US Vogue မဂ္ဂဇင်းကာဗာမှာ ဖော်ပြခြင်းခံရတဲ့ ပထမဆုံး တောင်ကိုရီးယားမင်းသမီး Bae Doona

တောင်ကိုရီးယား မင်းသမီးချော Bae Doona ကတော့ Vogue မဂ္ဂဇင်းကာဗာမှာ ဖော်ပြခြင်းခံရတဲ့
ပထမဆုံး အမျိုးသမီးဖြစ်သွားပါပြီ။

View this post on Instagram

About today: KINGDOM @netflix

A post shared by Doona Bae 배두나 (@doonabae) on

အသက် ၃၉နှစ်ရှိပြီဖြစ်တဲ့ Bae Doona ဟာ Netflix ရဲ့နာမည်ကြီး series တွေဖြစ်တဲ့
”Sense 8” နဲ့ ” Kingdom ” တို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဧပြီလထုတ် Vogue မဂ္ဂဇင်းကာဗာမှာ
“A celebration of global talent” theme နဲ့ ရိုက်ကူးထားပါတယ်။

April editionမှာ နိုင်ငံပေါင်း ၁၄နိုင်ငံမှ စူပါစတား ၁၄ယောက်ကို ရွေးထုတ်ဖော်ပြထားတာဖြစ်ပါတယ်.
Doona ဟာ ကမ္ဘာကျော်မင်းသမီး Scarlett Johansson နဲ့ အိန္ဒိယမင်းသမီးချော Deepika Padukone တို့နဲ့အတူ တွဲဖက်ရိုက်ကူးထားတာ တွေ့ရပါတယ်။

သူမရဲ့ပရိတ်သတ်တွေကလည်း ဒီအတွက် ဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်။ သူမကတော့ တကယ်ပဲ
ကိုရီးယားအတွက် အထင်ကရမှတ်တမ်းတစ်ခုကျန်ရစ်အောင် ပြုလုပ်နိုင်ခဲ့တဲ့ ပထမဆုံး တောင်ကိုရီးယားမင်းသမီးပါပဲ။

32 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.