မင်းအပေါ် သူအပျော်စိတ်ကစားနေလား ခွဲခြားသိနိုင်ဖို့

တစ်ခါတစ်လေကျရင် ကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်နေပေမယ့် သူများရဲ့လှည့်စားခြင်းကို ခံလိုက်ရတဲ့
အချိန်တွေရှိခဲ့ဖူးမှာပါ။ ခဏတာ စိတ်ကစားတဲ့လူတွေဆီမှာ သာယာမိနေပြီလား။
သူ့ရဲ့အပြောဆို အပြုမူတွေအောက်မှာ ကျရှုံးခဲ့ပြီးမှ သူပေးခဲ့တာတွေဟာ အစစ်မှန်မဟုတ်မှန်း
သိလိုက်ရချိန် နှစ်ဆပိုနာကျင်ရပါတယ်။

Image result for people fake love

သူတို့ မင်းကိုလာပြီး လှည့်ဖြားတာဟာ အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။ သေချာတာကတော့
ဘယ်သူ့ကိုမှ စိတ်နှစ်ပြီး မယုံကြည်မိဖို့ပဲ ပြောချင်ပါတယ်။ များသောအားဖြင့်တော့
စိတ်ကစားတတ်တဲ့သူတွေဟာ စိတ်ထဲမပါတဲ့ အပြောချိုတွေ ၊ အပြုမူတွေ၊ မထင်မှတ်ထားတဲ့
အချိန်တွေမှာ မင်းစိတ်လှုပ်ရှားသွားအောင် ပေါ်လာတတ်ပြီး အချို့ အချိန်တွေမှာလည်း
ပျောက်နေတတ်ပါတယ်။

Image result for people fake love

အဓိကကတော့ သူက မင်းကိုလိုသုံးအဖြစ် အသုံးချနေခဲ့တာပါပဲ။ သူလိုတဲ့အချိန် မင်းဆီရောက်လာ
မယ်။ မလိုတော့ရင်တော့ ဘာမှကိုအဖက်မလုပ်တာမျိုးပေါ့။ ဒီလိုလူအပေါ် ချစ်မိနေပြီဆိုရင်
မင်းတစ်သက်လုံး ၀မ်းနည်းပူဆွေးနေရတော့မယ်။ သူဟာ ကိုယ့်ကို အချိန်ခဏတာအတွက် အသုံးချ
နေတာမျိုး အဖြစ်မခံပါနဲ့။ သူဘယ်အချိန်ရောက်လာပါစေ.. မင်းဘက်က အမြဲနွေးထွေးပေးခဲ့ပေမယ့်
မင်းလိုအပ်နေချိန်ကြ သူမှ မရှိတာ။ ဒါကို အချစ်လို့ မသတ်မှတ်သင့်တော့ဘူးလေ။
ဒါကို အချစ်လို့ မခေါ်ဘူး။

ကိုယ့်ကိုလိုသုံးအဖြစ် ခဏတာအသုံးချနေသူဆီကနေ အမြန်လွတ်မြောက်ပါစေနော်…

98 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.