”Stranger Things” Season 3 Trailer ကြည့်ပြီးသွားကြပြီလား

”Stranger Things” ကို Season1တည်းက ကြည့်လာတဲ့သူတွေဆိုရင်တော့ Season 3 ကိုလည်း
အကြိုက်တွေ့ဦးမယ်ထင်ပါတယ်။ ဒါဆို မကြည့်ရသေးတဲ့သူတွေအတွက်လည်း ”Stranger Things” နဲ့
စိမ်းမနေအောင် တစ်ခါတည်း မိတ်ဆက်ပေးလိုက်ပါမယ်…

Image result for Stranger Things

”Stranger Things” ကို Netflix ကနေ ထုတ်လွှင့်တာဖြစ်ပြီး သဘာဝလွန်ဖြစ်ရပ်ဆန်းတွေနဲ့
တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ ဇာတ်လမ်းတွဲအမျိုးအစားဖြစ်ပါတယ်။ သူဟာ စထွက်တည်းက
season 2 ထိထွက်ခဲ့တာဖြစ်ပြီး ၁၉၈ဝ ခုနှစ်ကို ဇာတ်အိမ်ယူထားတာပါ။ ဆယ်ကျော်သက်တွေ
သရုပ်ဆောင်ထားတယ်ဆိုပြီး ကလေးကားလေးလို့တော့ မထင်လိုက်ပါနဲ့…

IMDB rating – 8.9/10 နဲ့ Rotten Tomatoes မှာတော့ 96% ထိရရှိထားတဲ့ အမိုက်စား စီးရီးပဲဖြစ်ပါ
တယ်။

Image result for Stranger Things

ဇာတ်လမ်းအကျဉ်း
ရာဇဝတ်မှုတွေ ကင်းရှင်းတဲ့ ဟော့ကင်းမြို့ လေး တစ်မြို့ ရှိတယ်။ မိုက်ကယ်ဆိုတဲ့ ဥာဏ်ကောင်းတဲ့
ကောင်လေးရယ် ၊ အစားပုတ် ဒတ်စကင်ရယ်၊ သိပံ္ပပညာရပ်ကို အရမ်းစိတ်ဝင်စားလွန်းတဲ့
လူးကပ်စ် ၊ အနေအေးတဲ့ ဝေလ် တို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေပေါ့။

သူတို့တွေနေထိုင်တဲ့ မြို့ ခပ်လှမ်းလှမ်းမှာ အစိုးရရဲ့သုတေသနဌာနကြီးတစ်ခုရှိတယ်။ အဲ့ဒီဌာနက
တကယ်တော့ သဘာလွန်ဖြစ်ရပ်တွေနဲ့ စိတ်စွမ်းအားတွေကို အထူးပြုလေ့လာနေတဲ့ သုတေသန
ဌာနကြီးပါ။ တစ်နေ့မှာ ဝေလ်တစ်ယောက်ပျောက်သွားတယ်။ အဲ့ဒီအချိန်မှာပဲ သုတေသနဌာနကြီးကနေ
စိတ်စွမ်းအားရှင် ကလေးတစ်ယောက်လည်း လွတ်မြောက်လာပြီး သူတို့မြို့ ထဲရောက်နေတယ်။
ပျောက်သွားတဲ့ ဝေလ်နဲ့ ဒီစိတ်အားရှင်ကလေးဟာ ဘယ်လိုများ ဆက်စပ်နေမလဲ… အခြားသူငယ်ချင်းတွေကရော.. ဝေလ်ကို ပြန်ရှာတွေ့ပါဦးမလား.. ဆိုတာ season 1 ကနေ စကြည့်လိုက်နော်။

Image result for Stranger Things

season 3 မှာလည်း အမိုက်စား ဘယ်လိုဇာတ်ကွက်တွေ ပါလာဦးမလဲဆိုတာ
မျှော်လင့်စောင့်စားလျက်…

9 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.