ခ်စ္သူနဲ႔လမ္းခြဲျပီးတဲ႔ေနာက္ ဘာေတြမလုပ္သင့္ဘူးလဲ?

အသည္းကြဲတာကုိကုစားရတဲ႔အလုပ္ဟာ ဘယ္တုန္းကမွမလြယ္ကူခဲ႔ပါဘူး။ဟုတ္တယ္ဟုတ္! ကုိယ္ခ်စ္ရတဲ႔သူနဲ႔
လမ္းခြဲျပီးတဲ႔အခ်ိန္ဟာ ကုိယ့္ဘ၀ထဲက တစ္ခုခုလစ္ဟာသြားသလို ခံစားၾကရမွာပါပဲ။ေျပာရမယ္ဆုိရင္ေတာ့ အဲ႔ဒီလုိအခိ်န္ဟာ အမွားအယြင္း
အလုပ္မိဆံုးအခိ်န္ပါပဲ။ျပီးမွ ေနာင္တမရေစဖုိ႔ ခ်စ္သူနဲ႔လမ္းခြဲျပီးတဲ႔အခါ ဘာေတြမလုပ္သင့္ဘူးလဲဆုိတဲ႔အေၾကာင္း ေ၀မ်ွေပးလိုက္ပါတယ္။

*ဖုန္းခဏခဏဆက္တာ၊မက္ေဆ့ခ်္ပို႔တာမ်ိဳး
ကုိယ္နဲ႔ျပတ္စဲထားတဲ႔ခ်စ္သူေဟာင္းကုိ ဖုန္းခဏခဏဆက္တာ၊မက္ေဆ့ခ်္ပို႔တာမ်ိဳးဟာ မေကာင္းေတာ့ပါဘူး။ကိုယ့္ဘက္ကသံေယာဇဥ္မျပတ္ႏိုင္လို႔
ဆုိေပမဲ႔ တစ္ဖက္လူအတြက္္ေတာ့ ဒါက အေႏွာင့္အယွက္တစ္ခုျဖစ္သြားပါျပီ။သူ႔ဘက္က စာျပန္မပုိ႔တဲ႔အခါ ကိုယ္ပဲ၀မ္းနည္းရတာမဟုတ္လား။

*သူေနာက္တစ္ေယာက္ရသြားလု႔ိ ကုိယ္လည္းေနာက္တစ္ေယာက္ေကာက္ထားလုိုက္တာမ်ိဳး
အရြဲ႔တိုက္တဲ႔အေနနဲ႔ သူေနာက္တစ္ေယာက္ရရင္ ငါလညး္ေနာက္တစ္ေယာက္ထားျပမယ္ဆုိတာမ်ိဳးက ကုိယ့္အတြက္ေရာ ေနာက္ခ်စ္သူေကာင္ေလး
အတြက္ပါမေကာင္းပါဘူး။အထူးသျဖင့္ကုိယ္က ရြဲ႔ခ်င္ေဇာနဲ႔ထားလိုက္ေပမဲ႔ အဲ႔ဒီသူက ကုိယ့္ကုိတကယ္ခ်စ္ေနတဲ႔အခါ သူ႔ကုိစိတ္ဒဏ္ရာေပးသလို
ျဖစ္ေစပါတယ္။ဒါေၾကာင့္ အရင္ဆံုး ကုိယ့္စိတ္ကုိယ္တည္ျငိမ္ေအာင္ထားသင့္ပါတယ္။

*အရက္ကုိအျမဲလိုလိုေသာက္ေနတာမ်ိဳး
အရက္ေသာက္ရင္ေမ့တယ္ဆုိတာ ခဏတာပါပဲ။ျပီးရင္ ျပန္သတိရေနဦးမွာပါ။ဒါေၾကာင့္ အရက္ေသာက္ရင္ေမ့တယ္ဆုိတဲ႔အေၾကာင္းျပခ်က္နဲ႔
ေန႔စဥ္လုိလိုေသာက္ျဖစ္ေနမယ္ဆုိရင္ အရက္စြဲတာသာ သင့္မွာအဖတ္တင္သြားပါလိမ့္မယ္။တစ္ခါတစ္ရံထက္ပုိတဲ႔ အရက္ေသာက္ျခင္းေတြက
သင့္ကုိ အသည္းကြဲဒဏ္ရာမေပ်ာက္ေစပါဘူး။

*အစားပဲစားေနတာမ်ိဳး
လူေတာ္ေတာ္မ်ားမ်ားက စိတ္ညစ္ရင္အစားနဲ႔ေျဖေဖ်ာက္ေလ့ရွိပါတယ္။ဒါက ေကာင္းပါတယ္။အစားစားလုိက္ေတာ့ စိတ္သက္သာရာရသြားတာေပါ့။ဒါေပမဲ႔
အျမဲလိုလုိ အစားနဲ႔ပါးစပ္နဲ႔မျပတ္ပဲျဖစ္ေနမယ္ဆုိရင္ေတာ့ သင့္ရ႔ဲလွပေနတဲ႔ခႏၶာကုိယ္ေလးကုိဖ်က္ဆီးမိသလိုုျဖစ္ျပီး က်န္းမာေရးကုိလည္းထိခိုက္လာ
ေစႏုိင္ပါတယ္။ဒီလိုအသည္းကြဲေနတဲ႔အခ်ိန္လုပ္သင့္တာက ကုိယ့္ကုိယ့္ကုိယ္ပိုလွေအာင္သေနဖုိ႔ပါပဲ

*သူ႔အေၾကာင္းကုိ အျမဲစံုစမ္းေနတာမ်ိဳး
ဘာလုပ္မွာလဲ ျပတ္စဲျပီးသားလူတစ္ေယာက္အေၾကာင္းကုိ အျမဲဲစံုစမ္းေနတာဟာ ကုိယ့္စိတ္ကုိယ္ စိတ္ညစ္ေအာင္လုပ္ေနတာနဲ႔အတူတူပါပဲ။
သူ႔အေၾကာင္းေတြစံုစမ္းမယ္။သူနဲ႔တြဲေနတဲ႔ေကာင္မေလးအေၾကာင္းစံုစမ္းမယ္ ျပီးရင္ ကုိယ့္ကုိယ့္ကုိယ္အျပစ္တင္မယ္။၀မ္းနည္းမယ္။ငိုမယ္။
စိတ္ညစ္စရာေတြျပန္ေတြးေနမယ္ဆုိရင္ ကုိယ့္စိတ္ကေလး ညစ္ႏြမ္းပါတယ္ေနာ္။ဒါက စိတ္ဖိစီးမႈေတြပါ၀င္လာေစမွာပါ။ဒါေၾကာင့္သူ႔အေၾကာင္း
အျမဲစံုစမ္းေနတာမ်ိဳးေတြမလုပ္ပါနဲ႔ေတာ့။

ခ်စ္သူနဲ႔လမ္းခြဲျပီးတဲ႔အခ်ိန္ကာလအတုိင္းအတာတစ္ခုထိကေတာ့ ေၾကကြဲ၀မ္းနည္းေနရဦးမွာပါပဲ။ဒါေတြကုိ ကုိယ့္အတြက္
ေကာင္းမြန္ေစတဲ႔အရာေတြနဲ႔အစားထုိးျပီးျဖတ္သန္းဖို႔လိုပါတယ္။အေပၚက အခ်က္ေတြအတိုင္းေတာ့ မလုပ္မိေစနဲ႔ေနာ္

Unicode

အသည်းကွဲတာကိုကုစားရတဲ့အလုပ်ဟာ ဘယ်တုန်းကမှမလွယ်ကူခဲ့ပါဘူး။ဟုတ်တယ်ဟုတ်! ကိုယ်ချစ်ရတဲ့သူနဲ့လမ်းခွဲပြီးတဲ့အချိန်ဟာ ကိုယ့်ဘဝထဲက တစ်ခုခုလစ်ဟာသွားသလို ခံစားကြရမှာပါပဲ။ပြောရမယ်ဆိုရင်တော့ အဲ့ဒီလိုအချိန်ဟာ အမှားအယွင်းအလုပ်မိဆုံးအချိန်ပါပဲ။ပြီးမှ နောင်တမရစေဖို့ ချစ်သူနဲ့လမ်းခွဲပြီးတဲ့အခါ ဘာတွေမလုပ်သင့်ဘူးလဲဆိုတဲ့အကြောင်း ဝေမျှပေးလိုက်ပါတယ်။

*ဖုန်းခဏခဏဆက်တာ၊မက်ဆေ့ချ်ပို့တာမျိုးကိုယ်နဲ့ပြတ်စဲထားတဲ့ချစ်သူဟောင်းကို ဖုန်းခဏခဏဆက်တာ၊မက်ဆေ့ချ်ပို့တာမျိုးဟာ မကောင်းတော့ပါဘူး။ကိုယ့်ဘက်ကသံယောဇဉ်မပြတ်နိုင်လို့ဆိုပေမဲ့ တစ်ဖက်လူအတွက်တော့ ဒါက အနှောင့်အယှက်တစ်ခုဖြစ်သွားပါပြီ။သူ့ဘက်က စာပြန်မပို့တဲ့အခါ ကိုယ်ပဲဝမ်းနည်းရတာမဟုတ်လား။

*သူနောက်တစ်ယောက်ရသွားလု့ိ ကိုယ်လည်းနောက်တစ်ယောက်ကောက်ထားလိုက်တာမျိုးအရွဲ့တိုက်တဲ့အနေနဲ့ သူနောက်တစ်ယောက်ရရင် ငါလည်းနောက်တစ်ယောက်ထားပြမယ်ဆိုတာမျိုးက ကိုယ့်အတွက်ရော နောက်ချစ်သူကောင်လေးအတွက်ပါမကောင်းပါဘူး။အထူးသဖြင့်ကိုယ်က ရွဲ့ချင်ဇောနဲ့ထားလိုက်ပေမဲ့ အဲ့ဒီသူက ကိုယ့်ကိုတကယ်ချစ်နေတဲ့အခါ သူ့ကိုစိတ်ဒဏ်ရာပေးသလိုဖြစ်စေပါတယ်။ဒါကြောင့် အရင်ဆုံး ကိုယ့်စိတ်ကိုယ်တည်ငြိမ်အောင်ထားသင့်ပါတယ်။

*အရက်ကိုအမြဲလိုလိုသောက်နေတာမျိုးအရက်သောက်ရင်မေ့တယ်ဆိုတာ ခဏတာပါပဲ။ပြီးရင် ပြန်သတိရနေဦးမှာပါ။ဒါကြောင့် အရက်သောက်ရင်မေ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့နေ့စဉ်လိုလိုသောက်ဖြစ်နေမယ်ဆိုရင် အရက်စွဲတာသာ သင့်မှာအဖတ်တင်သွားပါလိမ့်မယ်။တစ်ခါတစ်ရံထက်ပိုတဲ့ အရက်သောက်ခြင်းတွေက သင့်ကို အသည်းကွဲဒဏ်ရာမပျောက်စေပါဘူး။

*အစားပဲစားနေတာမျိုးလူတော်တော်များများက စိတ်ညစ်ရင်အစားနဲ့ဖြေဖျောက်လေ့ရှိပါတယ်။ဒါက ကောင်းပါတယ်။အစားစားလိုက်တော့ စိတ်သက်သာရာရသွားတာပေါ့။ဒါပေမဲ့အမြဲလိုလို အစားနဲ့ပါးစပ်နဲ့မပြတ်ပဲဖြစ်နေမယ်ဆိုရင်တော့ သင့်ရဲ့လှပနေတဲ့ခန္ဓာကိုယ်လေးကိုဖျက်ဆီးမိသလိုဖြစ်ပြီး ကျန်းမာရေးကိုလည်းထိခိုက်လာစေနိုင်ပါတယ်။ဒီလိုအသည်းကွဲနေတဲ့အချိန်လုပ်သင့်တာက ကိုယ့်ကိုယ့်ကိုယ်ပိုလှအောင်သနေဖို့ပါပဲ

*သူ့အကြောင်းကို အမြဲစုံစမ်းနေတာမျိုးဘာလုပ်မှာလဲ ပြတ်စဲပြီးသားလူတစ်ယောက်အကြောင်းကို အမြဲစုံစမ်းနေတာဟာ ကိုယ့်စိတ်ကိုယ် စိတ်ညစ်အောင်လုပ်နေတာနဲ့အတူတူပါပဲ။သူ့အကြောင်းတွေစုံစမ်းမယ်။သူနဲ့တွဲနေတဲ့ကောင်မလေးအကြောင်းစုံစမ်းမယ် ပြီးရင် ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်မယ်။ဝမ်းနည်းမယ်။ငိုမယ်။စိတ်ညစ်စရာတွေပြန်တွေးနေမယ်ဆိုရင် ကိုယ့်စိတ်ကလေး ညစ်နွမ်းပါတယ်နော်။ဒါက စိတ်ဖိစီးမှုတွေပါဝင်လာစေမှာပါ။ဒါကြောင့်သူ့အကြောင်းအမြဲစုံစမ်းနေတာမျိုးတွေမလုပ်ပါနဲ့တော့။

ချစ်သူနဲ့လမ်းခွဲပြီးတဲ့အချိန်ကာလအတိုင်းအတာတစ်ခုထိကတော့ ကြေကွဲဝမ်းနည်းနေရဦးမှာပါပဲ။ဒါတွေကို ကိုယ့်အတွက်ကောင်းမွန်စေတဲ့အရာတွေနဲ့အစားထိုးပြီးဖြတ်သန်းဖို့လိုပါတယ်။အပေါ်က အချက်တွေအတိုင်းတော့ မလုပ်မိစေနဲ့နော်

23 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.