စိတ်ပညာရှင်တွေပြောတဲ့ လူတစ်ယောက်ကိုပိုပြီးဆွဲဆောင်မှုရှိစေတဲ့အချက်တွေ…
Ref:Relrules
Unicode
မိန်းကလေးတစ်ယောက်ဆွဲဆောင်မှုရှိတယ်။ယောကျ်ားလေးတစ်ယောက်ဆွဲဆောင်မှုရှိတယ်ဆိုတာ ရုပ်ရည်သွင်ပြင်တစ်ခုတည်းနဲ့ဆုံးဖြတ်လို့မရပါဘူး။အမှတ်မထင်သူပြုမူလိုက်တဲ့အမူအရာ၊အပြုအမူလေးတွေကလည်း သူ့ကို ဆွဲဆောင်မှုပိုရှိသွားစေပါတယ်။စိတ်ပညာရှင်တွေကတော့ဒီအချက်တွေက တစ်ဖက်လူအမြင်မှာ ပိုပြီးဆွဲဆောင်မှုရှိစေတယ်လို့ ပြောထားပါတယ်။
*ပွင့်လင်းဖော်ရွေပြီးအကောင်းမြင်စိတ်ရှိခြင်းသိပ္ပံပညာရှင်တွေဟာ ပွင့်လင်းဖော်ရွေပြီးအကောင်းမြင်စိတ်ရှိသူတွေဟာ ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ပြောထားပါတယ်။ဘာလို့လဲဆိုရင်သူတို့ကစိတ်ခံစားချက်ကိုပွင့်လင်းစွာဖော်ပြပြီးအကောင်းမြင်စိတ်နဲ့လောကကြီးကိုကြည့်တဲ့အတွက် အမြဲတမ်းသက်တောင့်သက်သာပေါ့ပေါ့ပါးပါးနဲ့ပျော်ရွှင်နေကြလို့ပါပဲ။များများပြုံးတယ်။များများရယ်တယ်။ဒါက တစ်ပါးသူကိုကူးစက်စေပြီး ချစ်ခင်ရင်းနှီးမှုကိုတိုးပွားစေပါတယ်။
*တစ်ယောက်နဲ့တစ်ယောက်အမြင်တွေကိုဖလှယ်ခြင်းတစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှုပိုချင်ရင် အမြင်ချင်း၊စိတ်ခံစားချက်ချင်းဖလှယ်ကြည့်ပါ။နှစ်ယောက်ကြားက အမြင်တွေကိုဆွေးနွေးကြည့်ပါ။ကိုယ်သိထားတာတွေ၊သူသိထားတာတွေကို ပြန်ပြီးမျှဝေပါ။ဒါကတစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာစေပြီး ကိုယ့်အပေါ်လည်းယုံကြည်စိတ်ချမှုပိုရှိလာပါတယ်။
*တစ်ဖက်လူနာမည်ကိုမကြာခဏထည့်ပြောပါနောက်ဆုံးအချက်ကတော့တစ်ဖက်သားရဲ့နာမည်ကို မကြာခဏထည့်ပြောပါ။ဒါက ကိုယ့်ကိုပိုပြီးသတိထားမိသွားစေသလို တစ်ဖက်ကကြည့်ရင်လည်းသူတို့နာမည်ကိုအလေးထားမှတ်မိတယ်ဆိုတဲ့ခံစားချက်ဖြစ်စေပါတယ်။လေးနက်တဲ့စကားတစ်ခွန်းခွန်းပြောချင်တဲ့အခါ နာမည်ကိုတိုက်ရိုက်ထည့်သုံးပြောဆိုပေးတာက ကိုယ့်အပေါ်လည်းပိုပြီးအာရုံစူးစိုက်လာစေပါတယ်။
ဒီအချက်လေးတွေက တစ်ဖက်လူရဲ့မျက်စိထဲမှာ ဆွဲဆောင်မှုရှိနေမယ့်အချက်လေးတွေပဲဖြစ်ပါတယ်။
Ref:Relrules
97 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.