တစ်ခြားသူအပေါ် မနာလိုဝန်တိုခြင်းရဲ့အကျိုးဆက်

မနာလို သဝန်တိုတယ်ဆိုတာ စိတ်ထဲဖြစ်ပြီး ပျောက်သွားတာမျိုးလို့ ထင်လား။ ခဏလေးဖြစ်လိုက်တဲ့
ခံစားချက်က စိတ်ရော လူပါထိခိုက်စေနိုင်ပါတယ်။ တစ်ချို့ တွေဆို မနာလိုရင် မျက်နှာမှာ
ပေါ်လွင်နေပါရော။ စိတ်ကဖြစ်တာမှန်သမျှ မျက်နှာ ထင်ဟပ်ပါတယ်။ ဒါကြောင့် လူကြီးတွေက
စိတ်ကလေး ဖြူအောင်ထား ။ ဒါမှ ရုပ်ကလေးလှမှာဆိုးပြီး ဆိုဆုံးမကြတာပေါ့။

Image result for get Jealous in office

ဘယ်လောက်ပဲ ပြင်ထားဆင်ထားပါစေ စိတ်လေးပုပ်နေရင် ရုပ်လေးပုပ်နေမယ်ဆိုတာ အမှတ်ရပါ။
ဒါ့အပြင် မနာလိုသဝန်တိုခြင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲ…

မနာလိုစိတ်ဖြစ်ပြီဆိုတာနဲ့ အများစုအပေါ် မကောင်းမြင်စိတ်တွေ ပိုများလာစေပါတယ်။ မိသားစု ၊
သူငယ်ချင်းနဲ့ ချစ်သူကြား မလိုလားအပ်တဲ့ ပြဿနာတွေလည်းဖြစ်စေနိုင်ပါတယ်။
နောက်ပိုင်း ခန္ဓာကိုယ်အတွင်း ဖိစီးမှုတွေများလာမယ်။ ကိုလက်စထရောဓာတ်တွေ ၊ သွေဖိအားတွေ
တက်လာမယ်။ နှလုံးခုန်နှုန်းတွေလည်း တိုးလာပါလိမ့်မယ်။ ဒီလို သူများအပေါ်မနာလိုဖြစ်နေတဲ့
စိတ်ကို ဖျောက်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေက အသုံးဝင်မှာပါ။

ကိုယ့် Goal အပေါ်အာရုံစိုက်ထားပါ


အခြားသူတွေ ဘာလုပ်နေလဲ..ဘယ်သွားပြီး ဘာတွေစားနေလဲဆိုတာ လိုက်ကြည့်နေမယ့်အစား
ကိုယ့်ရဲ့ရည်မှန်းချက် ၊ ဖြစ်ချင်တဲ့ အိပ်မက်တွေအပေါ်မှာ အာရုံစိုက်ထားပါ။ အောင်မြင်မှုလမ်းအပေါ်
အမြန်ရောက်နိုင်သလို အချိန်တွေလည်း ဖြုန်းတီးရာမရောက်တော့ဘူး။ စိတ်လည်း ချမ်းသာလာပါ
လိမ့်မယ်။

အကောင်းမြင်စိတ် မွေးပါ

Image result for get Jealous in office
ဘာပဲဖြစ်ဖြစ် သူများအောင်မြင်မှုအပေါ် ချီးကျုးတတ်ရမယ်။ အားကျတတ်ရမယ်။ အားကျပြီး
ကိုယ်တိုင်လုပ်ဖို့လည်း လိုအပ်တယ်။ အကောင်းမြင်စိတ်မွေးလိုက်တာက မင်းအတွက် ဘယ်လောက်ထိ
အကျိုးကျေးဇူးရှိနိုင်လဲဆိုတာ ထားဖူးမှသိလိမ့်မယ်။

ဘဝက တိုတိုလေးလေ။ သူများအကြောင်း လိုက်စိတ်ဝင်စားပြီး အချိန်ကုန်မယ့်အစား
အကျိုးရှိတာလေးတွေ လုပ်နေစေချင်တယ်။

74 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.