တစ်ခါတစ်လေ လမ်းခွဲလိုက်ရင် အဆင်ပြေသွားမယ်ထင်ထားပေမယ့်…

ချစ်သူတွေမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကတော့ မျိုးစုံပါပဲ။ ဒါပေမယ့် လမ်းခွဲဖို့အခြေအနေထိ
ရောက်လာတဲ့အခါ သေချာစဉ်းစားဖို့ လိုပါတယ်။ လမ်းခွဲလိုက်တိုင်း မင်းလွတ်လပ်သွားမယ် ၊
အဆင်ပြေသွားမယ်ထင်ရင် မှားပါလိမ့်မယ်။ ဘာလို့ဆို လမ်းခွဲခြင်းမှာ နှစ်ဦးနှစ်ဖက် နာကျင်
ဆုံးရှုံးခြင်းဆိုတာ ရှိပါတယ်။

Image result for Break-Up

ကိုယ်က ဘာမှလည်းမဖြစ်ပဲနဲ့ (ဥပမာ – သူ့အပေါ် ရိုးနေတာမျိုး) လမ်းခွဲချင်စိတ်ပေါက်လာလို့
လမ်းခွဲလိုက်တယ်။ အစကတော့ ချစ်တယ်ခံစားရပေမယ့် အချိန်ကြာလာတာနဲ့အမျှ အေးစက်လာသလို
စိတ်မပါသလို ခံစားလာရတာတွေ ဖြစ်ဖူးကြမှာပါ။ အဲ့တော့ လမ်းခွဲလိုက်ပြီ။ ကိုယ်လမ်း ကိုယ်လျှောက်
ပြီဆိုတာနဲ့ နောက်ပြန်လှည့်မကြည့်တော့မှာ မင်းသေချာလား ? ကိုယ့်ကိုကိုယ်မေးကြည့်ပါဦး…
နောက်မှ နောင်တမရပဲ နေနိုင်မှာ သေချာလား… ဒါဆို ဖြတ်လိုက်ပေါ့.. စိတ်လွတ် ကိုယ်လွတ်။

အဲ့လိုစိတ်မထားနိုင်ပဲ ထင်ရာမြင်ရာ လျှောက်လုပ်မယ်ဆို မင်းကိုတကယ်ချစ်တဲ့ လူတစ်ယောက်ကို
ဆုံးရှုံးသွားရလိမ့်မယ်။ သူ့အပေါ် စိတ်မပါလို့ ဖြတ်ရမှာလည်း လက်တွန့်နေတယ်။ နောက်တစ်ယောက်နဲ့လည်း
အပျော်ကောက်တွဲလိုက်တာမျိုးပေါ့။ ခဏလေး စိတ်သာယာသွားတဲ့အချိန်မှာ
ပြန်ဖျက်လို့မရတဲ့ အမှားတွေ ဆက်တိုက်ကျုးလွန်နိုင်ပါတယ်။ အဲ့ဒီအမှားတွေက မင်းကိုတကယ်ချစ်တဲ့သူအတွက် စိတ်ဒဏ်ရာတွေပေါ့။

Image result for Break-Up

တကယ်တမ်း ကိုယ့်ဘာကိုယ် ပြန်သုံးသပ်ချိန်မှာ အပျော်ထားတဲ့သူအပေါ်လည်း စိတ်ယိုင်မိနေတာ။
အချစ်ဆိုတာဟာ ဖြစ်မလာဘူး။ သူ့အတွက် ကိုယ်ဘာမှ အနစ်နာခံလိုစိတ်မရှိဘူး။ သူနဲ့ပတ်သတ်ပြီး
ဘာဆို ဘာမှ နက်နက်ရှိုင်းရှိုင်း ခံစားချက်တွေမရှိတာ ။ သာယာနေတုန်း အချိန် တစ်ခဏပဲ။
တကယ်တမ်း အရေးရယ်ကြောင်းရယ်ဆို ပြေးလာမယ့်သူက ဘယ်သူဖြစ်မယ်ထင်လဲ ? မင်းအပျော်ထားတဲ့ တစ်ယောက်လား ?
လိုအပ်ချိန်တိုင်းရောက်လာပေးသူကို အဲ့ချိန်တွေဆို သတိရနေမှာ အမှန်ပါ ။

တစ်ခါတစ်လေ လူ့သဘာဝအရ စိတ်ကစားတတ်တဲ့ မှန်ပေမယ့် ဦးနှောက်ဆိုတာ စဉ်းစားဆင်ခြင်ဆုံးဖြတ်ဖို့
ခေါင်းထဲ ထည့်ပေးထားတာလေ။ အလကားသိမ်းထားဖို့မှ မဟုတ်တာ။ အမှားဆိုတာ လူတိုင်းဖြစ်နိုင်တယ်။ တစ်ကြိမ်တစ်ခါမှားတာနဲ့ အမြဲသင်ခန်းစာယူနိုင်အောင်ကြိုးစားပါ။ လမ်းခွဲလိုက်တိုင်း အဆင်ပြေသွားတယ် မထင်ပါနဲ့… တစ်ချို့ ဆို တန်ဖိုးမထားတတ်လို့ လမ်းခွဲပြီးမှ နာကျင်နေရတာတွေ တွေ့ဖူးပါတယ်…

282 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.