ဆက်ဆံရခက်တဲ့လူတွေနဲ့ ဘယ်လိုအဆင်ပြေအောင် ပေါင်းသင်းမလဲ

ဆက်ဆံရခက်တဲ့လူတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်။ ဒီလူတွေထဲမှာ
မင်းရဲ့ဘောစိ ၊ လုပ်ဖော်ကိုင်ဖက် ၊ အတန်းဖော်နဲ့ သူငယ်ချင်း ၊ မိဘတွေလည်း ပါနိုင်ပါတယ်။

ဒီလိုလူတွေနဲ့ နေ့တိုင်းတွေ့နေ၊ အလုပ်လုပ်နေရတော့ ဘယ်လိုပဲဖြစ်ဖြစ် ဆက်ဆံရတော့မှာပါပဲ။
စကားပြောတာ ဘုဂလန့်လုပ်ရင်လုပ် ၊ မဟုတ်ရင် ပြောချင်သလိုမပြောချင်သလို လုပ်ပါလိမ့်မယ်။
မင်းစိတ်တိုရမှာပါ။ ဘယ်တတ်နိုင်မလဲ ။ ဒီလိုလူတွေနဲ့ စမတ်ကျကျ ပေါင်းသင်းဆက်ဆံနိုင်ဖို့အတွက်
ဒီနည်းလေးတွေ လိုပါတယ်။

Related image

သူတို့ကို မှန်လိုတော့ ပြန်မဆက်ဆံပါနဲ့။ ကိုယ်လည်း ဒီလိုလူမျိုးတော့ အဖြစ်ခံဖို့မလိုဘူးလေ။
ပြောစရာရှိတာ ပြော ၊ လုပ်စရာရှိတာ လုပ်ပါ။ သူက မင်းပြောထားတဲ့ အလုပ်ကိုလက်မခံဘူး ၊
နားမလည်သလိုလုပ်နေတယ်ဆိုရင် အလုပ်က အလုပ်ကိစ္စသက်သက်ရှိတယ်ဆိုတာ သေချာရှင်းပြပါ။

ပြီးတော့ ချိုချိုသာသာ စကားပြောတတ်ဖို့လိုပါတယ်။ လူတိုင်းက ချိုသာတာကို သဘောကျတယ်လေ။
ပေါင်းသင်းဆက်ဆံရခက်သူတွေဟာ သူတို့ကိုလေချိုသွေးရင်တော့ အနည်းနဲ့အများ နားဝင်ပြီး
မင်းကို အဆင်ပြေပြေ စကားပြန်ပြောပါလိမ့်မယ်။ မင်းကသာ အမြဲနွေးထွေးနေမယ်ဆိုရင် သူလည်း
ဘယ်လောက်ထိ အေးစက်နိုင်မှာလဲ ..ဟုတ်တယ်မလား။

Related image

နောက်ပြီး ကိုယ့်ကိုကိုယ်သာ အာရုံစိုက်ပါ။ ဒီလိုလူတွေ မင်းကိုဘယ်လိုတုံ့ပြန်တယ်ဆိုတာ စိတ်ထဲ
မထားပါနဲ့။ ဒါတွေ စိတ်ထဲရှိနေရင် အင်အားကုန်စေပါတယ်။ သူ့ရဲ့အဆိုးမြင်စိတ်က ကိုယ့်ဆီပါ
ကူးစက်စေတယ်။ ဒါကြောင့် ကိုယ်ဟာ သူ့လိုမဖြစ်အောင်နေထိုင်ပါ။
ကိုယ်ဟာ သူတို့ရဲ့တုံ့ပြန်မှုကို ဂရုမစိုက်လေ ပိုပြီးအဆင်ပြေအောင် ပေါင်းသင်းနိုင်လေပါပဲ။

55 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.