ချစ်သူနဲ့ လက်ထပ်ပွဲလေးဆင်နွှဲခဲ့ပြီဖြစ်တဲ့ မင်းသမီးချော Gong Hyun Joo
Source:Soompi
Unicode
နာမည်ကျော်တောင်ကိုရီးယားမင်းသမီးချောလေး Gong Hyun Joo ဟာ မတ်လ ၁၆ရက်နေ့ကပဲ သူမရဲ့ချစ်သူနဲ့မင်္ဂလာလက်ထပ်ပွဲလေးကျင်းပခဲ့တယ်လို့သိရပါတယ်။
Gong Hyun Joo ရဲ့ချစ်သူဟာ သူမထက် အသက်တစ်နှစ်ကြီးပြီး အနုပညာလောကထဲကမဟုတ်ဘူးလို့လည်းသိရပါတယ်။မင်္ဂလာပွဲကို မိဘဆွေမျိုးတွေ၊အရင်းနှီးဆုံးသူငယ်ချင်းတွေကိုသာဖိတ်ကြားပြီး အကျဉ်းချုံးလက်ထပ်ပွဲလေး ကျင်းပခဲ့တာဖြစ်ပါတယ်။သူမရဲ့အေဂျင်စီ Jellyfish Entertainment က မင်းသမီး Gong Hyun Joo ရဲ့မင်္ဂလာပွဲပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ချပြခဲ့သလို Gong Hyun Jooကလည်း “ပရိသတ်တွေအများကြီးဆီက ဂုဏ်ပြုဆုတောင်းစကားတွေရလု့ိ ကျွန်မအရမ်းပျော်ရွှင်ခဲ့ရပါတယ်။ကျေးဇူးလည်းအများကြီးတင်ပါတယ်။ကျွန်မ တတ်နိုင်သေလာက် အကောင်းဆုံးဆက်ကြိုးစားသွားပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင် နေထိုင်သွားပါမယ်”ဆိုပြီး ကျေးဇူးတင်စကားလေးပြောကြားခဲ့ကြောင်းသိရပါတယ်။
Jelly Fish အေဂျင်စီကလည်း  “Gong Hyun Joo ရဲ့မင်္ဂလာပွဲအတွက်ဂုဏ်ပြုဆုတောင်းပေးကြသူတွေကို ကျွန်တော်တို့ဘက်ကလည်း စိတ်ရင်းနဲ့ကျေးဇူးတင်ရှိပါတယ်။သူမတို့ကို ဆက်ပြီးလည်းအားပေးကြပါဦး”လို့ပြောကြားခဲ့ပါတယ်။
မင်းသမီး Gong Hyun Joo ဟာ ၂၀၁၈ တုန်းက Real Life Men and Women ဇာတ်လမ်းတွဲကိုရိုက်ကူးထားပြီး Love is Drop by Drop Beating Again Hotel King You Are My Destiny စတဲ့ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အားပေးမှုကိုရရှိခဲ့သူလေးဖြစ်ပါတယ်။သူမရဲ့နောက်ထပ်အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း ဆက်ပြီးစောင့်မျှော်အားပေးကြဦးနော်
Congratulations Gong Hyun Joo and her husband!
Source:Soompi
36 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.