One Direction အဖွဲ့ဝင် Louis ညီမ နှလုံးဖောက်သေဆုံး

One Direction အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Louis Tomlinson ရဲ့ညီမဖြစ်သူဟာ နှလုံးဖောက်ပြီး
သူမရဲ့လန်ဒန်အိမ်မှာပဲ သေဆုံးသွားတယ်လို့ TMZ သတင်းအရ သိရပါတယ်။ Louis ရဲ့ညီမ
Félicité Tomlinson အသက် ၁၈နှစ်သာရှိပါသေးတယ်။

View this post on Instagram

Don’t know why I look so shocked 🖤

A post shared by Félicité Tomlinson (@felicitegrace) on

Félicité ရဲ့အင်စတာဂရမ်အကောင့်မှာ followers ၁သန်းကျော်ရှိပါတယ်။ ဒီနှစ်ထဲမှာ သူမရဲ့
ဖက်ရှင် brand တစ်ခုကို ထိုးဖောက်ဖို့အစီစဉ်ဆွဲနေခဲ့တာပါ။ ပြီးခဲ့တဲ့ ၄ရက်ကမှ သူမရဲ့
အင်စတာဂရမ်အကောင့်မှာ အနက်ကိုယ်ကြပ်အကျီ င်္လေးနဲ့ ဂျင်းဘောင်းဘီဝတ်ထားတဲ့ပုံကို
တင်ခဲ့ပါသေးတယ်။

သူမမှာ နှလုံးနဲ့ပတ်သတ်ပြီး စိုးရိမ်စရာလက္ခဏာတွေလည်း မရှိခဲ့သလို အရင်တည်းက ဘာရောဂါမှ
ထွေထွေထူးထူးမဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါဟာ Louis အတွက် ပထမဆုံး ဆုံးရှုံးမှုမဟုတ်ပါဘူး။
လွန်ခဲ့တဲ့ ၂နှစ်ကလည်း Louis ရဲ့အမေ Johannah Deakin လည်း သွေးကင်ဆာနဲ့ဆုံးပါးသွားခဲ့ပါတယ်။
Louis ရဲ့ဆုံးရှုံးမှုအတွက် အားလုံးကလည်း စိတ်မကောင်းတွေဖြစ်နေကြပါတယ်။

27 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.