BMW i3 လျှပ်စစ်ကားဟာ Samsung Galaxy Gear စမတ်နာရီနဲ့ တွဲသုံးလို့ရမယ့် အထူး app တစ်ခုကို တင်ပြမယ်လို့ BMW က ၂၀၁၄ခုနှစ်၊ CES အီလက်ထရောနစ်ပြပွဲကြီးမှာ ကြေညာသွားပါတယ်။
i3 ယာဉ်မောင်းတွေဟာ ကားဘက်ထရီဘယ်လောက်ကျန်တယ်ဆိုတာကို Galaxy Gear နဲ့ စစ်ဆေးနိုင်မှာဖြစ်ပြီး BMW iRemote App ကိုသုံးပြီး ကားရှိရာနေရာဆီကို လမ်းကြောင်းပြပေးနိုင်ပါတယ်။ ကားကြံ့ခိုင်ရေး စစ်ဆေးတာ၊ Galaxy Gear မျက်နှာပြင်ကို တို့လိုက်တာနဲ့ heat or AC ဖွင့်ဖို့အတွက် ထပ်ဆင့်မီနူး သုံးခွင့်ရတာ၊ ပြူတင်းပေါက် ဖွင့်ထားလား၊ ပိတ်ထားလား စစ်ဆေးတာ မျိုးတွေလဲ လုပ်လို့ရပါတယ်။
BMW Galaxy Gear app ဟာ စိတ်ဝင်စားဖို့ကောင်းပေမယ့် ဒီဝတ်ဆင်ရ (wearable) နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဟာ ပထမဆုံးတော့မဟုတ်ပါဘူး။ ဒီနှစ် CES အီလက်ထရောနစ်ပြပွဲကြီးမှာ တခြား ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း တွေ့ခဲ့ရပါသေးတယ်။
Mercedes-Benz ဟာလည်း Pebble စမတ်နာရီနဲ့ အလားတူ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လောင်စာဆီဘယ်လောက် ကျန်သေးတယ်၊ ဘယ်နားမှာ ပါကင်ထိုးထားတယ် ဆိုတာတွေကို စစ်ဆေးနိုင်တယ်လို့ သိရပါတယ်။ လမ်းပေါ်မောင်းနေတုန်းမှာလည်း ပတ်ဝန်းကျင် ယာဉ်အသွားအလာတွေနဲ့ ရှေ့မှာကြုံတွေ့နိုင်တဲ့ အန္တရာယ် သတိပေးဖို့အတွက် တုန်ခါသွားတာမျိုးနဲ့ ကူညီပေးနိုင်ပါတယ်။ နာရီပေါ်မှာရှိတဲ့ ခလုတ်ကိုနှိပ်ပြီး Siri ကိုဖွင့်ပြီး အသံနဲ့ထိန်းတာ၊ သွားမယ့်နေရာ လမ်းကြောင်းပြတာမျိုးတွေ လုပ်လို့ရပါတယ်။
Ref:USATODAY