အတ္တကြီးတဲ့ချစ်သူကို ဘယ်လိုကိုင်တွယ်ကြမလဲ?

ချစ်လည်းချစ်တယ်။တစ်ခါတစ်လေကျတော့ သူအတ္တကြီးလို့စိတ်ပျက်ရတယ်။စိတ်တိုရတယ်ဆိုတာမျိုးတွေကြုံဖူးမှာပါ။စိတ်ညစ်ပါများလာတဲ့အခါ
လူက ဒီအချစ်ရေးမှာမပျော်မရွှင်ဖြစ်ကြပါတယ်။ဒါပေမဲ့ ကိုယ်က သူ့ကိုလည်းမမုန်းနိုင်၊သူအတ္တကြီးတာကိုလည်း အမြဲလက်မခံနေနိုင်ဘူးဆိုရင် အဲ့ဒီလိုအခြေအနေမျိုးကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။

*ပထမဆုံးအချက်က သူ့ရဲ့ အကျင့်နဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုတာမျိုးသိပ်မလုပ်ပါနဲ့
တကယ်လို့သင်ဟာ အတ္တကြီးတဲ့ချစ်သူကိုပိုင်ဆိုင်ထားတယ်ဆိုရင် သူက တစ်ခါတစ်ရံတော့သင့်ကိုစိတ်ပျက်မိအောင်လုပ်မှာအမှန်ပါပဲ။ဒါပေမဲ့
သင်ဟာ အချစ်ရေးနဲ့ပတ်သက်ပြီး ဘာပြဿနာမှမဖြစ်စေချင်ဘူးဆိုရင် သင်လုပ်ရမှာက အမှန်တရားကိုမြင်ဖို့ပါပဲ။သူ့ကိုပြောင်းလဲလို့ရမှာမဟုတ်ပါဘူး။ဒါကြောင့်သင့်ချစ်သူက အတ္တကြီးတယ်။တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာကို လက်ခံပါ။ပြောင်းလဲလို့ရမှာပဲလေဆိုတဲ့စိတ်နဲ့ မကြိုးစားပါနဲ့။ဒါက ကိုယ်ပဲပိုစိတ်ဆင်းရဲ
ရပါတယ်။

*သူဒီလိုမျိုးအတ္တကြီးတာ၊တစ်ကိုယ်ကောင်းဆန်တဲ့အပြုအမူမျိုးလုပ်တာဟာ သင့်ကိုဘယ်လိုခံစားရစေကြောင်းပြောပြပါ
တစ်ခါတစ်လေကျရင် ကိုယ်ဘယ်လိုခံစားရတယ်ဆိုတာ ပြောပြသင့်ပါတယ်။အဲ့ဒီလိုမဟုတ်ရင် သူအဆင်ပြေပါတယ်ဆိုတဲ့စိတ်နဲ့ တစ်ဖက်က ပိုဆိုးလာပါလိမ့်မယ်။ဒါကြောင့် သူအတ္တကြီးတာ၊တစ်ကိုယ်ကောင်းဆန်တာတွေက သင့်အပေါ်ကိုဘယ်လိုသက်ရောက်မှုရှိစေတယ်။သင့်ကိုဘယ်လိုနာကျင်ခံစားရတယ်ဆိုတာ
သူနားလည်အောင်ဖြည်းဖြည်းချင်းပြောပြပါ။ဒါမှ သူရဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီး ပြန်လည်ဆန်းစစ်သွားမှာဖြစ်ပါတယ်။

*ကိုယ့်ကိုယ့်ကိုယ်ဦးစားပေးဖို့မမေ့ပါနဲ့
တစ်စုံတစ်ယောက်ကိုချစ်မိလာတဲ့အခါကိုယ်တို့ဟာ အဲ့ဒီတစ်စုံတစ်ယောက်ကိုပဲပျော်ရွှင်အောင်လုပ်ပေးချင်ကြတယ်။ဒါပေမဲ့ သင့်ချစ်သူကတော့
သူတစ်ယောက်တည်းအတွက်ပဲကြည့်တဲ့ အတ္တသမားမျိုးဆိုရင်တော့ သင်မျှော်လင့်ထားသလို အချစ်တွေပြန်ရဖို့မဖြစ်နိုင်ပါဘူး။သင့်ကိုဦးစားမပေးတဲ့ချစ်သူမျိုးကိုရထားပြီဆိုရင်တော့ သင့်ကိုယ်သင်ပထမဦးစားပေးနေရာမှာထားဖို့၊သင်ပျော်ရွှင်ဖို့ကိုပဲဦးစားပေးသင့်ပါတယ်။

*တန်ပြန်တုံ့ပြန်မှုမျိုးလုပ်ကြည့်ပါ
တစ်ခါတစ်လေ လူတွေက သူတို့ရဲ့ အကျင့်စရိုက်ဘယ်လောက်ဆိုးဝါးတယ်ဆိုတာ သူတို့ကိုယ်တိုင်ပြန်မခံရမချင်း မသိကြပါဘူး။သူတို့ သူများအပေါ်
လုပ်တဲ့အရာတစ်ခုကို သူတို့ကိုယ်တိုင်ပြန်ခံရတော့မှ နားလည်ကြတာပါ။သူတို့တွေက သူများချစ်တာ၊သူများဂရုစိုက်တာပဲ ခံချင်ကြပါတယ်။သူတို့
ပြန်ပေးရမှာကိုတော့ မသိကြပါဘူး။ဒါကြောင့် သူ့အတွက်ဆိုပြီးလုပ်ပေးနေဆဲအရာတွေကို ခဏရပ်ကြည့်ပါ။သူ့ကို ခဏလောက်ဂရုမစိုက်ပဲနေကြည့်ပါ။
သူ့ကို အာရုံမစိုက်ပဲနေကြည့်ပါ။အဲ့ဒါမှ အချစ်ရေးတစ်ခုမှာ နှစ်ဦးနှစ်ဘက် အပေးအယူမျှမှဖြစ်မယ်။ရေရှည်ခိုင်မြဲမယ်ဆိုတာ သူတို့သိသာခံစားသွားရမှာ
ဖြစ်ပါတယ်။

*သူနဲ့ရေရှည်လက်တွဲသွားဖို့ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုရှိရဲ့လား ပြန်မေးကြည့်ပါ
အပေါ်က အချက်တွေလိုကြိုးစားကြည့်တယ်။နားလည်ပေးကြည့်တယ်။အဲ့ဒါကိုမှမရဘူးဆိုရင်တော့ သူဟာ သင့်ကိုတကယ်ပဲချစ်တာဟုတ်ရဲ့လား။
သူ့ကိုယ်သူပဲချစ်နေတာလားဆိုတာ စဉ်းစားဖို့လိုလာပါပြီ။အဓိကကတော့ ဒီအချစ်ရေးမှာကိုယ်တကယ်ပျော်နေရဲ့လား ကိုယ့်ကိုယ့်ကိုယ်မေးကြည့်ဖို့ပါပဲ။
ပြီးတော့ ဒီလိုပုံစံမျိုးနဲ့ရှေ့ဆက်ဖို့ရောယုံကြည်မှုရှိရဲ့လား၊ဒီအခြေအနေကို ကောင်းကောင်းကိုင်တွယ်နိုင်ရဲ့လားပေါ့။အကောင်းဆုံးကတော့ ကိုယ်မပျော်ရွှင်တဲ့အချစ်ရေးတစ်ခုမှာ ကြိုးစားပြီးမနေဖို့ပါပဲ။

အချစ်တစ်ခုတည်းကိုပဲယုံကြည်ပြီးရှေ့ဆက်လို့မရတဲ့နေ့တွေ၊အချိန်တွေရှိပါတယ်။သူသာ ကိုယ့်ကိုတကယ်ချစ်တယ်ဆိုရင် သူ့ဘက်က အတ္တကြီးမှု၊တစ်ကိုယ်ကောင်းဆန်မှုတွေကို ကြိုးစားပြီးလျှော့ပါလိမ့်မယ်။သင့်အတွက် လုံးဝမကြည့်ဘူးဆိုရင်တော့ သင့်အနေနဲ့ ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချဖို့လိုနေပါပြီ။

Ref:herway.net

27 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.