ပြသရေးစနစ် ပြောင်းလဲလိုက်မယ်ဆိုရင် ဇာတ်ကားတွေ အများကြီး ပေါ်ထွန်းလာနိုင်လိမ့်မယ်လို့ ပြောတဲ့ လူမင်း

297500_110688929045219_1424150129_n.jpg

သရုပ်ဆောင်၊ ဒါရိုက်တာလည်းဖြစ်သလို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ လူမင်းကို တွေ့ဆုံခိုက် ရုပ်ရှင်ရုံတွေကို ဒီဂျစ်တယ်စနစ် ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး ခုလို မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ကိုယ်တို့ဆီမှာ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်တာရယ်၊ ပြသတဲ့စနစ်ရယ်၊ ရုပ်ရှင်ရုံတွေ ပေါ်ထွန်းလာရေးရယ်က ဆက်စပ်နေတယ်။ ဒါအခု ရုပ်ရှင်ရုံတွေအကုန်လုံးကို ဒီဂျစ်တယ်စနစ်တွေပြနိုင်ဖို့အတွက် ရုပ်ရှင်လုပ်ငန်းက ဦးစီးပြီးတော့ တွေ့ဆုံညှိနှိုင်းပြီးဖြစ်ပေမဲ့ လက်ရှိမှာ အဲဒီဂျစ်တယ်ရုံကို ပြောင်းလဲနိုင်ဖို့အတွက်က ရုံအင်အားက နည်းနေသေးတယ်။ အကြောင်းက ရုံတင်ပြသရေးစနစ်က တန်းစီနေရတာဖြစ်တဲ့ အတွက် နယ်ရုံတွေက ရုံတော့ပြင်ပြီးပါရဲ့။ မြန်မာကားစီးဆင်းမှုနဲ့ မြန်မာကားရရှိမှုက ဒီအတိုင်းပဲ ဆက်ဖြစ်နေမယ်ဆိုရင် သူတို့အတွက် အဆင်မပြေဘူး’လို့ သူက ထောက်ပြထားတယ်။

အဲတော့ ရုံတင်ပြသရေးမှာ ဘာလို့တန်းစီစနစ်ကြီးဖြစ်နေသလဲဆိုတာကို ထပ်မေးကြည့်ပြန်တော့ သူက ‘တချို့တွေက သိပ်မသိကြဘူး။ ဒီလိုတန်းစီပြသစေဆိုပြီး ရုပ်ရှင်အစည်းအရုံးက မူချ မှတ်ထားတာမျိုး မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်လဲ ပြသရေးစနစ်ကို ပြောင်းလဲဖို့ ကိုယ်တို့ဆီမှာ အမြဲတမ်းပြသညှိနှိုင်းရေးအဖွဲ့ ဆိုတာရှိတယ်။ အဲဒါတွေက ဘယ်သူတွေလဲဆိုတော့ ရုပ်ရှင်ရုံပိုင်ရှင်တွေရယ်၊ ရုပ်ရှင်ကားတွေ ရိုက်ကူးထုတ်လုပ်ပြီး ရုံတင်ပြသဖို့ စောင့်နေတဲ့ ထုတ်လုပ်သူတွေရယ် သူတို့အချင်းချင်းပဲ ညှိနှိုင်းပြီး ပြသရေးစနစ်ကြီးက ဖြစ်ပေါ်လာတာ။ ပြသရေးစနစ်တစ်ခုပြောင်းမယ်ဆိုလဲ ဒီလူတွေကသဘောတူမှလေ။ ကိုယ်ဆိုလဲ ကိုယ်ရိုက်ထားတဲ့ ကားရှိတဲ့အခါ ဆွေးနွေးသင့်တယ်။ ကိုယ်ကတော့ ဘယ်လောက်ပဲ တန်းစီရတန်းစီရ ကိုယ့်အလှည့် ရောက်ရင် ရချင်တယ်ဆိုတာမျိုးပေါ့။ ရုံပြိုင်တွေ ပြတဲ့အခါကျတော့လဲ တစ်ဦးနဲ့တစ်ဦး ထိခိုက်တယ်ဆိုတာမျိုးပေါ့။ ရုပ်ရှင်ကားတစ်ကားရဲ့ ရင်းနှီးမြှုပ်နှံမှုကလဲ ထောင်ဂဏန်းရှိတာမျိုး ဆိုတော့ တန်ဖိုးအရလဲ စိုးရိမ်စိတ်တွေရှိကြမှာပဲ။ နံပါတ်၁ ကHDတွေနဲ့ ရိုက်တဲ့ကားတွေ တော်တော်များလာပြီ။ ရုံတွေကလဲ ပေါ်ထွက်လာဖို့ တာဆူနေတယ်။ ကြားထဲမှာ ခံနေတာက ပြသရေးစနစ်၊ အဲတော့ပြသရေးကိုသာ ပြောင်းလိုက်မယ်ဆိုရင် ဒီရုပ်ရှင်ရုံတွေပေါ်ထွန်းလာဖို့ ဇာတ်ကားတွေအများကြီး ထွက်လာဖို့ဆိုတာက ဖြစ်လာမှာပါ’တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.