တစ်ချိန်တည်းမှာပဲ ပျော်လိုက်၊ ဝမ်းနည်းလိုက်ဖြစ်နေသူတွေ အသေးစားစိတ်ရောဂါရှိသူတွေဖြစ်

စိတ်ဆိုတာ အချိန်ထက်တောင် မြန်ပါသေးတယ်။ တစ်ခဏလေးအတွင်းမှာပဲ တစ်နေရာသွားမယ်လို့
တွေးမိနေချိန် နောက်ထပ် ဘာစားရင်ကောင်းမလဲလို့ ချက်ချင်းတန်းစဉ်းစားနိုင်တာမျိုးပေါ့။
ဒီလိုပါပဲ တစ်ချိန်တည်းမှာ စိတ်ကပျော်လိုက်၊ ဝမ်းနည်းလိုက်ဖြစ်နေတာဟာ အသေးစား စိတ်ရောဂါရဲ့လက္ခဏာပါပဲ။

Image result for alone

ဖွင့်မပြောပဲ အရာရာတိုင်းကို မြိုသိပ်ထားသူတွေအနေနဲ့ ပိုအဖြစ်များပါတယ်။ ရင်ထဲမှာ သိမ်းထားတာ
တွေများတော့ စိတ်တွေဂယောက်ဂယက်ဖြစ်လာတတ်ပါတယ်။ အတွေးတွေများပြီး အဆင်ပြေသွားမှာဆိုပြီး ကိုယ့်ကိုကိုယ် နှစ်သိမ့်လိုက် ၊ ကျေနပ်လိုက်နဲ့ … တစ်ချိန်တည်းမှာပဲ ဟင့်အင်း… ငါအဆင်မပြေဘူး… ပင်ပန်းနေပြီဆိုပြီး ဝမ်းနည်းနေတာမျိုး။

တစ်ခါတစ်လေကျရင်လည်း စိတ်တွေ ဟိုးအောက်ဆုံးထိရောက်နေပြီး လမ်းပျောက်နေသလို
ခံစားနေရတတ်တယ်။ တစ်ခါတစ်လေတော့လည်း သူဟာ အရာအားလုံးကို ကျော်ဖြတ်နိုင်သူ
တစ်ယောက်လို သတ္တိတွေရှိနေပြန်တတ်တယ်။

Image result for alone in bed

ဒီလိုစိတ်အတက်ကျဖြစ်နေတာကို ထိန်းချုပ်ချင်တယ်။ ငြိမ်းချမ်းချင်တယ်ဆိုရင်တော့
တရားထိုင်ပါ။ စာအုပ်ဖတ်ပါ။ အလုပ်များများလုပ်ပါလို့သာ ပြောချင်ပါတယ်။ မဟုတ်တဲ့ အတွေးတွေ
မဝင်လေ မင်းအတွက်ကောင်းလေပါပဲ။ တရားထိုင်ဖို့ကို ပျင်းနေလည်း ကြိုးစားပြီး
အချိန်ယူကြည့်ပါ။ ပထမရက်မှာ ၁၅မိနစ်လောက်ကနေ စမယ်။ ဒုတိယနေ့ဆို နာရီဝက် ၊
နောက်နေ့တွေ တစ်နာရီ.. အဲ့ဒီလို ကိုယ်တတ်နိုင်သလောက် အချိန်ကို တိုးတိုးပြီး ထိုင်သွားပေးပါ။

Image result for meditation

တဖြည်းဖြည်းနဲ့ စိတ်တွေငြိမ်းချမ်းလာပြီး တော်ရုံ ဒေါသဖြစ်မလွယ်ဘူး။ မတုန်လှုပ်တော့ဘူး။
အကောင်းမြင်စိတ်လေးတွေ တိုးပွားလာမယ်။ ရလဒ်ကတော့ အရမ်းကို စိတ်ချမ်းသာရပါလိမ့်မယ်။

13 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.