ကော်ဖီကိုသာ လုံးဝမသောက်ပဲနေမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ…

ကော်ဖီကို အရမ်းကြိုက်တဲ့လူတွေအတွက် ဒါကို မဖတ်ပဲရှောင်ထွက်သွားဖို့ မစဉ်းစားပါနဲ့နော်။
ကော်ဖီဟာလည်း သူ့ဟာနဲ့သူ လူတွေအတွက် ကောင်းကျိုးပေးနိုင်တာလည်း ရှိပါတယ်။ ဒါပေမယ့်
ကော်ဖီကိုသာ လုံးဝမသောက်ပဲ စွန့်လွှတ်လိုက်မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ..

အစာခြေစနစ်တွေ ကောင်းလာမယ်

Coffee
ကဖင်းဓာတ်တွေဟာ အစာအိမ်အတွက် အဆိုးဆုံးပါပဲ။ ကဖင်းမှာ ဝမ်းလျှောစေတဲ့ ဓာတ်တွေပါဝင်ပါ
တယ်။ အစာအိမ်နဲ့ပတ်သတ်တဲ့ ပြဿနာတွေ ၊ အူလမ်းကြောင်းရောဂါတွေ ဖြစ်တတ်ပါတယ်။

အသားရည် ကောင်းလာမယ်

ကော်ဖီဟာ အသားရည်ကောင်းစေတဲ့ collagen ကိုလျော့နည်းစေပါတယ်။ ကော်ဖီတွေအရမ်းသောက်
လို့ အသားရည်ပျက်စီးသွားတယ်ဆိုရင် ကော်ဖီသောက်တာကို လျော့ပါ။ ဒါဟာ သင့်ရဲ့အသားးရည်
ကျန်းမာရေးနဲ့လည်း သက်ဆိုင်နေသလို လက်သည်းကျန်းမာရေးနဲ့ ခန္ဓာကိုယ်တွင်းလုပ်ဆောင်မှုတွေနဲ့
လည်း ဆက်စပ်နေပါတယ်။

ကောင်းကောင်းအိပ်ပျော်စေနိုင်

Image result for coffee
ကော်ဖီဟာ အိပ်စက်ခြင်းကို ပိုပြီးဒုက္ခရောက်စေပါတယ်။ အိပ်ခါနီးအချိန် ကော်ဖီသောက်လိုက်ရင်
တော်တော်နဲ့ အိပ်တော့မှာမဟုတ်ပဲ မျက်လုံးကြောင်နေတော့မှာပါ။ ကော်ဖီလျော့ချလိုက်ရင်
အိပ်ရေးဝဝအိပ်နိုင်ပြီး ၊ အနားကောင်းကောင်းယူနိုင်ပါတယ်။ ကဖင်းဓာတ်မရှိတော့ ခံတွင်းကိုလည်း
ပိုရှင်းစေပါတယ်။

စိုးရိမ်မှုတွေ လျော့ချနိုင်

တစ်ချို့ ဆို ကော်ဖီသောက်ရင် ရင်တုန်တာတွေရှိပါတယ်။ စိုးရိမ်ကိစ္စတွေရှိလာလို့ ကော်ဖီသောက်ထား
ချိန်ဆို ပိုဆိုးစေပါတယ်။ စိုးရိမ်ပူပန်တတ်တဲ့စိတ်ကို ပိုတက်ကြွစေပါတယ်။ သူက အာရုံတွေကို
ပိုရှုပ်ထွေးစေတဲ့အပြင် panic attack ကိုလည်းဖြစ်နိုင်ချေ ပိုများပါတယ်။

69 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.