြစ်ပြီး နောက်ပိုင်းမှာ Hey Ghost, Let’s Fight ၊ The Emperor: Owner of the Mask ၊ Radio Romance စတဲ့ဇာတ်လမ်းတွေမှာ ခေါင်းဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။၂၀၁၈ တုန်းကျင်းပခဲ့တဲ့ Pyeongchang Winter Olympics ပွဲမှာ သူမကို ကိုရီးယားနိုင်ငံသားတွေရဲ့အပြုံးနဲ့ကြင်နာမှု ကိုယ်စားပြု “National Representative of Honorary Smile”အဖြစ်ရွေးချယ်ခဲ့တယ်လို့သိရပြီး အခုလက်ရှိ Love Alarm ဇာတ်လမ်းတွဲကိုရိုက်ကူးနေဆဲဖြစ်တယ်လို့သိရပါတယ်။

Source:Koreaboo

91 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.