ဇာတ်ကားအသစ်အတွက် ဇာတ်ညွှန်းစဖတ်နေပြီဖြစ်တဲ့ Han Ji Min နဲ့ Jung Hae In

MBC က ထွက်ရှိမယ့် ဇာတ်ကားသစ် ” Spring Night” ကို ဒါရိုက်တာ Ahn Pan Suk နဲ့
ဇာတ်ညွှန်း Kim Eun တို့က ဖန်တီးသွားမှာဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့
Han Ji Min, Jung Hae In, Kim Jun Han, Im Sung Uhn, Joo Min Kyung, Lee Moo Saengတို့ ဖြစ်ပါတယ်။

ဆောင်းရာသီညလေးတစ်ညမှာ တွေ့ဆုံခဲ့တဲ့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့
အချစ်ဇာတ်လမ်းကို ကြည်နူးဖွယ်ရာတွေ့ရမှာပါ။ ဒီဇာတ်ကားဟာ ဒါရိုက်တာ Ahn Pan Suk နဲ့
ဇာတ်ညွှန်း Kim Eun တို့ရဲ့ဒုတိယမြောက် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်။
“Pretty Noona Who Buys Me Food ” ရုပ်ရှင်ကိုလည်း သူတို့ရိုက်ကူးခဲ့တာပါ။

သရုပ်ဆောင်တွေကတော့ သူတို့ကိုယ်တိုင်ဝင်ရိုက်ရမယ့် ဇာတ်ရုပ်တွေကို သဘောကျကြောင်းနဲ့
ဇာတ်ညွှန်းကိုလည်း ဖတ်နေရင်း အားရခဲ့ကြောင်းပြောပြပါတယ်။ ပရိတ်သတ်တွေလည်း ဒီဇာတ်ကားလေးအတွက် စိတ်လှုပ်ရှားနေကြပါပြီ။

20 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.