ယူတို့ဘ၀မှာရှိနေပြီလား ဒီလိုသူငယ်ချင်းမျိုး…
*ထိုးထွင်းကြံဆဥာဏ်ရှိတဲ့သူငယ်ချင်းမျိုး
သူငယ်ချင်းမျိုး၊သင်ဘာလိုလို သူ့ဆီက အကြံဥာဏ်တောင်းလို့ရတဲ့သူငယ်ချင်းမျိုးလည်း ဘ၀မှာလိုအပ်ပါတယ်။
Unicode
ဘဝမှာ သူငယ်ချင်းတွေမရှိရင် အတော်လေးကိုပျင်းရိငြီးငွေ့ဖွယ်ကောင်းနေမယ်ထင်ပါတယ်နော်။ကိုယ်နဲ့ အေးအတူပူအမျှရှိနေပေးမယ့်သူတွေဆိုရင်တော့ ပိုကောင်းတာပေါ့။ပြီးတော့ သင့်ဘဝမှာ ဒီလိုသူငယ်ချင်း type တွေလည်း ရှိနေသင့်ပါတယ်။
*အမြဲတက်ကြွပျော်ရွှင်နေသူ
Party ဆိုတာနဲ့သွားဖို့အသင့်ဖြစ်နေသူ၊ဘယ်နေရာသွားမယ်။ဒီနေရာသွားမယ်ဆိုပြီး အမြဲတက်ကြွလန်းဆန်းနေတဲ့အပြင် သူငယ်ချင်းတွေကိုပါ သူ့အပျော်တွေကူးစက်ပျော်ရွှင်စေမယ့်သူငယ်ချင်းမျိုးပေါ့။အသက်တွေကြီးလာလို့ ပြန်တွေးကြည့်တဲ့အခါ သူမဟာ သင့်ဘဝကိုအသက်ဝင်အောင်ဖန်တီးပေးခဲ့ပါလားဆိုပြီး တွေးတိုင်းကြည်နူးမိနေမှာအမှန်ပါပဲ။
*နှစ်ခါညှိစရာမလိုတဲ့ခရီးထွက်ဖော်
ခရီးတစ်ခုကိုသွားမယ်ဆိုရင် အမြဲတန်းအသင့်ဖြစ်နေတဲ့ သူငယ်ချင်းတွေ သင့်ဘဝမှာရှိနေပြီလား? သူငယ်ချင်းအုပ်စုလိုက်အားလုံးမဆုံရင်တောင်သင်နဲ့အတူ ဘယ်သွားသွားလိုက်ဖို့အသင့်ဖြစ်နေတဲ့သူငယ်ချင်းတစ်ယောက်လောက်ရှိရင်ကို ဘဝမှာပြည့်စုံလုနီးပါးဖြစ်နေပါပြီ။
*ထိုးထွင်းကြံဆဉာဏ်ရှိတဲ့သူငယ်ချင်းမျိုး
ဘယ်နေရာမှာ ဈေးဝယ်လို့ကောင်းတယ်။ဘယ်နေရာမျိုးမှာ ဈေးတွေချထားတယ်။ဘယ်မှာဘာရှိတယ်ဆိုတာကို သိပြီး အမြဲအကြံဉာဏ်ပေးတတ်တဲ့သူငယ်ချင်းမျိုး၊သင်ဘာလိုလို သူ့ဆီက အကြံဉာဏ်တောင်းလို့ရတဲ့သူငယ်ချင်းမျိုးလည်း ဘဝမှာလိုအပ်ပါတယ်။
*ပြောရဲဆိုရဲလုပ်ရဲကိုင်ရဲတဲ့သူငယ်ချင်းမျိုး
ယုံကြည်ချက်ရှိရှိနဲ့ရှေ့က ဦးဆောင်ပြောဆိုနိုင်တဲ့သူငယ်ချင်းမျိုး၊မကြောက်မရွံ့နဲ့ ဘာမဆိုရင်ဆိုင်ဖို့အသင့်ရှိတဲ့သူငယ်ချင်းမျိုးဟာ သင့်အနားမှာ အမြဲတမ်းရှိနေမယ့်သူမျိုးပါ။ကိုယ့်သူငယ်ချင်းကိုထိခိုက်လာမယ်ဆိုရင် သူမက ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးတတ်တဲ့သူငယ်ချင်းမျိုး သင်ပိုင်ဆိုင်ထားပြီလား?
*လူကြီးတစ်ယောက်လိုသူငယ်ချင်းမျို
းရွယ်တူတွေဖြစ်တယ်ဆိုပေမဲ့လည်းသူမကတော့ အမေတစ်ယောက်လိုလိုက်ဆုံးမနေတတ်တယ်။သူမကိုယ်တိုင်အတွက်သာမက သူငယ်ချင်းတွေကိုလည်းဂရုစိုက်ဖို့မမေ့ဘူး။ဥပမာ ခရီးတိုလေးတစ်ခုသွားမယ်ဆိုရင်တောင် သူမက အဆာပြေမုန့်တွေ၊ရေတွေ၊ဆေးတွေ စသဖြင့်လိုအပ်တာတွေကို အရင်ဆုံးပြင်ဆင်ထည့်မယ့်သူမျိုးပေါ့။အေးတဲ့အခါ အနွေးထည်လေးယူသွားဖို့ သူမပြောမယ်။တစ်ခုခုဖြစ်ပြီဆို သူမက အရင်ဆုံးပြေးလာမယ်။အဲ့ဒီလို ဂရုစိုက်ကြင်နာတတ်တဲ့သူငယ်ချင်းမျိုးလည်း သင့်ဘဝမှာလိုအပ်ပါတယ်။
ဒီလိုသူငယ်ချင်းတွေပိုင်ဆိုင်ထားရင်တော့သင်က တကယ့်ကို ကံကောင်းတဲ့သူပါပဲ။
40 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.