Block B အဖြဲ႔၀င္ P.O က သူမသေဘာက်တဲ႔ပံုစံပါလို႔ ေျပာျပလာတဲ႔ မင္းသမီးေခ်ာေလး Moon Geun Young

နာမည္ေက်ာ္ေတာင္ကုိရီးယားမင္းသမီးေခ်ာေလး Moon Geun Young ကေတာ့ သူမသေဘာက်တဲ႔ေယာက်္ားေလးပံုစံက ဘယ္လိုမ်ိဳးလဲဆုိတာ
ဖြင့္ဟ၀န္ခံလုိက္ပါျပီ။မၾကာေသးခင္ရက္ပုိင္းက Moon Geun Young ဟာ MBC က စီစဥ္ထုတ္လႊင့္တဲ႔ “Those Who Cross The Line”အစီအစဥ္မွာပါ၀င္ခဲ႔တယ္လုိ႔သိရပါတယ္။အဲ႔ဒီအင္တာဗ်ဴးမွာ သူမရဲ ႔Ideal type က ဘယ္လိုလဲဆုိတာကုိလည္း ေျပာျပခဲ့ပါတယ္။

Moon Geun Young က “ထူးထူးျခားျခားသတ္မွတ္ထားတာေတာ့မရွိပါဘူး။ဒါေပမဲ႔ သူက ကြ်န္မမ်က္စိထဲၾကည့္ေကာင္းေနရင္ အဲ႔ဒီေယာက်ာ္းေလးက ေခ်ာတာပါပဲ။ျပီးေတာ့P.O ဆုိရင္ သူ႔မွာ ခ်ိဳသာတဲ႔အျပံဳးေလးရိွတယ္။တစ္ျခားသူေတြအေပၚမွာလည္း ၾကင္ၾကင္နာနာရွိတယ္လုိ႔ ကြ်န္မထင္ပါတယ္။ကြ်န္မသူ႔ကုိ တီဗီမွာပဲ ျမင္ဖူးတာပါ”လို႔ေျပာခဲ႔ပါတယ္။P.O ဆုိတာ Block B အဖြဲ႔၀င္အဆုိေတာ္ေလးျဖစ္ပါတယ္။သူမက အဲ႔ဒီလုိေျပာအျပီးမွာ “ကြ်န္မရွင့္ကုိအျမဲအားေပးေနမွာပါ”လုိ႔ေျပာခဲ႔ပါေသးတယ္။

မတ္လ ၁၈ရက္ေန႔ကေတာ့ P.O ဟာ “Hello Counselor”မွာ ဧည့္သည္အျဖစ္ပါ၀င္ခဲ႔တယ္လုိ႔သိရျပီး အဲ႔ဒီအေၾကာင္းနဲ႔ပတ္သက္လို႔ေမးျမန္း
ၾကည့္ခဲ႔ရာ P.O က ရွက္စႏုိးနဲ႔အရင္ျပံဳးခဲ႔ျပီး “ကြ်န္ေတာ္အဲ႔ဒီသတင္းကုိ ေတ႔ြခဲ႔ပါတယ္။ကြ်န္ေတာ္လည္း သူမနဲ႔အျပင္မွာတစ္ခါမွ မေတြ႔ဖူးပါဘူး။ဒါေပမဲ႔ ကြ်န္ေတာ္က ငယ္ငယ္ေလးကတည္းက သူမရဲ ႔ပရိသတ္ပါ။ျပီးေတာ့ ကြ်န္ေတာ္နဲ႔ပတ္သက္ျပီး အခုလုိေျပာလာတဲ႔အတြက္ ေက်နပ္၀မ္းသာမိပါတယ္”လုိ႔ေျပာလာခဲ႔ပါတယ္။

အခုလတ္တေလာမွာေတာ့ မင္းသမီး Moon Geun Young ဟာ “Catch Yoo Ryung” (ယာယီနာမည္)ဇာတ္လမ္းတြဲမွာ ပါ၀င္သရုပ္ေဆာင္ဖုိ႔ကမ္းလွမ္းခံထားရတယ္လို႔သိရပါတယ္။ပရိသတ္ၾကီးေရာ သူမကုိ ျပန္လည္အားေပးဖို႔အသင့္ပဲလား?

Source:Soompi

Unicode

နာမည်ကျော်တောင်ကိုရီးယားမင်းသမီးချောလေး Moon Geun Young ကတော့ သူမသဘောကျတဲ့ယောကျ်ားလေးပုံစံက ဘယ်လိုမျိုးလဲဆိုတာဖွင့်ဟဝန်ခံလိုက်ပါပြီ။မကြာသေးခင်ရက်ပိုင်းက Moon Geun Young ဟာ MBC က စီစဉ်ထုတ်လွှင့်တဲ့ “Those Who Cross The Line”အစီအစဉ်မှာပါဝင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအင်တာဗျူးမှာ သူမရဲ့Ideal type က ဘယ်လိုလဲဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။

Moon Geun Young က “ထူးထူးခြားခြားသတ်မှတ်ထားတာတော့မရှိပါဘူး။ဒါပေမဲ့ သူက ကျွန်မမျက်စိထဲကြည့်ကောင်းနေရင် အဲ့ဒီယောကျာ်းလေးက ချောတာပါပဲ။ပြီးတော့P.O မှာ ချိုသာတဲ့အပြုံးလေးရှိတယ်။တစ်ခြားသူတွေအပေါ်မှာလည်း ကြင်ကြင်နာနာရှိတယ်လို့ ကျွန်မထင်ပါတယ်။ကျွန်မသူ့ကို တီဗီမှာပဲ မြင်ဖူးတာပါ”လို့ပြောခဲ့ပါတယ်။P.O ဆိုတာ Block B အဖွဲ့ဝင်အဆိုတော်လေးဖြစ်ပါတယ်။သူမက အဲ့ဒီလိုပြောအပြီးမှာ “ကျွန်မရှင့်ကိုအမြဲအားပေးနေမှာပါ”လို့ပြောခဲ့ပါသေးတယ်။

မတ်လ ၁၈ရက်နေ့ကတော့ P.O ဟာ “Hello Counselor”မှာ ဧည့်သည်အဖြစ်ပါဝင်ခဲ့တယ်လို့သိရပြီး အဲ့ဒီအကြောင်းနဲ့ပတ်သက်လို့မေးမြန်းကြည့်ခဲ့ရာ P.O က ရှက်စနိုးနဲ့အရင်ပြုံးခဲ့ပြီး “ကျွန်တော်အဲ့ဒီသတင်းကို တေ့ွခဲ့ပါတယ်။ကျွန်တော်လည်း သူမနဲ့အပြင်မှာတစ်ခါမှ မတွေ့ဖူးပါဘူး။ဒါပေမဲ့ ကျွန်တော်က ငယ်ငယ်လေးကတည်းက သူမရဲ့ပရိသတ်ပါ။ပြီးတော့ ကျွန်တော်နဲ့ပတ်သက်ပြီး အခုလိုပြောလာတဲ့အတွက် ကျေနပ်ဝမ်းသာမိပါတယ်”လို့ပြောလာခဲ့ပါတယ်။

အခုလတ်တလောမှာတော့ မင်းသမီး Moon Geun Young ဟာ “Catch Yoo Ryung” (ယာယီနာမည်)ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖို့ကမ်းလှမ်းခံထားရတယ်လို့သိရပါတယ်။ပရိသတ်ကြီးရော သူမကို ပြန်လည်အားပေးဖို့အသင့်ပဲလား?

56 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.