သရုပ်ဆောင်ပိုင်းရော၊ အဆိုဘက်မှာပါ နှစ်မျိုးစလုံး မျှတအောင် ရပ်တည်လာခဲ့တဲ့ နန်းဆုရတီစိုးနဲ့ တွေ့ဆုံခိုက် သူမရဲ့ အနုပညာလှုပ်ရှားမှုသာမက သူမရဲ့ FORWARD ရှေ့ဆက်သွားမယ် MTV ရိုက်ကူးမှု နဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘နန်းဆု အခုလတ်တလောမှာတော့ ရှိုးပွဲတွေ ဆက်တိုက် ဆိုဖြစ်ပါတယ်။ ကားရိုက်ရှိတယ်။ နန်းဆုရဲ့ FORWARD ရှေ့ဆက်သွားမယ် အခွေအတွက် MTV ရိုက်နေပါတယ်။ MTV ရိုက်တဲ့ အခါမှာ ဒီရန်ကုန်မှာလည်း ရိုက်မယ်။ နိုင်ငံခြားမှာလည်း ရိုက်ကူးမှာပါ။ ရိုက်ကူးတဲ့အခါမှာလည်း သီချင်းပေါ်မှာမူတည်ပြီး သီချင်းရဲ့ background ဦးစားပေးဖြစ်သွားမယ်။ အဓိကကတော့ presentationဆန်းချင်လို့ပေါ့။ နိုင်ငံခြားမှာ တရားဝင် ရိုက်ကူးသွားမယ်ဆိုတာက အရင်က ကိုယ်လည်း နိုင်ငံခြားမှာ ခဏခဏသွားရိုက်ခဲ့ ဖူးးတော့ တရားဝင်ခွင့် ပြုချက်မယူပဲ ရိုက်ကူးရတာ အခက်အခဲနည်းနည်းများတာပေါ့။ မင်းသား၊ မင်းသမီးတွေကလည်း ခိုးရိုက်ရတာမျိုးတွေရှိလာတော့ သက်တောင့်သက်တာ မဖြစ်ဘူး။ အဆင်မပြေဘူး။ ပြေးလွှားပြီး ရိုက်နေရတာပေါ့။ ကိုယ်က ကင်မရာအကြီးကြီးတွေနဲ့ ကိုယ်ရိုက်ချင် တဲ့နေရာတိုင်းမှာ ချပြီးတော့ မရိုက်နိုင်ဘူး။ ကင်မရာအသေးလေးတွေနဲ့ လူများတဲ့ နေရာတွေမှာ ရိုက်ကြရတယ်။ အဲဒီကြတော့ resolution မတူတာတို့၊ HD ကွာလတီမရှိတာတို့၊ ကျတာတို့ ဖြစ်တာပေါ့နော်။ အဲဒီလိုတွေရှိတဲ့ အတွက်ကြောင့်မို့လို့ ပိုပြီးတော့ ကောင်းအောင် ဆိုပြီးတော့ စဉ်းစားတာပါ။ အဲဒီလို တရားဝင်ခွင့်ပြုချက်တွေသာ ရထားမယ်ဆိုရင် သူတို့ပေးတဲ့ နေရာတွေမှာ၊ ကိုယ်ရိုက်ချင်တဲ့ နေရာတွေမှာ ကောင်းကောင်းမွန်မွန်ရိုက် လို့ရမယ်။ အေးအေးဆေးဆေး သက်တောင့်သက်သာပြီးရင် ကင်မရာ resolution ကောင်းကောင်းနဲ့ရိုက်လို့ရမယ်။ အဆင်ပြေမှု တွေ အများကြီးဖြစ်လာမယ်လို့ ယုံကြည်လို့ တရားဝင် ရိုက်မယ်လို့ ဆုံးဖြတ်လိုက်တာပါ’လို့ သူမက ပြောပြခဲ့ပါတယ်။
FORWARD ရှေ့ဆက်သွားမယ် MTV ကိုနိုင်ငံခြားမှာ တရားဝင်ရိုက်ကူးသွားမယ်လို့ ဆိုတဲ့ အဆိုတော်၊ သရုပ်ဆောင် နန်းဆုရတီစိုး

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။