သင့်ကိုဒီထက်ပိုနုပျိုလှပသွားစေမယ့် လျှို့ဝှက်ချက်တွေက ဘာတွေဖြစ်မလဲ?

ဘယ်အသက်အရွယ်မဆို မိန်းကလေးတိုင်းကလှပချင်ကြပါတယ်။များသောအားဖြင့် နာမည်ကျော်အနုပညာရှင်တွေကို မြင်တဲ့အခါ သူတို့ဘာလို့ ဒီလောက်လှပနုပျိုကြတာလဲဆိုတဲ့အတွေးမျိုးက ဖြစ်ပေါ်လာတတ်ပါတယ်။ဒါကြောင့် အလှအပနဲ့ပတ်သက်ပြီး နာမည်ကျော်တွေပြောပြတဲ့ သတိထားသင့်တဲ့အချက်လေးတွေ၊သိထားသင့်တဲ့အချက်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

*နေ့လည်ခင်းမတိုင်ခင် ကော်ဖီသောက်ပါ

ဟောလိဝုဒ်က အလှအပကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Joanna Vargas ဟာ ကော်ဖီချစ်သူတွေဟာ နေ့လည်ခင်း ၂နာရီမတိုင်ခင်
သောက်သင့်တယ်လို့အကြံပေးထားပါတယ်။ကဖင်းဓာတ်ဟာ အသားအရည်ကိုထိခိုက်စေတယ်ဆိုပေမဲ့ နေ့လည်ခင်းမတိုင်ခင်သောက်ပေးမယ်ဆိုရင်
ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကို ပိုမြန်ဆန်စေပြီး ညနေပိုင်းထက် အစာကြေလွယ်ပါတယ်။ဒါကြောင့်ကော်ဖီကိုစွဲစွဲမြဲမြဲသောက်တတ်သူဆိုရင်
နေ့လည်ခင်း ၂နာရီမတိုင်ခင်သောက်ပေးပါ။ဒါက သင့်အသားအရည်အတွက်ထိရောက်တဲ့ပြောင်းလဲမှုမျိုးဖြစ်ပေါ်လာစေတာ သတိထားမိပါလိမ့်မယ်။

*မျက်နှာသုတ်ပုဝါကို ပုံမှန်လဲပေးပါ

နာမည်ကျော်အနုပညာရှင်တွေဖြစ်တဲ့ Jennifer Garner နဲ့ Reese Witherspoon တို့ရဲ့ အလှအပရေးရာကျွမ်းကျင်ပညာရှင် Nerida Joy က အသားအရည်ကျန်းမာလှပတယ်ဆိုတာ ကိုယ်ဂရုစိုက်ထိန်းသိမ်းတဲ့အပေါ်မူတည်သလို ကိုယ့်ရဲ့အိပ်ရာခင်းတွေ၊မျက်နှာသုတ်ပုဝါတွေအပေါ်မှာလည်း
မူတည်နေပါတယ်။မျက်နှာသုတ်ပုဝါတွေ၊အိပ်ရာခင်းတွေမသန့်ရှင်းဘူးဆိုရင် မျက်နှာကိုဘယ်လောက်ပဲ ဂရုစိုက်စိုက် ဘတ်တီးရီးယားတွေကပ်တွယ်
တတ်ပြီး အသားအရည်ကိုပျက်စီးလာစေပါတယ်။ဒါကြောင့် သင့်အသားအရည်ဟာ အဆီပြန်တယ်ဆိုရင် သုံးရက်တစ်ခါလောက် ခေါ
င်းအုံးစွပ်ကိုလဲပေးသင့်ပြီး ခြောက်သွေ့တဲ့အသားအရည်၊ပုံမှန်အသားအရည်ဆိုရင် တစ်ပတ်ကို တစ်ခါလောက်လဲပေးသင့်တယ်လို့ပြောခဲ့ပါတယ်။

*မတူညီတဲ့ Cosmetic တွေသုံးမယ်ဆိုရင် အချိန်ခွာထားပါ


အလှအပနဲ့ မိတ်ကပ်ကျွမ်းကျင်ပညာရှင် Nissi McCoy က မတူညီတဲ့ Cosmetic ကို ရောသုံးမယ်ဆိုရင် ၅မိနစ်ကနေ ၁၀မိနစ်ထိခွာပြီးမှသုံးပေးသင့်တယ်လို့ပြောထားပါတယ်။တစ်မျိုးလိမ်းထားချိန်ခဏမှာ တစ်ခြားအလုပ်လေးတွေလုပ်ရင်းစောင့်သင့်ပါတယ်။

*တစ်နေ့ထက်တစ်နေ့စောစောအိပ်ပါ


နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ Fredruck Brandt ကတော့ တစ်နေ့ထက်တစ်နေ့စောစောအိပ်ပါလို့အကြံပေးထားပါတယ်။ဒီနေ့ ၁၁ နာရီအိပ်တယ်ဆိုရင်
နောက်တစ်နေ့ ၁၀နာရီခွဲအိပ်တာမျိုးပေါ့။တကယ်ကောင်းကောင်းအနားယူရတယ်လို့ခံစားရတဲ့အထိ ပုံမှန်စောစောအိပ်ပေးသင့်ပါတယ်။ဒီလိုစောစော
အိပ်တာဟာ အသားအရည်နဲ့ပတ်သက်လာရင် အထူးသိသာစေတယ်လို့လည်းပြောထားပါတယ်။

*အသားအရည်ကိုအဆင့် ၂ဆင့်နဲ့ သန့်စင်ပါ

အရေပြားကျွမ်းကျင်ပညာရှင် Ellen Marmur ကတော့ အသားအရည်ကို အဆင့် ၂ဆင့်နဲ့သန့်စင်ပေးသင့်တယ်လို့ပြောထားပါတယ်။ပထမဆုံးအချက်ကတော့
oil-based product တစ်မျိုးနဲ့ သန့်စင်ပေးပြီး နောက်တစ်မျိုးကတော့ ပုံမှန်သန့်စင်ပေးနေကျ Cosmetic နဲ့သန့်စင်ပေးသင့်ပါတယ်တဲ့။အထူးသဖြင့်
အဆီပြန်ပြီးဝက်ခြံထွက်တတ်တဲ့သူတွေဆို အခုလို ပုံမှန် ၂ဆင့်သန့်စင်ပေးသင့်တယ်လို့အကြံပေးခဲ့ပါတယ်။

 

38 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.